ငယ်​စဉ်​အခါက သူမရိုက်ကူးခဲ့ဖူးသမျှကြော်ငြာတွေအားလုံးကို စာရင်းစာအုပ်ထဲရေးမှတ်ထား​သော ပရိတ်သတ်ကြောင့် အံသြဝမ်းသာနေရှာတဲ့ တချိန်ကကြော်ငြာဘုရင်မ ထက်ထက်မိုးဦး (ရုပ်သံ)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
အနုပညာသက်တမ်း (၃၀)ကျော်အတွင်း သူမရိုက်ကူးခဲ့သမျှကြော်ငြာတွေစာရင်းတွေးကို စာအုပ်ထဲရေးမှတ်ထားတဲ့ ပရိတ်သတ်ကြောင့် အံသြဝမ်းသာနေတဲ့ တချိန်က ကြော်ငြာဘုရင်မ ထက်ထက်မိုးဦး။
ကြော်ငြာဘုရင်မတစ်ယောက်လို့ ပရိသတ်တွေက တင်စားရတဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ လျှောက်ငြာပေါင်း (၁၄၀၀) ကျော်ကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။
ထက်ထက်မိုးဦးက ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာလည်း အောင်မြင်မှုရရှိခဲ့ပြီး အကယ်ဒမီဆုကြီးနှစ်ဆုကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာ ထက်ထက်မိုးဦးက အသက်ငါးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့်
သူမကို အားပေးကြတဲ့ ပရိသတ်တွေကတော့ အရင်ကထက်မနည်း ရှိနေကြဆဲ ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ပရိသတ်တွေထဲက တစ်ယောက်ဟာ သူမရိုက်ဖူးသမျှ ကြော်ငြာသီချင်းတွေကို စာအုပ်ထဲမှာရေးမှတ်ထားပြီး
သိမ်းဆည်းထားတဲ့အကြောင်းကိုထက်ထက်မိုးဦး မှအခုလိုပဲ ပြောပြလာပါတယ်။ ထက်ရဲ့ ကြော်ငြာသီချင်းတွေ ဒီလိုရေးမှတ်ထားတာ အခုချိန်ထိ သိမ်းဆည်းနိုင်တာ ဘာပြောရမှန်းမသိအောင် အနုပညာ သက်တမ်း နှစ် ၃၀ ကျော်ထိတောင်
ပရိတ်သတ်တွေရဲ့ မေတ္တာတွေ တွေ့မြင်နေရတာ ခုချိန်ထိ အာပေးတာ ကျေးဇူးတင်ပါတယ် မေတ္တာတွေလည်းအမြဲပို့ပါတယ် ဆိုပြီး ဝမ်းသာ ပီတိဖြစ်စွာ ပြောလာပါတယ်။ ထက်ထက်မိုးဦးကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ
အခုလိုသူမကိုချစ်တဲ့ပရိသတ်တွေကို မတူညီတဲ့ပုံစံမျိုးစုံနဲ့တွေ့ရတဲ့အခါ အရမ်းလည်း အံ့သြရသလို ရင်ထဲမှာလည်း ပြောမပြတတ်အောင် ဝမ်းသာနေရှာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ချစ်တဲ့ ထက်ထက်တစ်ယောက်
ဒီထက်မကအနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်