ျမန္မာႏုိင္​ငံရဲ႕ လက္​႐ွိျပင္​းထန္​စြာၾကဳံ​ေတြ႔​ေနရ​ေသာ ကိုဗစ္တိုက္ပြဲအတြက္ ႏိုင္ငံတကာမွ ေဒၚလာသန္း ၈၀ ေထာက္ပံ့လိုက္ျခင္းနဲ႔ ေနာက္ဆုံးရသတင္းမ်ား

ပိုးကူးစက္မႈခံရတဲ့ က်န္းမာေရးဝန္ထမ္းေတြကို သီးသန္႔ထားရွိကုသမွာျဖစ္ပီး အဲဒီလို ကုသႏိုင္ဖို႔ ရန္ကုန္အေထြေထြေရာဂါကုေဆး႐ုံသစ္ႀကီးနဲ႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ျပင္ဆင္ေနပါပီ။ လိုအပ္တဲ့ ေဆးပစၥည္းေတြ ဝယ္ယူဖို႔ ဂ်ပန္ႏိုင္ငံက ေပးတဲ့ ေဒၚလာ ၂၇ သန္း အပါအဝင္

အျပည္ျပည္ဆိုင္ရာက ေထာက္ပံ့ေငြ ေဒၚလာ သန္း ၈၀ ေက်ာ္အထိ ရရွိထားပါတယ္။ အစိုးရကလဲ က်ပ္ ဘီလီယံ ၂၆၇ ေက်ာ္ ထပ္မံေထာက္ပံ့ထားပါတယ္။ သတိေပးခ်င္တာတခုက အခုအခါ အြန္လိုင္းမွာ ေရာင္းခ်ေနတဲ့ ဗိုင္းရပ္စစ္ေဆးႏိုင္တယ္ဆိုတဲ့ တက္စ္ကစ္ေတြဟာ လုံးဝ

မသုံးသင့္ပါဘူး။ မဝယ္သင့္ပါဘူး။ အဲဒါေတြက Antibody ကို စစ္တာျဖစ္ပီး အမွားအယြင္း အလြန္မ်ားပါတယ္။ ကိုဗစ္ ကာလအစမွာ စပိန္နဲ႔ နယ္သာလန္က တ႐ုတ္ကေန အမ်ားႀကီးမွာယူခဲ့ေပမယ့္ ေနာက္ဆုံးေတာ့ ျပန္လည္ေပးပို႔ခဲ့ရပါတယ္။ ဒါေၾကာင့္ လုံးဝ မဝယ္ၾကပါနဲ႔။

က်န္းမာေရးဝန္ႀကီးဌာနက ဝယ္ယူထားတာကေတာ့ WHO က အသိအမွတ္ျပဳလိုက္တဲ့ တက္စ္ကစ္ ေတြျဖစ္ပီး Antigen ကို စစ္ေဆးတာျဖစ္ပါတယ္။ မွန္ကန္တိက်မႈက ၉၅% ခန္႔ရွိပါတယ္။ အခုေရ ၄ သိန္း မွာယူထားပါတယ္။ အဲဒီ တက္စ္ကစ္ ေတြကို ဘယ္သူ႔ကိုမွ တဆင့္ခံ

ေရာင္းခ်ခြင့္မေပးထားပါဘူး။ ျပည္သူအားလုံးကို တန္းတူညီမွ် စစ္ေဆးေပးမွာျဖစ္ပါတယ္။ ေနာက္တခုက ကာကြယ္ေဆးပါ။ အခုထိ ကိုဗစ္ ကို ကာကြယ္ႏိုင္တယ္လို႔ WHO က တရားဝင္အသိအမွတ္ျပဳထားတဲ့ ကာကြယ္ေဆး တခုမွ မရွိေသးပါဘူး။ အြန္လိုင္းမွာ ေရာင္းခ်သမွ်ဟာ

ကာကြယ္ေဆးလုံးဝ မဟုတ္ပါ။ WHO က တရားဝင္အသိအမွတ္ျပဳလိုက္တဲ့ ကာကြယ္ေဆးထြက္လာရင္ တရားဝင္ေၾကညာေပးပီး ျမန္မာျပည္က အျမန္ဆုံးရႏိုင္ေအာင္ အစိုးရက ႀကိဳးစားလ်က္ရွိပါတယ္။ ဒါေၾကာင့္ အတုေတြနဲ႔ ေငြမကုန္ၾကေစဖို႔ သတိေပးေရးသားလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပိုးကူးစက်မှုခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သီးသန့်ထားရှိကုသမှာဖြစ်ပီး အဲဒီလို ကုသနိုင်ဖို့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြင်ဆင်နေပါပီ။ လိုအပ်တဲ့ ဆေးပစ္စည်းတွေ ဝယ်ယူဖို့ ဂျပန်နိုင်ငံက ပေးတဲ့ ဒေါ်လာ ၂၇ သန်း အပါအဝင်

အပြည်ပြည်ဆိုင်ရာက ထောက်ပံ့ငွေ ဒေါ်လာ သန်း ၈၀ ကျော်အထိ ရရှိထားပါတယ်။ အစိုးရကလဲ ကျပ် ဘီလီယံ ၂၆၇ ကျော် ထပ်မံထောက်ပံ့ထားပါတယ်။ သတိပေးချင်တာတခုက အခုအခါ အွန်လိုင်းမှာ ရောင်းချနေတဲ့ ဗိုင်းရပ်စစ်ဆေးနိုင်တယ်ဆိုတဲ့ တက်စ်ကစ်တွေဟာ လုံးဝ

မသုံးသင့်ပါဘူး။ မဝယ်သင့်ပါဘူး။ အဲဒါတွေက Antibody ကို စစ်တာဖြစ်ပီး အမှားအယွင်း အလွန်များပါတယ်။ ကိုဗစ် ကာလအစမှာ စပိန်နဲ့ နယ်သာလန်က တရုတ်ကနေ အများကြီးမှာယူခဲ့ပေမယ့် နောက်ဆုံးတော့ ပြန်လည်ပေးပို့ခဲ့ရပါတယ်။ ဒါကြောင့် လုံးဝ မဝယ်ကြပါနဲ့။

ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားတာကတော့ WHO က အသိအမှတ်ပြုလိုက်တဲ့ တက်စ်ကစ် တွေဖြစ်ပီး Antigen ကို စစ်ဆေးတာဖြစ်ပါတယ်။ မှန်ကန်တိကျမှုက ၉၅% ခန့်ရှိပါတယ်။ အခုရေ ၄ သိန်း မှာယူထားပါတယ်။ အဲဒီ တက်စ်ကစ် တွေကို ဘယ်သူ့ကိုမှ တဆင့်ခံ

ရောင်းချခွင့်မပေးထားပါဘူး။ ပြည်သူအားလုံးကို တန်းတူညီမျှ စစ်ဆေးပေးမှာဖြစ်ပါတယ်။ နောက်တခုက ကာကွယ်ဆေးပါ။ အခုထိ ကိုဗစ် ကို ကာကွယ်နိုင်တယ်လို့ WHO က တရားဝင်အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး တခုမှ မရှိသေးပါဘူး။ အွန်လိုင်းမှာ ရောင်းချသမျှဟာ

ကာကွယ်ဆေးလုံးဝ မဟုတ်ပါ။ WHO က တရားဝင်အသိအမှတ်ပြုလိုက်တဲ့ ကာကွယ်ဆေးထွက်လာရင် တရားဝင်ကြေညာပေးပီး မြန်မာပြည်က အမြန်ဆုံးရနိုင်အောင် အစိုးရက ကြိုးစားလျက်ရှိပါတယ်။ ဒါကြောင့် အတုတွေနဲ့ ငွေမကုန်ကြစေဖို့ သတိပေးရေးသားလိုက်ပါတယ်။