အဆို​တော်​ ယုန်လေးရဲ့စိန်​​ခေါ်မှု့ကို လက်ခံခဲ့ပြီး​ အနီးအနားပတ်ဝန်းကျင်ကလူများကို ငွေသားနဲ့ ထီလက်မှတ်တွေ လိုက်လှူခဲ့တဲ့ ဂျင်းနီ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ငယ်စဉ်ကလေးဘဝကတည်းက ဟန်နွေငြိမ်းဆိုတဲ့ နာမည်လေးနဲ့ မြန်မာ့ရုပ်မြင်သံကြား ပုံပြင်ကဏ္ဍမှာ ပါဝင်ခဲ့တဲ့ ဂျင်းနီကို လူကြီး၊ လူငယ် ပရိသတ်တိုင်း သိပြီးသားဖြစ်မှာပါ။ ဂျင်းနီက ဆယ်ကျော်သက်အရွယ်မှာလည်း
မြန်မာအကကို စနစ်တကျသင်ယူလေ့လာပြီး ပြိုင်ပွဲဝင်ခဲ့သလို အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာလည်း အဆိုတော်တစ်ယောက်အဖြစ် ဂီတလောကမှာ ရပ်တည်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လူလေးအေးသလို စိတ်ထားလေးလည်းကောင်းတဲ့ ဂျင်းနီက
အလှူအတန်းမှာလည်း လက်မနှေးသူတစ်ယောက် ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၂၉) ရက်နေ့မှာတော့ ဂျင်းနီက အဆိုတော် ယုန်လေးရဲ့ Challenge ကို လက်ခံပြီး သူမရဲ့မေမေနဲ့အတူတူ အနီးအနားပတ်ဝန်းကျင်ကလူတွေကို
ထီလက်မှတ်တွေ လိုက်လံဝေငှပေးခဲ့ပါတယ်။ ယုန်လေးကလည်း သူ့ရဲ့Challenge ကို တလေးတစား လိုက်လုပ်တဲ့ ဂျင်းနီကို “ကျွန်တော့်ရဲ့ ချစ်လှစွာသော ညီမလေး နီးစပ်ရာ လိုက်ကူတဲ့ Challenge Accept လုပ်တဲ့ အတွက် ကျေးဇူး ချစ်တယ်နော်” ဆိုပြီး
ဂျင်းနီကို ကျေးဇူးတင်စကားပြောထားပါတယ်။ ဂျင်းနီနဲ့ ယုန်လေးကတော့ အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးသလို အလုပ်တွေကိုလည်း အတူတူ တွဲဖက်လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတွေပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ဂျင်းနီလိုက်လှူတဲ့ ထီလက်မှတ်လေးတွေကနေ ထီဆုအကြီးကြီးတွေ ပေါက်ကြပါစေလို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်