အမွှေးစုတ်ဖွာနဲ့​မြေကြွက်ကြီးကို ချစ်မဝနိုင်အောင်ဖြစ်ပြီး​တော့ သူတို့ရဲ့အစာတွေပါ ခွဲဝေကျွေးနေကြတဲ့ ချစ်​စရာ​ကောင်းလှ​သော ခွေးလေးတွေရဲ့ အပြုအမူ​လေးတစ်​ခု
ယူနီကုဒ်ဖြင့် ဖတ်ရန်
အမွှေးစုတ်ဖွာနဲ့ကြွက်ကြီးကို ချစ်မဝနိုင်အောင်ဖြစ်ပြီး အစာတွေခွဲဝေကျွေးနေတဲ့ ခွေးလေးတွေ။ ခွေးငယ်လေးတွေဟာလည်း ကလေးငယ်တွေလို အသစ်အဆန်းသောအရာတွေကို
စူးစမ်းလိုစိတ်ရှိကြပါတယ်၊ ဒီတစ်ခေါက်မှာလည်း ခွေးငယ်လေးနှစ်ကောင်ဟာ လမ်းဘေးအမွေးစုတ်ဖွာနဲ့ကြွက်ကြီးကို လုံးဝအန္တရာယ်မမူဘဲ၊ ချစ်ခင်တဲ့အကြည့်တွေနဲ့
စိုက်ကြည့်ကာ အစာခွက်ထဲက အစာတွေကိုဝေမျှကျွေးနေခဲ့တာပါ။ ကြွက်နဲ့ ခွေးလေးတွေရဲ့ပုံစံတွေဟာဆိုရင် သူငယ်ချင်း 3 ယောက်တွေ့ဆုံတုန်း ကြွက်လေးကို
နေအိမ်သို့ဖိတ်ခေါ်ပြီး ညစာကျွေးမွေးဧည့်ခံနေတဲ့ပုံစံနဲ့တူကြောင်း ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ရေးသားထားခဲ့ပါတယ်။ ပိုင်ရှင်ကတော့ အိမ်ကို ကြွက်တွေ
မြွေတွေ မကပ်အောင် ခွေးလေးတွေ၊ ကြောင်လေးတွေ မွေးထားတာဖြစ်ပေမဲ့ ယခုအဖြစ်အပျက်လေးကိုတော့ ခွေးပိုင်ရှင်က အတော်လေးကိုအမြင်ကပ်နေမိမှာပါ။
သို့ပေမဲ့လည်း စူးစမ်းလိုစိတ်အပြည့်နဲ့ ကြွက်ကိုကြည့်နေကြတဲ့ ခွေးလေးတွေရဲ့အပြုအမှုကတော့ အတော်လေးကိုအသည်းယားဖွယ်ကောင်းလွန်းလှပါတယ်လေ။ ခရက်ဒစ်