KBZ Bank ႏွင္​့ ေ႐ႊသံလြင္ (Skynet) တို႔မွ ေငြက်ပ္သိန္း ၁၀၀၀၀ ကနဦးမတည္၍ အင္းယားလိတ္ကိုဗစ္ကုသ​ေရးစင္တာအ ​ေဆာက္လုပ္​လႉဒါန္းသြားမည္

ရန္ကုန္တိုင္ေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ က်န္မာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔၏ လမ္းၫႊန္မႈျဖင့္ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသႏိုင္ေရးအတြက္ ကေမာၻဇဘဏ္ႏွင့္ ေ႐ႊသံလြင္ကုမၸဏီ (Skynet) တို႔က ဦးေဆာင္၍ ေငြက်ပ္သိန္း ၁၀၀၀၀ ကနဦးမတည္ကာ

ကုတင္ ၆၅၀ ပါဝင္သည့္ အင္းယားလိတ္ ကိုဗစ္စင္တာကို Yangon Convention Center (YCC) တြင္ တည္ေဆာက္လႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။ ကိုဗစ္ကူးစက္လူနာ ၆၅၀ ဦးအထိ လက္ခံကုသေပးမည့္ အင္းယားလိတ္ ကိုဗစ္စင္တာ တည္ေဆာက္ေရး

အတြက္ ေငြက်ပ္ သိန္း ၇၀၀၀ ကို ကေမာၻဇ ဘဏ္ကလည္းေကာင္း၊ ေငြက်ပ္ သိန္း ၃၀၀၀ ကို ေ႐ႊသံလြင္ကုမၸဏီ (Skynet) မွလည္းေကာင္း ကနဦး မတည္လႉဒါန္းထားပါသည္။ ထို႔အတူ Yangon Convention Center ကုမၸဏီမွလည္း တစ္ရက္ငွားရမ္းခ သိန္း

၅၀၀ တန္ဖိုးရွိ YCC ခန္းမအား အင္းယားလိတ္ ကိုဗစ္စင္တာ ဖြင့္လွစ္ႏိုင္ေရးအတြက္ လႉဒါန္းထားေၾကာင္း သိရွိရပါသည္။ ယခုစင္တာကို ၁၀ ရက္အတြင္း ၿပီးစီးႏိုင္ရန္ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ စနစ္တက် စီမံခ်က္ေရးဆြဲကာ ေဆာင္႐ြက္လ်က္ရွိၿပီး

အေရးေပၚလူနာမ်ားကို ကုသေပးႏိုင္ရန္အတြက္ High-Dependency Unit ကုတင္ ၁၀၀ ပါဝင္မည္ျဖစ္သည့္အျပင္ လိုအပ္ပါက ကုတင္ ၁၀၀၀ အထိ တိုးခ်ဲသြားရန္ လ်ာထားေၾကာင္း သိရွိရသည္။ စင္တာတြင္ လိုအပ္လာမည့္ တစ္ကိုယ္ရည္သုံး ေဆးဝါးမ်ားႏွင့္

အစားအေသာက္မ်ားကိုပါ တစ္ပါတည္း စနစ္တက် ျပင္ဆင္ထားေၾကာင္း သိရွိရပါသည္။ အင္းယားလိတ္ကိုဗစ္စင္တာကို ကနဦးမတည္၍ ဦးေဆာင္လႉဒါန္းေသာ ကေမာၻဇဘဏ္သည္ ကုိဗစ္ေရာဂါ ျမန္မာႏိုင္ငံတြင္ စတင္မေတြ႕ရွိမီ ေဖေဖာ္ဝါရီလမွ စတင္ကာ

စက္တင္ဘာလ ၂၉ ရက္ေန႔အထိ ေငြက်ပ္ ၇၃,၇၃၆ သိန္း (ခုႏွစ္ေသာင္း သုံးေထာင္ ခုႏွစ္ရာ သုံးဆယ့္ေျခာက္သိန္း) လႉဒါန္းထားၿပီး ျဖစ္ပါသည္။ ထို႔အျပင္ ကေမာၻဇဘဏ္သည္ ႏိုင္ငံေတာ္ႏွင့္ျပည္သူအတြက္ ယေန႔အခ်ိန္ထိ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး ၊ေနရာေဒသမေ႐ြး၊

က႑အသီးသီးတြင္ အလႉေငြ စုစုေပါင္းေငြက်ပ္ ၁၇၀ ဘီလီယံေက်ာ္လႉဒါန္းခဲ့ၿပီး ဆက္လက္၍လည္း လိုအပ္သည့္အခ်ိန္၊ လိုအပ္သည့္ေနရာ၊ လိုအပ္သည္မ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ စဥ္ဆက္မျပတ္ ေပးအပ္လႉဒါန္းသြားရန္ စီစဥ္ထားရွိေၾကာင္း သိရွိရသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရန်ကုန်တိုင်ဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီ (Skynet) တို့က ဦးဆောင်၍ ငွေကျပ်သိန်း ၁၀၀၀၀ ကနဦးမတည်ကာ

ကုတင် ၆၅၀ ပါဝင်သည့် အင်းယားလိတ် ကိုဗစ်စင်တာကို Yangon Convention Center (YCC) တွင် တည်ဆောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်ကူးစက်လူနာ ၆၅၀ ဦးအထိ လက်ခံကုသပေးမည့် အင်းယားလိတ် ကိုဗစ်စင်တာ တည်ဆောက်ရေး

အတွက် ငွေကျပ် သိန်း ၇၀၀၀ ကို ကမ္ဘောဇ ဘဏ်ကလည်းကောင်း၊ ငွေကျပ် သိန်း ၃၀၀၀ ကို ရွှေသံလွင်ကုမ္ပဏီ (Skynet) မှလည်းကောင်း ကနဦး မတည်လှူဒါန်းထားပါသည်။ ထို့အတူ Yangon Convention Center ကုမ္ပဏီမှလည်း တစ်ရက်ငှားရမ်းခ သိန်း

၅၀၀ တန်ဖိုးရှိ YCC ခန်းမအား အင်းယားလိတ် ကိုဗစ်စင်တာ ဖွင့်လှစ်နိုင်ရေးအတွက် လှူဒါန်းထားကြောင်း သိရှိရပါသည်။ ယခုစင်တာကို ၁၀ ရက်အတွင်း ပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက်ရှိပြီး

အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit ကုတင် ၁၀၀ ပါဝင်မည်ဖြစ်သည့်အပြင် လိုအပ်ပါက ကုတင် ၁၀၀၀ အထိ တိုးချဲသွားရန် လျာထားကြောင်း သိရှိရသည်။ စင်တာတွင် လိုအပ်လာမည့် တစ်ကိုယ်ရည်သုံး ဆေးဝါးများနှင့်

အစားအသောက်များကိုပါ တစ်ပါတည်း စနစ်တကျ ပြင်ဆင်ထားကြောင်း သိရှိရပါသည်။ အင်းယားလိတ်ကိုဗစ်စင်တာကို ကနဦးမတည်၍ ဦးဆောင်လှူဒါန်းသော ကမ္ဘောဇဘဏ်သည် ကိုဗစ်ရောဂါ မြန်မာနိုင်ငံတွင် စတင်မတွေ့ရှိမီ ဖေဖော်ဝါရီလမှ စတင်ကာ

စက်တင်ဘာလ ၂၉ ရက်နေ့အထိ ငွေကျပ် ၇၃,၇၃၆ သိန်း (ခုနှစ်သောင်း သုံးထောင် ခုနှစ်ရာ သုံးဆယ့်ခြောက်သိန်း) လှူဒါန်းထားပြီး ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့်ပြည်သူအတွက် ယနေ့အချိန်ထိ လူမျိုးမရွေး၊ ဘာသာမရွေး ၊နေရာဒေသမရွေး၊

ကဏ္ဍအသီးသီးတွင် အလှူငွေ စုစုပေါင်းငွေကျပ် ၁၇၀ ဘီလီယံကျော်လှူဒါန်းခဲ့ပြီး ဆက်လက်၍လည်း လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။