ကိုဗစ်ကပ်ရောဂါကာလကြီးမှာ တိတိကျကျပေါ်လွင်လာခဲ့သော လူတစ်ချို့ရဲ့ အတွင်းစိတ်များအကြောင်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
လူတွေရဲ့အတွင်းစိတ်ကို တိတိကျကျ ဖော်ထုတ်ပေးလိုက်တဲ့ ကိုဗစ်ကပ်ရောဂါ။ ခုလို ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ လူတွေရဲ့အတွင်းစိတ်ကို လှစ်ခနဲမြင်လိုက်ရတဲ့ အခိုက်အတန့်လေးတွေရှိတယ်၊ ဘယ်သူမဆို ကိုယ့်ရဲ့အသက်ခန္ဓာကို
တွယ်တာနှမျောကြပေမယ့် အများအတွက် ဝိုင်းကူမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ရှေ့ထွက်လာကြတဲ့ ဗော်လံတီယာ ဆယ်ကျော်သက်တွေရှိသလို၊ မင်းတို့ ဗော်လံတီယာ လုပ်ပြီးပြန်လာရင် ရောဂါပိုးတွေပါလာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးနဲ့ အကြောင်းမျိုးစုံပြ
အိမ်ဆက်မငှားတော့တဲ့ အဆောင်ပိုင်ရှင်တွေလည်းရှိတယ်။ Q ဝင်နေရတဲ့နေရာတွေမှာ ကြုံတွေ့ ရတတ်တဲ့ အခက်အခဲတွေကို ကိုယ့်အိမ်ကိုယ့်ယာမှ မဟုတ်တာပဲလေဆိုပြီး အစစ သည်းခံပေးတဲ့သူတွေရှိသလို၊ ဗော်လံတီယာတွေကို ပြသနာမျိုးစုံရှာတတ်သူတွေလည်း ရှိတယ်။
Q ဝင်နေတုန်းမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကြောင့် နောက်လာသူတွေ အခက်အခဲ မရှိအောင် ပိုနေတဲ့အသုံးအဆောင်တွေ ပြန်လည်မျှဝေခဲ့သူတွေလည်း ရှိတယ်။ နောက်လာသူတွေ အဆင်ပြေအောင် အခန်းကို သန့်ရှင်းရေးလုပ်ပေးခဲ့သူတွေရှိသလို
အချိန်မရလို့ အမှိုက်တွေ ထားပစ်ခဲ့သူတွေလည်း ရှိတာပါပဲ။ အချင်းချင်း စိတ်ဓာတ်ခွန်အားတွေနဲ့ ရှေ့ဆက်ကြရမယ့်အချိန်မှာ အဆိုးတွေဘေးဖယ်ရင်း စိတ်နှလုံးအဟာရဖြစ်စေမယ့် ကောင်းတာလေးတွေ ရွေးခြယ်မျှဝေပေးလိုက်ပါတယ်။
အယောက်စီတိုင်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရကြစေဖို့ mask တပ်၊ လက်ဆေးကြပါလို့ ဗော်လံတီယာတွေအတွက် မေတ္တာတရားနဲ့ စိတ်ခွန်အားဖြစ်စေတဲ့ မုန့်တွေ၊ ပန်းစည်းတွေပို့ပေးတဲ့ အလှူရှင်အယောက်စီတိုင်းကို ကျေးဇူးတင်ပါကြောင်း။ ခရက်ဒစ် Yoeyar Kyaw