လႈိင္ၿမိဳ႕နယ္ရွိစစ္ေၾကာေရး ႏွင့္တည္းခိုေရးတပ္တြင္ ကိုဗစ္အတည္ျပဳလူနာ ၁၀၀၀ ဦးအား ထားရွိကုသႏိုင္ရန္အတြက္​ တပ္မေတာ္မွျပင္ဆင္ၿပီး လူနာမ်ားစတင္လက္ခံ​ေနပါၿပီ

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏လမ္းၫြန္ခ်က္ႏွင့္အညီ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဦးေဆာင္၍ တပ္နယ္အတြင္းမွအရာရွိစစ္သည္မ်ား၏မနား မေနစြမ္းေဆာင္မႈျဖင့္ နာရီေပါင္း ၆၀ အတြင္းမွာ

လႈိင္ၿမိဳ႕နယ္ရွိစစ္ေၾကာေရး ႏွင့္တည္းခိုေရးတပ္တြင္ ကိုဗစ္အတည္ျပဳလူနာ( ၁၀၀၀ )ဦးထားရွိႏိုင္ရန္ (၂၉-၉-၂၀၂၀)ေန႔မွာ အသင့္ျပင္ဆင္ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ တစ္ေယာက္ခန္းတစ္ခန္းလွ်င္

၁ဝ ေပက်ယ္ဝန္းၿပီး တစ္ကိုယ္ေရသုံးရန္ ပစၥည္းဗူး နဲ႔စနစ္တက်ျဖန႔္ေဝေပးႏိုင္ရန္ေဆာင္႐ြက္ထားရွိပါတယ္။ CCTV System၊Public Announce System၊ အေဆာင္မ်ားမွအေရးေပၚျဖစ္လ်င္

ေဆးဝန္ထမ္းမ်ားကိုသတင္းပို႔ႏိုင္တဲ့ Intercom Systemေတြလည္း တပ္ဆင္ထားပါတယ္။ ေလဝင္ေလထြက္ေကာင္းေစရန္ Ceiling Fan၊တစ္ေယာက္ခ်င္းဖုန္းအားသြင္းႏိုင္ရန္မီးပလပ္ကအစ တပ္ဆင္

ေပးထားတာေတြ႕ရပါတယ္။ ေသာက္ေရသန႔္မ်ားကိုလည္းေလာက္ငွစြာေသာက္သုံးႏိုင္ဖို႔ျပင္ဆင္ေပးထားပါတယ္။ ျပင္ဆင္ေဆာက္႐ြက္ၿပီးသည္ႏွင့္တစ္ၿပိဳင္တည္း ကိုဗစ္အတည္ျပဳလူနာေပါင္း ၁၀၀

ေက်ာ္ ကိုစတင္လက္ခံႏိုင္ခဲ့ပါတယ္။ အခ်ိန္ပိုင္းအတြင္းမွာ လူနာ ၁၀၀၀ ေက်ာ္ကို အစစအရာရာ အဆင္ေျပစိတ္ခ်မ္းသာစြာေနထိုင္ႏိုင္ေရးျပင္ဆင္ေဆာက္႐ြက္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွန်ချက်နှင့်အညီ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်၍ တပ်နယ်အတွင်းမှအရာရှိစစ်သည်များ၏မနား မနေစွမ်းဆောင်မှုဖြင့် နာရီပေါင်း ၆၀ အတွင်းမှာ

လှိုင်မြို့နယ်ရှိစစ်ကြောရေး နှင့်တည်းခိုရေးတပ်တွင် ကိုဗစ်အတည်ပြုလူနာ( ၁၀၀၀ )ဦးထားရှိနိုင်ရန် (၂၉-၉-၂၀၂၀)နေ့မှာ အသင့်ပြင်ဆင်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်ခန်းတစ်ခန်းလျှင်

၁ဝ ပေကျယ်ဝန်းပြီး တစ်ကိုယ်ရေသုံးရန် ပစ္စည်းဗူး နဲ့စနစ်တကျဖြန့်ဝေပေးနိုင်ရန်ဆောင်ရွက်ထားရှိပါတယ်။ CCTV System၊Public Announce System၊ အဆောင်များမှအရေးပေါ်ဖြစ်လျင်

ဆေးဝန်ထမ်းများကိုသတင်းပို့နိုင်တဲ့ Intercom Systemတွေလည်း တပ်ဆင်ထားပါတယ်။ လေဝင်လေထွက်ကောင်းစေရန် Ceiling Fan၊တစ်ယောက်ချင်းဖုန်းအားသွင်းနိုင်ရန်မီးပလပ်ကအစ တပ်ဆင်

ပေးထားတာတွေ့ရပါတယ်။ သောက်ရေသန့်များကိုလည်းလောက်ငှစွာသောက်သုံးနိုင်ဖို့ပြင်ဆင်ပေးထားပါတယ်။ ပြင်ဆင်ဆောက်ရွက်ပြီးသည်နှင့်တစ်ပြိုင်တည်း ကိုဗစ်အတည်ပြုလူနာပေါင်း ၁၀၀

ကျော် ကိုစတင်လက်ခံနိုင်ခဲ့ပါတယ်။ အချိန်ပိုင်းအတွင်းမှာ လူနာ ၁၀၀၀ ကျော်ကို အစစအရာရာ အဆင်ပြေစိတ်ချမ်းသာစွာနေထိုင်နိုင်ရေးပြင်ဆင်ဆောက်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။