ကိုဗစ်လူနာများအား ကုသနိုင်ဖို့အတွက်ကို သွေးရည်ကြည်လှူဒါန်းသွားပါမယ်လို့ ​ပြောပြလာခဲ့တဲ့ မင်းသမီး​ချော​လေး သီရိရှင်းသန့်
ယူနီကုဒ်ဖြင့်ဖတ်ရန်
သရုပ်ဆောင် သီရိရှင်းသန့်ကတော့ မျက်နှာပေါ်မှာ မှဲ့လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ အလှလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သီရိရှင်းသန့်က ကိုဗစ် First Wave မှာ ဘာသာရေးအခမ်းအနားတစ်ခုကို သွားရောက်ခဲ့တာကြောင့်
ဆေးစစ်မှုခံယူခဲ့ရပြီး ကံကောင်းစွာနဲ့ N ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သီရိရှင်းသန့်က ကိုဗစ်ရောဂါဝေဒနာခံစားရတဲ့ လူနာတွေကို ကုသနိုင်ဖို့အတွက် သွေးရည်ကြည်လှူဒါန်းသွားမယ့်အကြောင်းကို ပြောပြလာပါတယ်။
“ဝမ်းသာစရာသတင်းကောင်းလေးပါရှင့်။ Result သိရပါပြီရှင့်။ သီရိဆီမှာ ကိုဗစ်ကို တိုက်ထုတ်နိုင်တဲ့ “Antibody “ရှိပါတယ်တဲ့။ နောက်နေ့ သီရိရဲ့ သွေးရည်ကြည်နဲ့ ကိုဗစ်ရောဂါဝေဒနာခံစားရတဲ့ လူနာတွေကို တတ်နိုင်သလောက်
လှူဒါန်း သွားပါ့မယ်ရှင့်။ ဆုတောင်းမေတ္တာပို့သပေးကြတဲ့ အယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးရည်ကြည်ကို အမှန်တကယ်လိုအပ်နေတဲ့သူတွေတွက် လှူဒါန်းခွင့်ရတော့မှာမို့အတိုင်းမသိ
ဝမ်းသာပီတိဖြစ်ရပါတယ်ရှင့်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောဆိုထားပါတယ်။ သီရိရှင်းသန့်ကတော့ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတာမျိုးမရှိပေမယ့် သူမဆီမှာ ကိုဗစ်ကို တိုက်ထုတ်နိုင်တဲ့ “Antibody “ရှိနေတာကြောင့်
သွေးရည်ကြည်လှူဒါန်းလို့ ရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။