ကိုဗစ္ေရာဂါပုိး​ေပ်ာက္ကင္းသြားသူေတြအေနျဖင္​့ ေသြးရည္ၾကည္ကုထံုးအတြက္ကုိ ေသြးလွဴေပးၾကဖို႔ အလွဴခံေပးလာတဲ့ အကယ္​ဒမီမင္​းသမီး​ေခ်ာ​ေလး သက္မြန္ျမင့္

မင္းသမီးေခ်ာေလး သက္မြန္ျမင့္က အကယ္ဒမီဆုႀကီး (၂) ဆုတိတိကို ရရွိပိုင္ဆိုင္ထားၿပီးသည့္တိုင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈရရွိေနဆဲ ျဖစ္ပါတယ္။ သက္မြန္ျမင့္က အခုလက္ရွိမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္

သူမရဲ႕ ႐ိုက္ကူးလက္စ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ အကုန္လုံးကို ရပ္နားထားၿပီး အိမ္မွာပဲ မိသားစုေတြနဲ႔အတူတူ အခ်ိန္ကုန္ဆုံးေနတာပဲ ျဖစ္ပါတယ္။ နာမည္ႀကီး အႏုပညာရွင္တစ္ေယာက္ပီပီ သက္မြန္ျမင့္က ကိုဗစ္ ကာကြယ္

ထိန္းခ်ဳပ္ေရးအတြက္လည္း တစ္ဖက္တစ္လမ္းကေန ကူညီေပးေနလ်က္ရွိတာကို ေတြ႕ရပါတယ္။ ဒီကေန႔မွာေတာ့ သက္မြန္ျမင့္က “ေရာဂါ ေပ်ာက္ကင္းသူေတြဆီက ေသြးရည္ၾကည္ အလႈခံပါတယ္ေနာ္ ခုဆို case လည္း

အရမ္းတက္ ေသဆုံးမႈႏႈန္းလည္း မ်ားလာပါၿပီ။ အျမန္ ေပ်ာက္ကင္းက်န္းမာၾကပါေစ ျဖစ္ႏႈန္း ေသဆုံးႏႈန္းေတြ က်ဆင္းပါေစ။ ကမာၻႀကီး ျမန္ျမန္ က်န္းမာပါေစ” ဆိုၿပီး ကိုဗစ္ေရာဂါေပ်ာက္ကင္းသူေတြအေနနဲ႔ ေသြးရည္ၾကည္

ကုထုံးအတြက္ ေသြးလႉေပးၾကဖို႔ သူမရဲ႕ ေဖ့စ္ဘုတ္ကေန ေျပာလာခဲ့ပါတယ္။ သက္မြန္ျမင့္ကေတာ့ သူမကိုယ္တိုင္လည္း က်န္းမာေရးဝန္ႀကီးဠာနရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း ေနအိမ္မွာပဲ စနစ္တက်ေနထိုင္ေနသလို မိဘျပည္သူေတြ

ကိုလည္း က်န္းမာေရးအသိေပးျခင္းတို႔ကို တစ္ဖက္တစ္လမ္းက ကူညီေျပာဆိုေပးေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်းသမီးချောလေး သက်မွန်မြင့်က အကယ်ဒမီဆုကြီး (၂) ဆုတိတိကို ရရှိပိုင်ဆိုင်ထားပြီးသည့်တိုင် အနုပညာလောကမှာ အောင်မြင်မှုရရှိနေဆဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က အခုလက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်

သူမရဲ့ ရိုက်ကူးလက်စ ရုပ်ရှင်ဇာတ်ကားကြီးတွေ အကုန်လုံးကို ရပ်နားထားပြီး အိမ်မှာပဲ မိသားစုတွေနဲ့အတူတူ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး အနုပညာရှင်တစ်ယောက်ပီပီ သက်မွန်မြင့်က ကိုဗစ် ကာကွယ်

ထိန်းချုပ်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေလျက်ရှိတာကို တွေ့ရပါတယ်။ ဒီကနေ့မှာတော့ သက်မွန်မြင့်က “ရောဂါ ပျောက်ကင်းသူတွေဆီက သွေးရည်ကြည် အလှုခံပါတယ်နော် ခုဆို case လည်း

အရမ်းတက် သေဆုံးမှုနှုန်းလည်း များလာပါပြီ။ အမြန် ပျောက်ကင်းကျန်းမာကြပါစေ ဖြစ်နှုန်း သေဆုံးနှုန်းတွေ ကျဆင်းပါစေ။ ကမ္ဘာကြီး မြန်မြန် ကျန်းမာပါစေ” ဆိုပြီး ကိုဗစ်ရောဂါပျောက်ကင်းသူတွေအနေနဲ့ သွေးရည်ကြည်

ကုထုံးအတွက် သွေးလှူပေးကြဖို့ သူမရဲ့ ဖေ့စ်ဘုတ်ကနေ ပြောလာခဲ့ပါတယ်။ သက်မွန်မြင့်ကတော့ သူမကိုယ်တိုင်လည်း ကျန်းမာရေးဝန်ကြီးဠာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း နေအိမ်မှာပဲ စနစ်တကျနေထိုင်နေသလို မိဘပြည်သူတွေ

ကိုလည်း ကျန်းမာရေးအသိပေးခြင်းတို့ကို တစ်ဖက်တစ်လမ်းက ကူညီပြောဆိုပေးနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။