ရန္ကုန္ျမဳိ႕သို႔ လာေရာက္ကူညီ​ေပးမယ္​့ ဆရာဝန္ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား၏ ေနထိုင္စားေသာက္ေရးကို ထူးေဖာင္ေဒးရွင္းမွ ပံ့ပိုးကူညီ​ေပးမည္

ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအတြက္ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္ကူညီ တာဝန္ထမ္းေဆာင္ၾကမည့္ ဆရာဝန္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား၏ ေနထိုင္စားေသာက္ေရးအတြက္

ထူးေဖာင္ေဒးရွင္းက ပံ့ပိုးကူညီမည္ျဖစ္ေၾကာင္း ထူးေဖာင္ေဒးရွင္း၏ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေရးသားထားသည္။ အဆိုပါေနရာကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ တာဝန္

ရွိသူမ်ား လာေရာက္ၾကည့္ရႈခဲ့ၿပီး ေအာက္တိုဘာလ ၇ ရက္ေန႔တြင္ စတင္ေနထိုင္ႏိုင္ရန္ အၿပီးသတ္ျပင္ဆင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ျမန္မာႏိုင္ငံတစ္ဝွမ္းမွ ရန္ကုန္ၿမိဳ႕

သို႔ လာေရာက္ကာ ကိုဗစ္လူနာမ်ားကို ကူညီကုသေပးသည့္ ဆရာဝန္ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား သက္ေတာင့္သက္သာ ေနထိုင္စားေသာက္ေရးအတြက္ က်န္းမာေရးႏွင့္ အားကစား

ဝန္ႀကီးဌာနႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ဆရာဝန္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ယခင္ ကန္ေတာ္ႀကီးပဲေလစ့္ဟိုတယ္၏ အေယာက္ငါးဆယ္ဆန္႔

အေဆာက္အဦတြင္ ေနထိုင္ႏိုင္ရန္ႏွင့္ ေန႔စဥ္ အစားအေသာက္ႏွင့္ အျခားလိုအပ္သည့္ အသုံးအေဆာင္မ်ားကို စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း ေရးသားထားသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ရန်ကုန်မြို့သို့ လာရောက်ကူညီ တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်စားသောက်ရေးအတွက်

ထူးဖောင်ဒေးရှင်းက ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။ အဆိုပါနေရာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်

ရှိသူများ လာရောက်ကြည့်ရှုခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်နေထိုင်နိုင်ရန် အပြီးသတ်ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံတစ်ဝှမ်းမှ ရန်ကုန်မြို့

သို့ လာရောက်ကာ ကိုဗစ်လူနာများကို ကူညီကုသပေးသည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ သက်တောင့်သက်သာ နေထိုင်စားသောက်ရေးအတွက် ကျန်းမာရေးနှင့် အားကစား

ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ယခင် ကန်တော်ကြီးပဲလေစ့်ဟိုတယ်၏ အယောက်ငါးဆယ်ဆန့်

အဆောက်အဦတွင် နေထိုင်နိုင်ရန်နှင့် နေ့စဉ် အစားအသောက်နှင့် အခြားလိုအပ်သည့် အသုံးအဆောင်များကို စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။