႐ွမ္​းျပည္​နယ္​​ေတာင္​ပုိင္​း႐ွိ စဝ္စံထြန္းေဆး႐ုံႀကီးသို႔ ကေမာၻဇဘဏ္မွ ကိုဗစ္ေရာဂါကာကြယ္ေရး အေထာက္အကူျပဳပစၥည္းမ်ားႏွင့္ အလႉေငြက်ပ္သိန္းရာႏွင့္ခ်ီၿပီး ေပးအပ္လႉဒါန္းခဲ့

ကေမာၻဇဘဏ္မွ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရွိ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ စဝ္စံထြန္း ျပည္သူ႔ေဆး႐ုံႀကီးသို႔ ကိုဗစ္ေရာဂါ ကာကြယ္ေရးအေထာက္အကူျပဳပစၥည္းမ်ားႏွင့္ အလႉေငြမ်ား လႉဒါန္းျခင္းကို စက္တင္ဘာလ(၂၉)ရက္ နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္ျပည္သူလူထု

စားနပ္ရိကၡာေထာက္ပံ့ေရးေကာ္မတီ႐ုံးတြင္ က်င္းပခဲ့ပါသည္။ ေရွးဦးစြာ ကေမာၻဇအုပ္စု အႀကီးတန္းအုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးညိဳျမင့္က လႉဒါန္းရျခင္း အေၾကာင္း ရွင္းလင္းေျပာၾကားၿပီး၊ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ကိုဗစ္ကာလ အေထြေထြ အသုံးျပဳႏိုင္ရန္ အလႉေငြက်ပ္သိန္း

၂၀၀ ႏွင့္ ကိုဗစ္ေရာဂါကာကြယ္ေရးအေထာက္အကူျပဳပစၥည္းမ်ားကို ေပးအပ္လႉဒါန္းရာ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္က်န္းမာေရးဦးစီးဌာနမႉး ႏွင့္ စဝ္စံထြန္းေဆး႐ုံအုပ္ႀကီးတို႔က လက္ခံရယူၾကကာ၊ ျပည္နယ္လူမႈေရးဝန္ႀကီး က ေက်းဇူးတင္စကား

ျပန္လည္ေျပာၾကားခဲ့ပါသည္။ ယခုလႉဒါန္းမႈသည္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ သြားေရာက္ အားျဖည့္ၾကသည့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ က်န္းမာေရးဝန္ထမ္း (၇၀)ဦးအတြက္ အလႉေငြက်ပ္(၁၅၀)သိန္း၊

စဝ္စံထြန္းေဆး႐ုံႀကီးရွိ ျပည္သူ႔ က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ေတာင္ႀကီး)မွ က်န္းမာေရးဝန္ထမ္း (၁၅)ဦးအတြက္ အလႉေငြက်ပ္ သိန္း(၅၀)၊ စုစုေပါင္းေငြက်ပ္သိန္း(၂၀၀)ႏွင့္ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ကိုဗစ္ေရာဂါ ကာကြယ္ေရး အေထာက္အကူျပဳပစၥည္းမ်ား ျဖစ္သည့္

ေဆး႐ုံသုံး Mask အခုေရ(၁)သိန္း၊ ေခါင္းစြပ္ (၅၀၀၀)ခု၊ မ်က္ႏွာအကာ Face Shield (၂၀၀၀)ခု၊ လက္အိတ္ (၁၀၀၀၀)ခု၊ Hand Gel ဘူးႀကီး(၅၀၀)ဘူး၊ မ်က္မွန္(၁၀၀)ခုႏွင့္ PPE ဝတ္စုံ(၂၀၀)တို႔ျဖစ္ေၾကာင္း သိရပါသည္။ ကေမာၻဇဘဏ္အေနျဖင့္ ကိုဗစ္ေရာဂါ မျဖစ္ပြားခင္

အခ်ိန္ ေဖေဖၚဝါရီလ ၂၆ ရက္မွ စတင္ၿပီး ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းစဥ္မ်ားအတြက္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေငြက်ပ္ သိန္း ၇၃,၄၆၆ (ခုႏွစ္ေသာင္းသုံးေထာင့္ေလးရာ ေျခာက္ဆယ့္ေျခာက္) လႉဒါန္းထားရွိၿပီး၊ ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္

လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး၊ ေနရာ ေဒသမေ႐ြး၊ လိုအပ္သည့္အခ်ိန္၊ လိုအပ္သည့္ေနရာ၊ လိုအပ္သည္မ်ားကို အခ်ိန္ႏွင့္ တစ္ေျပးညီ စဥ္ဆက္မျပတ္ ေပးပို႔လႉဒါန္းရန္ စီစဥ္ထားရွိေၾကာင္း သိရွိရပါသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခြင်းကို စက်တင်ဘာလ(၂၉)ရက် နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ပြည်သူလူထု

စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီရုံးတွင် ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ကမ္ဘောဇအုပ်စု အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး၊ ကျန်းမာရေးဝန်ထမ်းများအတွက် ကိုဗစ်ကာလ အထွေထွေ အသုံးပြုနိုင်ရန် အလှူငွေကျပ်သိန်း

၂၀၀ နှင့် ကိုဗစ်ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး နှင့် စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့က လက်ခံရယူကြကာ၊ ပြည်နယ်လူမှုရေးဝန်ကြီး က ကျေးဇူးတင်စကား

ပြန်လည်ပြောကြားခဲ့ပါသည်။ ယခုလှူဒါန်းမှုသည် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွားရောက် အားဖြည့်ကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကျန်းမာရေးဝန်ထမ်း (၇၀)ဦးအတွက် အလှူငွေကျပ်(၁၅၀)သိန်း၊

စဝ်စံထွန်းဆေးရုံကြီးရှိ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)မှ ကျန်းမာရေးဝန်ထမ်း (၁၅)ဦးအတွက် အလှူငွေကျပ် သိန်း(၅၀)၊ စုစုပေါင်းငွေကျပ်သိန်း(၂၀၀)နှင့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြစ်သည့်

ဆေးရုံသုံး Mask အခုရေ(၁)သိန်း၊ ခေါင်းစွပ် (၅၀၀၀)ခု၊ မျက်နှာအကာ Face Shield (၂၀၀၀)ခု၊ လက်အိတ် (၁၀၀၀၀)ခု၊ Hand Gel ဘူးကြီး(၅၀၀)ဘူး၊ မျက်မှန်(၁၀၀)ခုနှင့် PPE ဝတ်စုံ(၂၀၀)တို့ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် ကိုဗစ်ရောဂါ မဖြစ်ပွားခင်

အချိန် ဖေဖေါ်ဝါရီလ ၂၆ ရက်မှ စတင်ပြီး ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေကျပ် သိန်း ၇၃,၄၆၆ (ခုနှစ်သောင်းသုံးထောင့်လေးရာ ခြောက်ဆယ့်ခြောက်) လှူဒါန်းထားရှိပြီး၊ နိုင်ငံတော်နှင့် ပြည်သူအတွက်

လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာ ဒေသမရွေး၊ လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။