ထိုင္းႏိုင္ငံကျပန္လာၿပီးကာမွ ကခ်င္ျပည္ကိုျပန္ဖို႔အတြက္​ အခက္ေတြ႔​ေန​ေသာသူကို အိမ္ငွားရမ္း​ခကူညီ​ေပးခဲ့တဲ့ ဒိန္းေဒါင္

လူ႐ႊင္ေတာ္အသင္းသားမ်ားရဲ႕ ကိစၥအ၀၀ကို တာဝန္ယူထားတဲ့ လူ႐ႊင္ေတာ္အသင္းဥကၠဌျဖစ္သူ ဟာသသ႐ုပ္ေဆာင္ ဒိန္းေဒါင္ကေတာ့ ကုသိုလ္ေရးလက္မေႏွးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ကိုဗစ္ လႉဒါန္းမႈေတြမွာ

လက္လွမ္းမီွသမွ် လိုက္လံကူညီ လႉဒါန္းေနပါေသးတယ္။ မၾကာေသးမီကမွ အမႈိက္ေကာက္ၿပီး ​ေရာင္းစားေနရတဲ့ ဘဝေလးေတြအဆင္ေျပဖို႔ အိမ္ေထာင္စု (၆၅) စုအတြက္ ဆန္နဲ႔ ဆီမ်ားကို လႉဒါန္းခဲ့ပါေသးတယ္။ လက္ရွိမွာလည္း ကခ်င္ျပည္နယ္ ဘီလူးၿမိဳ႕မွာေနထိုင္ၿပီး

ထိုင္းႏိုင္ငံမွာ အလုပ္သြားလုပ္တာအဆင္မေျပလို႔ ျမန္မာျပည္ျပန္လာတဲ့ သူတစ္ေယာက္ဟာ ဒီေရာက္ေတာ့ Q 21ရက္ဝင္ၿပီး ​ေရာဂါမေတြ႕ေတာ့ျပန္ရေပမယ့္ ေနရပ္ကိုျပန္ဖို႔ အခက္ခဲျဖစ္ေနတဲ့အတြက္ ဒိန္းေဒါင္တစ္ေယာက္ သူတတ္ႏိုင္သေလာက္ေလး အိမ္ငွားခ

(၁)လစာ ကူညီေပးခဲ့တယ္လို႔ သိရပါတယ္။ ပရိသတ္ေတြကေတာ့ ဒိန္းေဒါင္းကို စိတ္ေကာင္းရွိတဲ့ခြၽန္တြန္းႀကီးဆိုတဲ့ ၾကည္ႏူးဖြယ္မွတ္ခ်က္ေလးေတြကို ​ေရးသားခဲ့ၾကပါတယ္။ ဒိန္းေဒါင္က သူကိုယ္တိုင္ လႉဒါန္းကူညီခဲ့တဲ့အျပင္ ပရိသတ္ေတြလည္း လႉဒါန္းႏိုင္ဖို႔အတြက္

ဖုန္းနံပါတ္ 09897803042 ကို ဆက္သြယ္ၿပီး တက္ႏိုင္သေလာက္ ကူညီလိုက္ၾကပါလို႔လည္း တိုက္တြန္းေရးသားထားပါေသးတယ္။ ဒိန္းေဒါင္ရဲ႕ ပရိသတ္ေတြကလည္း ကူညီလႉဒါန္းခ်င္ၾကေၾကာင္း မွတ္ခ်က္ေတြေရးသားခဲ့ၾကပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

လူရွှင်တော်အသင်းသားများရဲ့ ကိစ္စအ၀၀ကို တာဝန်ယူထားတဲ့ လူရွှင်တော်အသင်းဥက္ကဌဖြစ်သူ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကတော့ ကုသိုလ်ရေးလက်မနှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုဗစ် လှူဒါန်းမှုတွေမှာ

လက်လှမ်းမှီသမျှ လိုက်လံကူညီ လှူဒါန်းနေပါသေးတယ်။ မကြာသေးမီကမှ အမှိုက်ကောက်ပြီး ရောင်းစားနေရတဲ့ ဘဝလေးတွေအဆင်ပြေဖို့ အိမ်ထောင်စု (၆၅) စုအတွက် ဆန်နဲ့ ဆီများကို လှူဒါန်းခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ကချင်ပြည်နယ် ဘီလူးမြို့မှာနေထိုင်ပြီး

ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တာအဆင်မပြေလို့ မြန်မာပြည်ပြန်လာတဲ့ သူတစ်ယောက်ဟာ ဒီရောက်တော့ Q 21ရက်ဝင်ပြီး ရောဂါမတွေ့တော့ပြန်ရပေမယ့် နေရပ်ကိုပြန်ဖို့ အခက်ခဲဖြစ်နေတဲ့အတွက် ဒိန်းဒေါင်တစ်ယောက် သူတတ်နိုင်သလောက်လေး အိမ်ငှားခ

(၁)လစာ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ ဒိန်းဒေါင်းကို စိတ်ကောင်းရှိတဲ့ချွန်တွန်းကြီးဆိုတဲ့ ကြည်နူးဖွယ်မှတ်ချက်လေးတွေကို ရေးသားခဲ့ကြပါတယ်။ ဒိန်းဒေါင်က သူကိုယ်တိုင် လှူဒါန်းကူညီခဲ့တဲ့အပြင် ပရိသတ်တွေလည်း လှူဒါန်းနိုင်ဖို့အတွက်

ဖုန်းနံပါတ် 09897803042 ကို ဆက်သွယ်ပြီး တက်နိုင်သလောက် ကူညီလိုက်ကြပါလို့လည်း တိုက်တွန်းရေးသားထားပါသေးတယ်။ ဒိန်းဒေါင်ရဲ့ ပရိသတ်တွေကလည်း ကူညီလှူဒါန်းချင်ကြကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။ ခရက်ဒစ်