ျမန္မာႏိုင္ငံတြင္ အသုံးျပဳႏုိင္​ရန္အတြက္ COVID-19 ေရာဂါ ရွိ/မရွိ စစ္ေဆးသည့္ Test Kits မ်ားစြာကုိ လာေရာက္လႉဒါန္းခဲ့​ေသာ ကုိရီးယားသမၼတႏုိင္​ငံမွ ဥကၠဌတစ္​ဦး

ကိုရီးယားသမၼတႏိုင္ငံရွိ IoneBio Inc. ၏ ဥကၠ႒ျဖစ္သူ Mr. Kim Min-Bae သည္ ၂၉-၉-၂၀၂၀ ရက္၊ နံနက္ ၁၁:၃၀ နာရီအခ်ိန္တြင္ ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕သို႔လာေရာက္၍ သံအမတ္ႀကီး

ဦးသန႔္စင္အား ေတြ႕ဆုံကာ ျမန္မာႏိုင္ငံရွိ ကိုဗစ္ေရာဂါ ကာကြယ္ကုသ၊ ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္တြင္ အသုံးျပဳႏိုင္ရန္အတြက္ လူဦးေရ (၁၀,၀၀၀) အား ကိုဗစ္ေရာဂါ ရွိ/မရွိ စစ္ေဆး

ႏိုင္သည့္ Test Kit (PCR) မ်ားအား ေပးအပ္လႉဒါန္းခဲ့ပါသည္။ ထို႔ေနာက္ သံအမတ္ႀကီးမွလည္း ၎အား ေက်းဇူးတင္ဂုဏ္ျပဳလႊာကို ျပန္လည္ေပးအပ္ခဲ့ပါသည္။ ယခုလာေရာက္လႉဒါန္းသည့္

Test Kit မ်ားသည္ ကိုဗစ္ေရာဂါ ရွိ/မရွိ စစ္ေဆးမႈ ရလဒ္အား အခ်ိန္ ၂၀ မိနစ္တြင္ ရရွိႏိုင္မည္ျဖစ္ၿပီး Rapid Test Kit မ်ားထက္ အရည္အေသြးပိုမိုေကာင္းမြန္ကာ ပုံမွန္ PCR Test Kits

မ်ားကဲ့သို႔ပင္ အေျဖတိက်မႈရွိေၾကာင္းႏွင့္ ယင္း Test Kit မ်ား အသုံးျပဳပုံမွာလည္း လြယ္ကူ႐ိုးရွင္းၿပီး အပူခ်ိန္ -15°C မွ -20°C ၾကားတြင္ သိမ္းဆည္းထားရမည္ျဖစ္ပါသည္။

ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕အေနျဖင့္ ယခုလက္ခံရရွိေသာ Test Kit မ်ားပါဝင္သည့္ ေသတၱာပုံးကို ျမန္မာႏိုင္ငံသို႔ ေဆာလ်င္စြာ ဆက္လက္ ပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရွိရပါသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုရီးယားသမ္မတနိုင်ငံရှိ IoneBio Inc. ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kim Min-Bae သည် ၂၉-၉-၂၀၂၀ ရက်၊ နံနက် ၁၁:၃၀ နာရီအချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့လာရောက်၍ သံအမတ်ကြီး

ဦးသန့်စင်အား တွေ့ဆုံကာ မြန်မာနိုင်ငံရှိ ကိုဗစ်ရောဂါ ကာကွယ်ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန်အတွက် လူဦးရေ (၁၀,၀၀၀) အား ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေး

နိုင်သည့် Test Kit (PCR) များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးမှလည်း ၎င်းအား ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ ယခုလာရောက်လှူဒါန်းသည့်

Test Kit များသည် ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးမှု ရလဒ်အား အချိန် ၂၀ မိနစ်တွင် ရရှိနိုင်မည်ဖြစ်ပြီး Rapid Test Kit များထက် အရည်အသွေးပိုမိုကောင်းမွန်ကာ ပုံမှန် PCR Test Kits

များကဲ့သို့ပင် အဖြေတိကျမှုရှိကြောင်းနှင့် ယင်း Test Kit များ အသုံးပြုပုံမှာလည်း လွယ်ကူရိုးရှင်းပြီး အပူချိန် -15°C မှ -20°C ကြားတွင် သိမ်းဆည်းထားရမည်ဖြစ်ပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ယခုလက်ခံရရှိသော Test Kit များပါဝင်သည့် သေတ္တာပုံးကို မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။