ကိုဗစ္​ေရာဂါပိုး႐ွိမ႐ွိကုိ အျမန္စစ္​ေဆး​ေပးႏိုင္ေသာ Test Kit မ်ားျဖင့္ စတင္​စစ္​ေတာ့မည္ျဖစ္၍ ပိုး​ေတြ႔႐ွိသူပုိမ်ားလာႏုိင္​​တဲ့အ​ေၾကာင္​း အေမစုမွ အသိေပးခဲ့

ၿမိဳ႕နယ္ႏွင့္ ခ႐ိုင္ေဆး႐ုံမ်ားတြင္ ေရာဂါအျမန္စစ္ေဆးႏိုင္ေသာ Test Kit မ်ားကို ယေန႔ စတင္ အသုံးျပဳမည္ျဖစ္ၿပီး ျမန္ျမန္စစ္ေဆးႏိုင္သည့္အတြက္ ပိုးရွိသူပိုမိုမ်ားျပားစြာ ေတြ႕လာမည္ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူသို႔ အသိေပးသည္။

ကိုဗစ္ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ျပည္သူသို႔ စက္တင္ဘာ ၂၈ ရက္တြင္တင္ျပခဲ့ရာ ထိုသို႔ ေျပာၾကားျခင္းျဖစ္ၿပီး ပိုးရွိသူမ်ားျပားလာသည့္အေပၚ ျပည္သူမ်ားအေနျဖင့္ စိတ္ဓာတ္မက်ရန္ အားေပးစကားဆက္ေျပာသည္။ “ဒီလိုျမန္ျမန္

သိရတဲ့အခါက်ေတာ့ ေစာေစာစီးစီး ကုသမႈေပးႏိုင္တယ္။ ေပ်ာက္ႏႈန္းက ပိုၿပီးေတာ့ ေကာင္းလာမယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆိုသည္။ ကိုဗစ္ပိုးရွိ၊ မရွိ ျမန္ ျမန္ဆန္ဆန္ႏွင့္ မွန္မွန္ကန္ကန္ စစ္ေဆးႏိုင္သည့္ Test kit မ်ားကို ေတာင္ကိုရီးယားႏိုင္ငံမွ ႏွစ္သိန္းမွာယူထားရာ

စက္တင္ဘာ ၂၇ ရက္တြင္ ၆၀,၀၀၀၊ ယမန္ေန႔တြင္ ၁၄၀,၀၀၀ ထပ္မံေရာက္ရွိခဲ့ေၾကာင္းႏွင့္ ယေန႔တြင္လည္း ေတာင္ကိုရီးယား အစိုးရက လႉဒါန္းသည့္ Test kit ၅,၀၀၀ ထပ္မံေရာက္ရွိမည္ဟု ဆိုသည္။ ႏိုင္ငံအတြင္း ကိုဗစ္အတည္ျပဳလူနာ တစ္ေသာင္းေက်ာ္၊ ေသဆုံးသူ ၂၀၀ ေက်ာ္

ရွိလာခ်ိန္တြင္ ျပည္သူမ်ားက စိုးရိမ္ေၾကာင့္ၾကစရာဟုမျမင္ဘဲ အေလးအနက္ထားစရာ၊ သတိျပဳစရာဟု ရႈျမင္ေစခ်င္ေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္က ေျပာသည္။ ဆက္လက္၍ ပိုးေတြ႕ရွိထားသည့္လူနာမ်ားကို အားေပးစကားေျပာလိုၿပီး ႏိုင္ငံေတာ္သည္ ေရာဂါျဖစ္ေနသည့္ ျပည္သူတစ္

ဦးခ်င္းစီတိုင္းကို ခ်မ္းသာသူ၊ ဩဇာအာဏာရွိသူအျဖစ္ ခြဲျခားမႈမရွိဘဲ အားလုံးအေပၚ တန္းတူတန္ဖိုးထားေၾကာင္း ၎ကဆိုသည္။ ကိုယ္ခံအားမက်ေရးက လြန္စြာအေရးႀကီးၿပီး ႏိုင္ငံေတာ္အစိုးရသာမက ျပည္သူ၊ ျပည္သူမ်ားကလည္း ေရာဂါျဖစ္ေနသူမ်ားအေပၚ ေမတၱာ၊ က႐ုဏာျဖင့္

ရႈျမင္ကာ အျမန္ဆုံးျပန္လည္ သက္သာေစလိုသည့္ စိတ္မ်ားရွိေနသည္ဟု ယုံၾကည္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆက္လက္ေျပာသည္။ “စိတ္ဓာတ္က အမ်ားႀကီး ေဆာင္ပါတယ္။ ကိုယ္တစ္ေယာက္တည္း မဟုတ္ဘူး။ ကိုယ္နဲ႔တစ္တိုင္းျပည္လုံးက ရွိတယ္ဆိုတဲ့စိတ္ဓာတ္နဲ႔

အင္အားေမြးပါ။ ကြၽန္မတို႔ တစ္တိုင္းျပည္လုံးအတြက္ ကိုယ္ကလည္း ႐ုန္းကန္ရမယ္ဆိုတဲ့စိတ္ဓာတ္နဲ႔ ဒီေရာဂါကို ေက်ာ္လႊားႏိုင္ေအာင္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဝန္ထမ္းေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ ေပးေစခ်င္ပါတယ္” ဟု ၎က ဆိုသည္။

အစိုးရသည္ တင္းက်ပ္စြာထိန္းသိမ္းရန္ ေဆာင္႐ြက္ေနမႈမ်ားရွိေနၿပီး ေရာဂါျပန႔္ပြားမႈ လုံးဝက်ဆင္းသြားႏိုင္မည္ဟု ခန႔္မွန္းထားေၾကာင္းႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရမည့္ သတၱိရွိရန္လည္း ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းခဲ့သည္။ ထို႔အျပင္ အခ်ဳပ္ခံထားရသည့္

ျပည္သူမ်ားအတြက္လည္း ခ်န္ရစ္ထားျခင္းမရွိဘဲ အက်ဥ္းaထာင္မ်ား၊ အခ်ဳပ္ခန္းမ်ားတြင္ ေရာဂါမျပန႔္ပြားေစရန္ ေဆာင္႐ြက္ေနၿပီး မည္သူမွ်အားငယ္ရန္မလိုေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္က အားေပးသည္။ ထို႔အျပင္ ျပည္သူမ်ား ေဆးၿမီးတိုျဖင့္ ကုသျခင္းမ်ိဳးမျပဳလုပ္ရန္ ကြၽမ္းက်င္

ပညာရွင္သမားေတာ္ႀကီးမ်ားကို အြန္လိုင္းမွ ရွင္းလင္းေဟာေျပာေစမည့္ အစီအစဥ္ကို ယေန႔စတင္မည္ျဖစ္ၿပီး အဂၤါ၊ ဗုဒၶဟူး၊ ၾကာသပေတးရက္မ်ားတြင္ ည ၇ နာရီမွ ၇ နာရီခြဲအထိ ထုတ္လႊင့္ရန္ စီစဥ္ထားေၾကာင္းႏွင့္ ျပည္သူမ်ားက အဆိုပါအစီအစဥ္ကို နားေထာင္ၾကရန္ ၎က

တိုက္တြန္းသည္။ ကိုဗစ္ေရာဂါႏွင့္ပတ္သက္၍ ျပည္သူမ်ားသိလိုသည့္ အခ်က္မ်ားကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ေဖ့စ္ဘြတ္ခ္မွတဆင့္ ေမးျမန္းႏိုင္ကာ ပထမဆုံးေမးခြန္းလက္ခံသည့္ေန႔တြင္ ေမးခြန္း ၃၀၀ ေက်ာ္လက္ခံရရွိေၾကာင္းႏွင့္ အဆိုပါေမးခြန္းမ်ားကို တူရာစုကာ

ကြၽမ္းက်င္ဆရာဝန္ သမားေတာ္ႀကီးမ်ားက ေျဖၾကားေပးမည္ျဖစ္သည္။ စည္းကမ္းထိန္းသိမ္းေရးအတြက္ လုပ္ေဆာင္ရျခင္းမွာ ျပည္သူမ်ားကို ခ်ဳပ္ခ်ယ္လို၍မဟုတ္ဘဲ ေရာဂါခ်ဳပ္ခ်ယ္လိုေသာေၾကာင့္ ျဖစ္သည္ဟု ေဒၚေအာင္ဆန္းစုၾကည္က ရွင္းလင္းသည္။ ယင္းေနာက္ ကာရာအိုေက

ဖြင့္လွစ္ျခင္းမ်ားကို တိက်စြာ၊ တင္းက်ပ္စြာအေရးယူရန္ ေဆာင္႐ြက္ေနၿပီဟု ျပည္သူမ်ားကို အသိေပးသည္။ စီးပြားေရးအေျခအေနႏွင့္ ပတ္သက္၍ ျပည္သူမ်ား အစိုးရိမ္မလြန္ရန္ အတိုင္ပင္ခံပုဂၢိဳလ္က တိုက္တြန္းခဲ့ၿပီး လက္ရွိအခ်ိန္အထိ ႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈ ႏႈန္းသည္

သုညေအာက္မက်ေသးေၾကာင္း အသိေပးသည္။ “ကြၽန္မတို႔ အာဆီယံမွာဆိုရင္ သုညေအာက္မက်တဲ့ႏိုင္ငံ သုံးႏိုင္ငံထဲမွာ ကြၽန္မတို႔ႏိုင္ငံ အခုထိေတာ့ ရွိပါေသးတယ္။ ဆက္ရွိမယ္လို႔ ကြၽန္မတို႔ အာမမခံႏိုင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု ဒီဒုတိယလႈိင္းနဲ႔လည္း ကြၽန္မတို႔႐ုန္းကန္ေနရတာ

ျဖစ္ပါတယ္” ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆက္ေျပာသည္။ သို႔ေသာ္ အစိုးရက အထက္ပါတိုးတက္မႈႏႈန္းကို ဆက္ထိန္းထားမည္ျဖစ္ၿပီး ျပည္သူမ်ားက က်န္းမာေအာင္ေနထိုင္ရန္သာ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာသည္။ “အခုအခ်ိန္မွာ က်န္းမာေအာင္ေနပါ။ အကယ္၍ ေရာဂါပိုးဝင္ေနၿပီ

ဆိုရင္ ေရာဂါပိုးကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ ကိုယ့္စိတ္ကိုယ္ကို မွန္မွန္ထားပါ။ ကြၽန္မတို႔အားလုံး ႏိုင္ငံေတာ္အစိုးရကေရာ၊ ျပည္သူျပည္သားေတြကေရာ ကိုယ့္ဘက္မွာရွိေနတယ္ဆိုတာကို ယုံၾကည္ပါ” ဟု ၎ကဆိုသည္။ ျပည္သူမ်ား၏ အဓိကတာဝန္သည္ မိမိက်န္းမာေရးကို မိမိ

ဂ႐ုစိုက္ရန္၊ ပိုးဝင္ပါက ေက်ာ္လႊားရန္၊ ပိုးမဝင္ပါက ပိုးမဝင္ရန္၊ အျခားသူမ်ားကိုမကူးရန္ နည္းအမ်ိဳးမ်ိဳးျဖင့္ ႀကိဳးစားၾကရန္ ေဒၚေအာင္ဆန္းစုၾကည္က ေမတၱာရပ္ခံသည္။ က်န္ကိစၥရပ္မ်ားကို ႏိုင္ငံေတာ္က တတ္ႏိုင္သမွ် တာဝန္ယူမည္ျဖစ္ၿပီး ျပည္သူလူထု မထိခိုက္ေစရန္၊ ႏိုင္ငံေတာ္

မထိခိုက္ေစရန္ အစိုးရက တစိုက္မတ္မတ္ လုပ္ေဆာင္ေနသည္ကို ျပည္သူမ်ားက ယုံၾကည္ေစလိုေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္က ေျပာသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

မြို့နယ်နှင့် ခရိုင်ဆေးရုံများတွင် ရောဂါအမြန်စစ်ဆေးနိုင်သော Test Kit များကို ယနေ့ စတင် အသုံးပြုမည်ဖြစ်ပြီး မြန်မြန်စစ်ဆေးနိုင်သည့်အတွက် ပိုးရှိသူပိုမိုများပြားစွာ တွေ့လာမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အသိပေးသည်။

ကိုဗစ်ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့ စက်တင်ဘာ ၂၈ ရက်တွင်တင်ပြခဲ့ရာ ထိုသို့ ပြောကြားခြင်းဖြစ်ပြီး ပိုးရှိသူများပြားလာသည့်အပေါ် ပြည်သူများအနေဖြင့် စိတ်ဓာတ်မကျရန် အားပေးစကားဆက်ပြောသည်။ “ဒီလိုမြန်မြန်

သိရတဲ့အခါကျတော့ စောစောစီးစီး ကုသမှုပေးနိုင်တယ်။ ပျောက်နှုန်းက ပိုပြီးတော့ ကောင်းလာမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ကိုဗစ်ပိုးရှိ၊ မရှိ မြန် မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် စစ်ဆေးနိုင်သည့် Test kit များကို တောင်ကိုရီးယားနိုင်ငံမှ နှစ်သိန်းမှာယူထားရာ

စက်တင်ဘာ ၂၇ ရက်တွင် ၆၀,၀၀၀၊ ယမန်နေ့တွင် ၁၄၀,၀၀၀ ထပ်မံရောက်ရှိခဲ့ကြောင်းနှင့် ယနေ့တွင်လည်း တောင်ကိုရီးယား အစိုးရက လှူဒါန်းသည့် Test kit ၅,၀၀၀ ထပ်မံရောက်ရှိမည်ဟု ဆိုသည်။ နိုင်ငံအတွင်း ကိုဗစ်အတည်ပြုလူနာ တစ်သောင်းကျော်၊ သေဆုံးသူ ၂၀၀ ကျော်

ရှိလာချိန်တွင် ပြည်သူများက စိုးရိမ်ကြောင့်ကြစရာဟုမမြင်ဘဲ အလေးအနက်ထားစရာ၊ သတိပြုစရာဟု ရှုမြင်စေချင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ ဆက်လက်၍ ပိုးတွေ့ရှိထားသည့်လူနာများကို အားပေးစကားပြောလိုပြီး နိုင်ငံတော်သည် ရောဂါဖြစ်နေသည့် ပြည်သူတစ်

ဦးချင်းစီတိုင်းကို ချမ်းသာသူ၊ ဩဇာအာဏာရှိသူအဖြစ် ခွဲခြားမှုမရှိဘဲ အားလုံးအပေါ် တန်းတူတန်ဖိုးထားကြောင်း ၎င်းကဆိုသည်။ ကိုယ်ခံအားမကျရေးက လွန်စွာအရေးကြီးပြီး နိုင်ငံတော်အစိုးရသာမက ပြည်သူ၊ ပြည်သူများကလည်း ရောဂါဖြစ်နေသူများအပေါ် မေတ္တာ၊ ကရုဏာဖြင့်

ရှုမြင်ကာ အမြန်ဆုံးပြန်လည် သက်သာစေလိုသည့် စိတ်များရှိနေသည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။ “စိတ်ဓာတ်က အများကြီး ဆောင်ပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ ကိုယ်နဲ့တစ်တိုင်းပြည်လုံးက ရှိတယ်ဆိုတဲ့စိတ်ဓာတ်နဲ့

အင်အားမွေးပါ။ ကျွန်မတို့ တစ်တိုင်းပြည်လုံးအတွက် ကိုယ်ကလည်း ရုန်းကန်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဒီရောဂါကို ကျော်လွှားနိုင်အောင်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရသည် တင်းကျပ်စွာထိန်းသိမ်းရန် ဆောင်ရွက်နေမှုများရှိနေပြီး ရောဂါပြန့်ပွားမှု လုံးဝကျဆင်းသွားနိုင်မည်ဟု ခန့်မှန်းထားကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည့် သတ္တိရှိရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။ ထို့အပြင် အချုပ်ခံထားရသည့်

ပြည်သူများအတွက်လည်း ချန်ရစ်ထားခြင်းမရှိဘဲ အကျဉ်းaထာင်များ၊ အချုပ်ခန်းများတွင် ရောဂါမပြန့်ပွားစေရန် ဆောင်ရွက်နေပြီး မည်သူမျှအားငယ်ရန်မလိုကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က အားပေးသည်။ ထို့အပြင် ပြည်သူများ ဆေးမြီးတိုဖြင့် ကုသခြင်းမျိုးမပြုလုပ်ရန် ကျွမ်းကျင်

ပညာရှင်သမားတော်ကြီးများကို အွန်လိုင်းမှ ရှင်းလင်းဟောပြောစေမည့် အစီအစဉ်ကို ယနေ့စတင်မည်ဖြစ်ပြီး အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးရက်များတွင် ည ၇ နာရီမှ ၇ နာရီခွဲအထိ ထုတ်လွှင့်ရန် စီစဉ်ထားကြောင်းနှင့် ပြည်သူများက အဆိုပါအစီအစဉ်ကို နားထောင်ကြရန် ၎င်းက

တိုက်တွန်းသည်။ ကိုဗစ်ရောဂါနှင့်ပတ်သက်၍ ပြည်သူများသိလိုသည့် အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ်မှတဆင့် မေးမြန်းနိုင်ကာ ပထမဆုံးမေးခွန်းလက်ခံသည့်နေ့တွင် မေးခွန်း ၃၀၀ ကျော်လက်ခံရရှိကြောင်းနှင့် အဆိုပါမေးခွန်းများကို တူရာစုကာ

ကျွမ်းကျင်ဆရာဝန် သမားတော်ကြီးများက ဖြေကြားပေးမည်ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးအတွက် လုပ်ဆောင်ရခြင်းမှာ ပြည်သူများကို ချုပ်ချယ်လို၍မဟုတ်ဘဲ ရောဂါချုပ်ချယ်လိုသောကြောင့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းသည်။ ယင်းနောက် ကာရာအိုကေ

ဖွင့်လှစ်ခြင်းများကို တိကျစွာ၊ တင်းကျပ်စွာအရေးယူရန် ဆောင်ရွက်နေပြီဟု ပြည်သူများကို အသိပေးသည်။ စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ ပြည်သူများ အစိုးရိမ်မလွန်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှုန်းသည်

သုညအောက်မကျသေးကြောင်း အသိပေးသည်။ “ကျွန်မတို့ အာဆီယံမှာဆိုရင် သုညအောက်မကျတဲ့နိုင်ငံ သုံးနိုင်ငံထဲမှာ ကျွန်မတို့နိုင်ငံ အခုထိတော့ ရှိပါသေးတယ်။ ဆက်ရှိမယ်လို့ ကျွန်မတို့ အာမမခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီဒုတိယလှိုင်းနဲ့လည်း ကျွန်မတို့ရုန်းကန်နေရတာ

ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။ သို့သော် အစိုးရက အထက်ပါတိုးတက်မှုနှုန်းကို ဆက်ထိန်းထားမည်ဖြစ်ပြီး ပြည်သူများက ကျန်းမာအောင်နေထိုင်ရန်သာ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ “အခုအချိန်မှာ ကျန်းမာအောင်နေပါ။ အကယ်၍ ရောဂါပိုးဝင်နေပြီ

ဆိုရင် ရောဂါပိုးကို ကျော်လွှားနိုင်ဖို့အတွက် ကိုယ့်စိတ်ကိုယ်ကို မှန်မှန်ထားပါ။ ကျွန်မတို့အားလုံး နိုင်ငံတော်အစိုးရကရော၊ ပြည်သူပြည်သားတွေကရော ကိုယ့်ဘက်မှာရှိနေတယ်ဆိုတာကို ယုံကြည်ပါ” ဟု ၎င်းကဆိုသည်။ ပြည်သူများ၏ အဓိကတာဝန်သည် မိမိကျန်းမာရေးကို မိမိ

ဂရုစိုက်ရန်၊ ပိုးဝင်ပါက ကျော်လွှားရန်၊ ပိုးမဝင်ပါက ပိုးမဝင်ရန်၊ အခြားသူများကိုမကူးရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံသည်။ ကျန်ကိစ္စရပ်များကို နိုင်ငံတော်က တတ်နိုင်သမျှ တာဝန်ယူမည်ဖြစ်ပြီး ပြည်သူလူထု မထိခိုက်စေရန်၊ နိုင်ငံတော်

မထိခိုက်စေရန် အစိုးရက တစိုက်မတ်မတ် လုပ်ဆောင်နေသည်ကို ပြည်သူများက ယုံကြည်စေလိုကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။