လမ္​း​ေဘးေခြးတ​ေကာင္​ကို ႀကံ့ခိုင္ေရးပါတီအက်ႌဝတ္ဆင္​ေ​ပးၿပီး​ေတာ့ ဓာတ္ပုံ႐ိုက္ကာ ေဖ့ဘြတ္ခ္ေပၚတင္ခဲ့သူ အမႈဖြင့္ခံရ

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝက္လက္ၿမိဳ႕နယ္၊ က်ီးကန္ေက်း႐ြာက ေက်း႐ြာသားတစ္ဦးဟာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီအက်ႌကို ေခြးတစ္ေကာင္မွာဝတ္ေပးၿပီးဓာတ္ပုံ႐ိုက္ လူမႈကြန္ရက္ေပၚ တင္လိုက္တဲ့အတြက္

စက္တင္ဘာ ၂၇ ရက္ေန႔က နယ္ေျမခံရဲစခန္းမွာ တိုင္ၾကား အမႈဖြင့္ခံထားရပါတယ္။ စက္တင္ဘာ ၂၆ ရက္ ေန႔လည္ပိုင္းက Htet Aung ေဖ့စ္ဘြတ္ခ္အေကာင့္ ကေနၿပီး ျမန္မာႏိုင္ငံအလံနဲ႔ေျမပုံပါ

ျပည္ေထာင္စုႀကံခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီ အက်ႌကို ေခြးမွာ ဝတ္ေပးၿပီး “ဒီေန႔ေပးတာ ခ်က္ခ်င္းဝတ္ေပးလိုက္ၿပီ၊ ေက်းဇူးပါ။ သားႀကီး ျခင္ကိုက္ခံသက္သာတဲ့အတြက္”လို႔ ေရးသားၿပီး ေဖ့စ္ဘြတ္ခ္ ေပၚတင္ထားတာျဖစ္တယ္ပါတယ္။။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ပါတီကို ဂုဏ္သိကၡာက်ဆင္းေအာင္ျပဳလုပ္တယ္ဆိုၿပီး Htet Aung အေကာင့္ပိုင္ရွင္အား အေရးယူ ေဆာင္႐ြက္ေပးဖို႔ ယူအက္ဒီပီ-ရပ္/ေက်းပါတီဥကၠ႒ ဦးေက်ာ္သီဟ က တရားလိုလုပ္ကာ နယ္ေျမခံ ရဲစခန္းမွာ တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

ေ႐ႊပန္းကုန္းနယ္ေျမရဲစခန္းမွာ ဆက္သြယ္ေရးဥပေဒပုဒ္မ (၆၆-ဃ)နဲ႔ အေရးယူေပးဖို႔ အမႈဖြင့္တိုင္ၾကားထားတာျဖစ္ၿပီး နယ္ေျမခံရဲစခန္းက (ပ)၁၄၇/၂၀ နဲ႔ လက္ခံၿပီး အမႈစစ္ ဒုရဲအုပ္ ေအာင္ကိုကိုက စစ္ေဆးေဆာင္႐ြက္ေနပါတယ္။ ခရက္ဒစ္ ​ေအာင္စံလင္း

ယူနီကုဒ္ျဖင့္ ဖတ္ရန္

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျီးကန်ကျေးရွာက ကျေးရွာသားတစ်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအကျႌကို ခွေးတစ်ကောင်မှာဝတ်ပေးပြီးဓာတ်ပုံရိုက် လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့အတွက်

စက်တင်ဘာ ၂၇ ရက်နေ့က နယ်မြေခံရဲစခန်းမှာ တိုင်ကြား အမှုဖွင့်ခံထားရပါတယ်။ စက်တင်ဘာ ၂၆ ရက် နေ့လည်ပိုင်းက Htet Aung ဖေ့စ်ဘွတ်ခ်အကောင့် ကနေပြီး မြန်မာနိုင်ငံအလံနဲ့မြေပုံပါ

ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အကျႌကို ခွေးမှာ ဝတ်ပေးပြီး “ဒီနေ့ပေးတာ ချက်ချင်းဝတ်ပေးလိုက်ပြီ၊ ကျေးဇူးပါ။ သားကြီး ခြင်ကိုက်ခံသက်သာတဲ့အတွက်”လို့ ရေးသားပြီး ဖေ့စ်ဘွတ်ခ် ပေါ်တင်ထားတာဖြစ်တယ်ပါတယ်။။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တယ်ဆိုပြီး Htet Aung အကောင့်ပိုင်ရှင်အား အရေးယူ ဆောင်ရွက်ပေးဖို့ ယူအက်ဒီပီ-ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးကျော်သီဟ က တရားလိုလုပ်ကာ နယ်မြေခံ ရဲစခန်းမှာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ရွှေပန်းကုန်းနယ်မြေရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆-ဃ)နဲ့ အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားထားတာဖြစ်ပြီး နယ်မြေခံရဲစခန်းက (ပ)၁၄၇/၂၀ နဲ့ လက်ခံပြီး အမှုစစ် ဒုရဲအုပ် အောင်ကိုကိုက စစ်ဆေးဆောင်ရွက်နေပါတယ်။ ခရက်ဒစ် အောင်စံလင်း