ဧရာဝတီ Q စင်တာအတွက်ကို ငွေကျပ် ၁၀ သိန်းတိတိ လှူဒါန်းခဲ့​သော R ဇာနည်တို့ မိသားစု​လေး
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ကိုက်ညီတဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော် R ဇာနည်ကတော့ ဂီတလောကမှာ ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုရရှိနေဆဲ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။
R ဇာနည်ကတော့ လက်ရှိမှာလည်း သူမြတ်နိုးရာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ သာယာကြည်နူးဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ
ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၂၉) ရက်နေ့မှာတော့ R ဇာနည်နဲ့ ဝမ်းတို့ မိသားစုလေးက ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် ကိုဗစ်လူနာများကို လက်ခံကုသပေးမည့်
ဧရာဝတီ စင်တာအတွက် အလှူငွေကျပ် ၁၀ သိန်းတိတိကို ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဠ ဦးဇော်ဇော်ဆီမှာ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ R ဇာနည်နဲ့ ဝမ်းတို့ မိသားစုကတော့ ကိုဗစ်ကာလမှာ မိသားစုကိုသာ
အချိန်ပေးဖြစ်နေပြီး ကိုဗစ်ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းစဉ်များအတွက် အလှူအတန်းတွေကိုလည်း ပြုလုပ်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း R ဇာနည်နဲ့ ဝမ်းတို့ မိသားစုရဲ့
ကုသိုလ်လေးကို ထပ်တူပီတိဖြစ် ဝမ်းသာနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။