အင္းစိန္ျမဳိ႕နယ္မွ ပိုးေတြ႕လူနာသစ္ ၁၂ ဦးမွာ သီလရွင္ေက်ာင္းတိုက္တခုမွ ဆရာေလး ၆ ပါးပါဝင္​ေနခဲ့

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ညေန ထုတ္ျပန္ခ်က္စာရင္းအရ အင္းစိန္က ပိုးေတြ႕လူနာသစ္ ၁၂ ဦးပါဝင္ခဲ့ပါတယ္။ ထပ္တိုးလူနာ ၁၂ ဦးမွာ ၆ ဦးက အင္းစိန္ၿမိဳ႕နယ္ ၿမိဳ႕သစ္ (ဂ)ရပ္ကြက္၊ ဓမၼဝါဒီသီလရွင္ေက်ာင္းတိုက္မွ ဆရာေလး ၆ ပါး

ျဖစ္တယ္လို႔သိရပါတယ္။ “ကြၽန္ေတာ္တို႔အခုကေတာ့ အဲဒီေက်ာင္းတိုက္က သီလရွင္ ၆ ပါးပါတယ္ဆိုတာပဲ သိရေသးတယ္။ ဘာအခ်က္အလက္မွမသိရေသးဘူး။ အဲဒီေက်ာင္းတိုက္က သတင္းသုံးေဆာင္တဲ့ သီလရွင္က အပါး ၄၀ ေက်ာ္ေလာက္ေတာ့ရွိမယ္ထင္တယ္”

လို႔ အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။ အင္းစိန္က ကိုဗစ္ပိုးကူးစက္မႈ အေျခအေနက ဘုန္ေတာ္ႀကီးေက်ာင္းတိုက္ေတြနဲ႔ သီလရွင္ေက်ာင္းတိုက္ေတြအထိကူးစက္မႈရွိလာခဲ့တာျဖစ္ပါတယ္။သံဃာအပါး ၅၀၀ ေက်ာ္

သတင္းသုံးေနထိုင္တဲ့ အင္းစိန္႐ြာမ ပရိယတၱိ စာသင္တိုက္မွာလည္း သံဃာအပါး ၃၅၄ ပါးအထိ ကူးစက္မႈ ခံထားရတာလည္း ျဖစ္ပါတယ္။ ပရိယတၱိ စာသင္တိုက္မွာက ကိုရင္ႏွစ္ပါး ပိုးေတြ႕ရာကေန အစျပဳၿပီး ဆရာေတာ္ သံဃာေတာ္အားလုံးကို စစ္ေဆးခဲ့ရာမွာ

၃၀၀ ေက်ာ္ထိ ပိုးေတြ႕ခဲ့တာပါ။ ယခုပိုးေတြ႕ရွိတဲ့ သီလရွင္ေက်ာင္းတိုက္က ဆရာေလးေတြကိုလည္း ေရာဂါပိုး ရွိ၊မရွိ စစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ အင္းစိန္မွာေတာ့ လက္ရွိအခ်ိန္ထိ ပိုးေတြ႕လူနာ ၆၄၅ ဦးရွိေနၿပီျဖစ္ပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာလည္း ပိုးေတြ႕လူနာသစ္ ၈၉၇ ဦး တိုးခဲ့ၿပီး ေသဆုံးလူနာလည္း ၃၀ ဦးတိုးခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိ တစ္ႏိုင္ငံလုံး ပိုးေတြ႕လူနာ ၁၁၆၃၁ ဦးရွိကာ ေသဆုံးလူနာ ၂၅၆ ဦးရွိၿပီျဖစ္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ထုတ်ပြန်ချက်စာရင်းအရ အင်းစိန်က ပိုးတွေ့လူနာသစ် ၁၂ ဦးပါဝင်ခဲ့ပါတယ်။ ထပ်တိုးလူနာ ၁၂ ဦးမှာ ၆ ဦးက အင်းစိန်မြို့နယ် မြို့သစ် (ဂ)ရပ်ကွက်၊ ဓမ္မဝါဒီသီလရှင်ကျောင်းတိုက်မှ ဆရာလေး ၆ ပါး

ဖြစ်တယ်လို့သိရပါတယ်။ “ကျွန်တော်တို့အခုကတော့ အဲဒီကျောင်းတိုက်က သီလရှင် ၆ ပါးပါတယ်ဆိုတာပဲ သိရသေးတယ်။ ဘာအချက်အလက်မှမသိရသေးဘူး။ အဲဒီကျောင်းတိုက်က သတင်းသုံးဆောင်တဲ့ သီလရှင်က အပါး ၄၀ ကျော်လောက်တော့ရှိမယ်ထင်တယ်”

လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။ အင်းစိန်က ကိုဗစ်ပိုးကူးစက်မှု အခြေအနေက ဘုန်တော်ကြီးကျောင်းတိုက်တွေနဲ့ သီလရှင်ကျောင်းတိုက်တွေအထိကူးစက်မှုရှိလာခဲ့တာဖြစ်ပါတယ်။သံဃာအပါး ၅၀၀ ကျော်

သတင်းသုံးနေထိုင်တဲ့ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှာလည်း သံဃာအပါး ၃၅၄ ပါးအထိ ကူးစက်မှု ခံထားရတာလည်း ဖြစ်ပါတယ်။ ပရိယတ္တိ စာသင်တိုက်မှာက ကိုရင်နှစ်ပါး ပိုးတွေ့ရာကနေ အစပြုပြီး ဆရာတော် သံဃာတော်အားလုံးကို စစ်ဆေးခဲ့ရာမှာ

၃၀၀ ကျော်ထိ ပိုးတွေ့ခဲ့တာပါ။ ယခုပိုးတွေ့ရှိတဲ့ သီလရှင်ကျောင်းတိုက်က ဆရာလေးတွေကိုလည်း ရောဂါပိုး ရှိ၊မရှိ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အင်းစိန်မှာတော့ လက်ရှိအချိန်ထိ ပိုးတွေ့လူနာ ၆၄၅ ဦးရှိနေပြီဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာလည်း ပိုးတွေ့လူနာသစ် ၈၉၇ ဦး တိုးခဲ့ပြီး သေဆုံးလူနာလည်း ၃၀ ဦးတိုးခဲ့ပါတယ်။ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး ပိုးတွေ့လူနာ ၁၁၆၃၁ ဦးရှိကာ သေဆုံးလူနာ ၂၅၆ ဦးရှိပြီဖြစ်ပါတယ်။