ချစ်​ခင်​ရပါ​သော အဒေါ်ဖြစ်သူ မြင့်မြင့်ခိုင်ရဲ့​မွေးနေ့​လေးမှာ ငယ်ဘဝက အမှတ်​တရပုံရိပ်လေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြန်မာ့ရုပ်ရှင်လောကမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ အန်တီမြင့်မြင့်ခိုင်ဟာ တူမဖြစ်သူ ခိုင်နှင်းဝေကို သူမရဲ့အနုပညာအမွေတွေ ပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ဟာလည်း အန်တီမြင့်မြင့်ခိုင်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ချစ်တူမလေး
ခိုင်နှင်းဝေကတော့ အဒေါ်ဖြစ်သူအတွက် ချစ်စရာမွေးနေ့ဆုတောင်းလေးကို သူမရဲ့လူမှုကွန်ရက်မှာ အန်တီ့ရဲ့ငယ်ဘဝပုံလေးတွေနဲ့တကွ တင်ထားခဲ့ပါတယ်။”Happy Birthday ပါ ချစ်ရတဲ့ကြီးတော်ကြီး မိသားစုမှာ အရာရာကိုပေးဆပ်ချင်သူကြီး
မေတ္တာတရားကြီးမားပြီး မိသားစုအပေါ် တာဝန်ကျေလွန်းတဲ့ ကြီးတော်ကြီးကို အမြဲလေးစားအတုယူခဲ့ရလို့ ကျမဒီနေ့ ဒီလိုအချိန်မှာ နာမည်တစ်လုံးတည်မြဲရပ်တည်ဖို့ ဘေးကနေအမြဲ ဆုံးမပေးတဲ့အတွက်ကြောင့် ကြီးတော်ကြီးရဲ့ ကျေးဇူးတရားနဲ့
ချစ်ခြင်းမေတ္တာဟာ ဘာနဲ့မှအစားထိုးမရပါဘူး ကျမတို့မိသားစုဆိုတာ မိသားစုကြီးပါ။ အမျိုးပေါင်း ၁ သောင်းကျော်ရှိရင်လဲ အဲဒီအပေါ် တာဝန်ကျေချင်လွန်းသူကြီးဖြစ်တဲ့ ကျမရဲ့ချစ်လှစွာသော ကြီးတော်ကြီးဟာ ကျမတို့တမျိုးလုံးအတွက်တော့
မဟာတံတိုင်းကြီးပါပဲ။ ဒါကြောင့် ကျန်းမာအောင်နေပေးပါ။ ဒီမွေးနေ့ရက်မှစပြီး နောင်နှစ်ပေါင်းများစွာ သက်ရှည် ကျန်းမာပျော်ရွှင်ပြီး သာသနာတွေအများပြုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ (အားလုံးထဲမှာ ကိုယ့်ကိုကိုယ်
အငယ်ဆုံးလိုထင်ပြီး တူမတွေအပေါ် အနိုင်ယူဂျီကျ ဆိုးတာလေးတော့ လျှော့ပေးပါ ကလေးဆိုးကြီး ဒေါ်မြင့်မြင့်ခိုင်ရှင်) PS ဒီမွေးနေ့ ဆုတောင်းကို ကြီးတော်ကြီးမမြင်ပါစေနဲ့”ဆိုပြီး ခပ်နောက်နောက်လေး ဆုတောင်းပေးခဲ့ပါတယ်။ ခရက်ဒစ်