ခြေ​ထောက်​နှစ်ချောင်းသာ ရှိပေမယ့်​လည်း အမြဲတမ်း​ပျော်ရွှင်တက်ကြွနေတဲ့ ခွေးက​လေး (ရုပ်​သံဖိုင်​)
ယူနီကုဒ်ဖြင့် ဖတ်ရန်
“ခြေနှစ်ချောင်းသာရှိပေမဲ့ အမြဲပျော်ရွှင်တက်ကြွနေတဲ့ ခွေးလေး”။ မသန်စွမ်းဘူးဆိုရင်တောင် အမြဲစိတ်ကိုပျော်ရွှင်စွာထားပြီး ကြိုးစားရုန်းကန်မယ်ဆိုရင် အရာအားလုံး
ပုံမှန်အနေအထားလို ဖြတ်သန်းသွားနိုင်မယ်ဆိုတာ ယခုဖော်ပြမဲ့ခွေးလေးက သက်သေပြလိုက်တာပါပဲ။ Videoထဲမှာတော့ ခွေးလေးဟာ ခြေနှစ်ဖက်သာပါရှိလို့
အခြားခွေးတွေလိုပုံမှန်းလမ်းမလျှောက်နိုင်ပေမဲ့ အမြဲတက်ကြွနေပြီး ကြိုးစားလမ်းလျှောက်နိုင်အောင် ကိုယ်တိုင်လေ့ကျင့်ခဲ့ပုံပါပဲ၊ ဒါကြောင့် ခွေးလေးဟာ
အနောက်ခြေနှစ်ဖက်ကိုသာအားကိုးပြီး လူတွေလိုလမ်းလျှောက်နိုင်ပေမဲ့၊ ခန္ဓာကိုယ်ကိုမလဲကျအောင်ထိန်းနိုင်ဖို့ ပြေးပြေးလွှားလွှားသွားနေခဲ့ရတာပါ သို့ပေမဲ့လည်း
ခွေးလေးဟာ သူ့ဘဝကိုသူ ပျော်ရွှင်စွာဖြတ်သန်းနေပြီး မျက်နှာလေးကအမြဲပြုံးပျော်နေတာပါ။ Video ထဲမှာ သခင့်ဆီ ခြေထောက်နှစ်ချောင်းထဲနဲ့ အပြေးအလွှားသွားနေခဲ့တဲ့
ခွေးလေးရဲ့ပုံစံဟာလူအတော်အများကို ကြိုးစားရုန်းကန်လိုစိတ်ဖြစ်စေခဲ့လို့ ခွေးလေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ်။ ခရက်ဒစ်