ကုိဗစ္​​ေရာဂါပုိးကုိၾကဳိတင္​ကာကြယ္​ဖုိ႔အတြက္ သူ႔ဆီမွ Delivery သမားတိုင္းကို PPE ဝတ္စုံေတြဝတ္ဆင္ကာပို႔ၾက​ေစဖို႔ စီစဥ္​ေပးခဲ့တဲ့ အဆုိ​ေတာ္​ မိုးမိုး

အဆိုေတာ္ မိုးမိုးကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္။ မိုးမိုးကေတာ့ “တနဂၤေႏြမိုးေရစက္မ်ား” ပထမဆုံးအယ္လ္ဘမ္နဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို တစ္ခဲနက္ရရွိခဲ့သူပါ။ တစ္ေခြလုံးရဲ႕ သီခ်င္းတိုင္းဟာ

ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့ၿပိး အခုခ်ိန္ထိလည္း ပရိသတ္ေတြရဲ႕ အႀကိဳက္ႏွစ္သက္ဆုံးသီခ်င္းေတြထဲမွာ ပါဝင္ေနဆဲပဲ ျဖစ္ပါတယ္ေနာ္။ မိုးမိုးကေတာ့ လက္ရွိမွာ သားတစ္ေယာက္၊သမီးတစ္ေယာက္နဲ႔အတူ ခ်စ္ဇနီးေခ်ာေလးနဲ႔ ေပ်ာ္႐ႊင္သာယာတဲ့ မိသားစု

ဘဝေလးကို ပိုင္ဆိုင္ထားၿပီး အႏုပညာအလုပ္ေတြအျပင္ ကိုယ္ပိုင္စီးပြားေရးအေသးစားအျဖစ္ “ဒီမွာ ေဟာ့ေပါ့”ဆိုၿပီး အသင့္စား ေဟာ့ေပါ့ေတြကို အိမ္တိုင္ရာေရာက္ ပို႔တဲ့စနစ္နဲ႔ ေရာင္းခ်တာကို လုပ္ကိုင္ေနတာပါ။ အခုလို ကိုဗစ္ေရာဂါပိုး ပ်ံ႕ႏွံ႔လာမႈေတြေၾကာင့္ လူတိုင္း

Stay Home ေနေနခ်ိန္ေလးမွာ မွာယူစားသုံးႏိုင္ဖို႔ လာပို႔သူ Delivery ေတြအတြက္လည္း PPE ဝတ္စုံမ်ားဝတ္ဆင္ကာ ပို႔ခိုင္းေနတဲ့အေၾကာင္းေလးကို မိုးမိုက ဒီေန႔ စက္တင္ဘာလ (၂၇)ရက္ေန႔မွာ “ဒီမွာရဲ႕ ဒယ္လီသမားမ်ား စားသုံးသူမ်ား ရဲ႕ က်န္းမာေရးကို

အေလးထားတဲ့အေနနဲ႔ ဒလီသမားမ်ားကို PPE ဝတ္စုံမ်ားဝတ္ဆင္ေစၿပီး အိမ္တိုင္ရာေရာက္ပို႔ေဆာင္ေပးေနပါသျဖင့္ မိတ္ေဆြတို႔အေနနဲ႔ ဒီမွာေဟာ့ေပါ့ကို ယုံၾကည္စိတ္ခ်စြာ စားသုံးႏိုင္ပါေၾကာင္း” ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္။

မိုးမိုးကေတာ့ စားသုံးသူေရာ Delivery ပို႔သူအတြက္ပါ က်န္းမာေရးရႈေထာင့္ကေန အဆင္ေျပေခ်ာေမြ႕ေအာင္ စီစဥ္လိုက္တာ ခ်ီးက်ဴးစရာပါပဲေနာ္။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးလည္း ေပ်ာ္႐ႊင္သာယာတဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

အဆိုတော် မိုးမိုးကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ မိုးမိုးကတော့ “တနင်္ဂနွေမိုးရေစက်များ” ပထမဆုံးအယ်လ်ဘမ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိခဲ့သူပါ။ တစ်ခွေလုံးရဲ့ သီချင်းတိုင်းဟာ

ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြိး အခုချိန်ထိလည်း ပရိသတ်တွေရဲ့ အကြိုက်နှစ်သက်ဆုံးသီချင်းတွေထဲမှာ ပါဝင်နေဆဲပဲ ဖြစ်ပါတယ်နော်။ မိုးမိုးကတော့ လက်ရှိမှာ သားတစ်ယောက်၊သမီးတစ်ယောက်နဲ့အတူ ချစ်ဇနီးချောလေးနဲ့ ပျော်ရွှင်သာယာတဲ့ မိသားစု

ဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအသေးစားအဖြစ် “ဒီမှာ ဟော့ပေါ့”ဆိုပြီး အသင့်စား ဟော့ပေါ့တွေကို အိမ်တိုင်ရာရောက် ပို့တဲ့စနစ်နဲ့ ရောင်းချတာကို လုပ်ကိုင်နေတာပါ။ အခုလို ကိုဗစ်ရောဂါပိုး ပျံ့နှံ့လာမှုတွေကြောင့် လူတိုင်း

Stay Home နေနေချိန်လေးမှာ မှာယူစားသုံးနိုင်ဖို့ လာပို့သူ Delivery တွေအတွက်လည်း PPE ဝတ်စုံများဝတ်ဆင်ကာ ပို့ခိုင်းနေတဲ့အကြောင်းလေးကို မိုးမိုက ဒီနေ့ စက်တင်ဘာလ (၂၇)ရက်နေ့မှာ “ဒီမှာရဲ့ ဒယ်လီသမားများ စားသုံးသူများ ရဲ့ ကျန်းမာရေးကို

အလေးထားတဲ့အနေနဲ့ ဒလီသမားများကို PPE ဝတ်စုံများဝတ်ဆင်စေပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပါသဖြင့် မိတ်ဆွေတို့အနေနဲ့ ဒီမှာဟော့ပေါ့ကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါကြောင်း” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

မိုးမိုးကတော့ စားသုံးသူရော Delivery ပို့သူအတွက်ပါ ကျန်းမာရေးရှုထောင့်ကနေ အဆင်ပြေချောမွေ့အောင် စီစဉ်လိုက်တာ ချီးကျူးစရာပါပဲနော်။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။