အခုလုိခက္​ခဲ​​ေနၾက​ေသာ ကိုဗစ္ကာလမွာေပၚ​ေပါက္​လာခဲ့တဲ့ ရန္ကုန္ၿမိဳ႕ကေျမေအာက္ေလာကတစ္ခုအ​ေၾကာင္​း

ရန္ကုန္ၿမိဳ႕ ကႀကိဳးရယ္စုံပါေပ့ မနက္က လိုတာေလး ဝယ္ရေအာင္ ေဈးဖက္ထြက္ခဲ့တယ္။ ညက လိုက္ေအာ္ထားလို႔နဲ႔တူပါရဲ႕ လမ္းေဘးေဈးသည္ တစ္သည္မွမရွိ။ လမ္းထိပ္ေရာက္ေတာ့ က်ေနာ့ ေရွ႕ကသြားေနတဲ့လူက မလုံမလဲနဲ႔ ေဘးဘီၾကည့္ရင္း လမ္းေထာင့္မွာ

ရပ္ေနတဲ့ အိႏၵိယသားတစ္ေယာက္ နားကပ္သြားၿပီး တိုးတိုး တိုးတိုးေျပာတယ္။ ၿပီးေတာ့(ပိုက္ဆံလို႔ ထင္တာဘဲ) ကပ္ေပးလိုက္တယ္။ အိႏၵိယသား(မုတ္ဆိတ္နဲ႔)က ဖုန္းထုတ္ၿပီးဆက္တယ္ သူ႔ကိုလည္း ခဏေစာင့္ဖို႔ ေျခဟန္လက္ဟန္နဲ႔ျပတယ္။ ဟား ဟ

ဒါေသခ်ာတယ္ ကိုယ္လည္း ရန္ကုန္မွာေမြးတဲ့သူဘဲ ေပါက္တာေပါ့။ ဒီလို အထာမ်ိဳးေတြကို ကိုယ္ကလည္း ဒါမ်ိဳးဆို သိပ္သိခ်င္တဲ့ ေကာင္။ ဖုန္းလာသလိုလို ေျပာသလိုလိုနဲ႔ မေယာင္မလည္ရပ္လိုက္ရင္း အေျခအေနကို အကဲခတ္ေနလိုက္တယ္။ ႐ႊီ ကနဲ ေလခြၽန္သံ

တစ္ခ်က္အၿပီးမွာ ေနာက္က တိုက္သုံးထပ္ေပၚက အထုတ္ေလးတစ္ထုတ္ က်လာတယ္။ မုတ္ဆိတ္က လွမ္းဖမ္းလိုက္ၿပီး ခုနက လူကိုေပးတယ္။ ဟိုလူကရတာနဲ႔ ခ်ာကနဲ လွည့္လစ္သြားတယ္။ ဟား လုပ္လွခ်ည့္လား ကိုယ့္အပိုင္ထဲမွာေတာင္ ဒါမ်ိဳးေတြျဖစ္ေနပါ့လား

ဟ ဟ ဟ။ ငါသိတယ္ေနာ္ ဆိုတဲ့အထာနဲ႔ မုတ္ဆိတ္ကို ရႈိးလိုက္တယ္။ အိႏၵိယသားကလည္း နပ္တယ္ က်ေနာ့ကို လွမ္းၿပဳံးျပတယ္။ ဖုန္းနံပါတ္တစ္ခု ေရးထားတဲ့ ကတ္ျပားေလးတစ္ခု လွမ္းေပးရင္း တီးတိုးေမးတယ္။ အကိုလိုရင္ လွမ္းမွာလို႔ရေအာင္ အခုေရာ

ယူသြားဦးမွာလား? အခုခ်က္ျခင္း ရမွာလား? ၾကာမွာလား? အဲ့မုတ္ဆိတ္ ကပ္ေျပာတယ္ ၅ မိနစ္ေလာက္ပါဘဲအကို အေပၚထပ္မွာ ဆက္တိုက္ ယာေနပါတယ္။ အကိုက ဘာနဲ႔စားမွာလဲ ႏိုင္တီတူးနဲ႔လား ဘုရင္မနဲ႔လား ဘယ္ေလာက္ဖိုးလဲ တဲ့ (၅၂၈).

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရန်ကုန်မြို့ ကကြိုးရယ်စုံပါပေ့ မနက်က လိုတာလေး ဝယ်ရအောင် ဈေးဖက်ထွက်ခဲ့တယ်။ ညက လိုက်အော်ထားလို့နဲ့တူပါရဲ့ လမ်းဘေးဈေးသည် တစ်သည်မှမရှိ။ လမ်းထိပ်ရောက်တော့ ကျနော့ ရှေ့ကသွားနေတဲ့လူက မလုံမလဲနဲ့ ဘေးဘီကြည့်ရင်း လမ်းထောင့်မှာ

ရပ်နေတဲ့ အိန္ဒိယသားတစ်ယောက် နားကပ်သွားပြီး တိုးတိုး တိုးတိုးပြောတယ်။ ပြီးတော့(ပိုက်ဆံလို့ ထင်တာဘဲ) ကပ်ပေးလိုက်တယ်။ အိန္ဒိယသား(မုတ်ဆိတ်နဲ့)က ဖုန်းထုတ်ပြီးဆက်တယ် သူ့ကိုလည်း ခဏစောင့်ဖို့ ခြေဟန်လက်ဟန်နဲ့ပြတယ်။ ဟား ဟ

ဒါသေချာတယ် ကိုယ်လည်း ရန်ကုန်မှာမွေးတဲ့သူဘဲ ပေါက်တာပေါ့။ ဒီလို အထာမျိုးတွေကို ကိုယ်ကလည်း ဒါမျိုးဆို သိပ်သိချင်တဲ့ ကောင်။ ဖုန်းလာသလိုလို ပြောသလိုလိုနဲ့ မယောင်မလည်ရပ်လိုက်ရင်း အခြေအနေကို အကဲခတ်နေလိုက်တယ်။ ရွှီ ကနဲ လေချွန်သံ

တစ်ချက်အပြီးမှာ နောက်က တိုက်သုံးထပ်ပေါ်က အထုတ်လေးတစ်ထုတ် ကျလာတယ်။ မုတ်ဆိတ်က လှမ်းဖမ်းလိုက်ပြီး ခုနက လူကိုပေးတယ်။ ဟိုလူကရတာနဲ့ ချာကနဲ လှည့်လစ်သွားတယ်။ ဟား လုပ်လှချည့်လား ကိုယ့်အပိုင်ထဲမှာတောင် ဒါမျိုးတွေဖြစ်နေပါ့လား

ဟ ဟ ဟ။ ငါသိတယ်နော် ဆိုတဲ့အထာနဲ့ မုတ်ဆိတ်ကို ရှိုးလိုက်တယ်။ အိန္ဒိယသားကလည်း နပ်တယ် ကျနော့ကို လှမ်းပြုံးပြတယ်။ ဖုန်းနံပါတ်တစ်ခု ရေးထားတဲ့ ကတ်ပြားလေးတစ်ခု လှမ်းပေးရင်း တီးတိုးမေးတယ်။ အကိုလိုရင် လှမ်းမှာလို့ရအောင် အခုရော

ယူသွားဦးမှာလား? အခုချက်ခြင်း ရမှာလား? ကြာမှာလား? အဲ့မုတ်ဆိတ် ကပ်ပြောတယ် ၅ မိနစ်လောက်ပါဘဲအကို အပေါ်ထပ်မှာ ဆက်တိုက် ယာနေပါတယ်။ အကိုက ဘာနဲ့စားမှာလဲ နိုင်တီတူးနဲ့လား ဘုရင်မနဲ့လား ဘယ်လောက်ဖိုးလဲ တဲ့ (၅၂၈).