ကျေးဇူးရှင်​မိဘများအပေါ်မှာ ပစ်မထားမိဖို့နဲ့ အထီးကျန်နေသောမိဘများအတွက်ကို ရည်ရွယ်ပြီး​တော့ သီဆိုထားတဲ့ မနောရဲ့သီချင်းအသစ်​လေး (ရုပ်သံ)






ယူနီကုဒ်ဖြင့်ဖတ်ရန်

ထူးခြားတဲ့သံစဉ်တွေ သီချင်းလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ တေးသံရှင်မနောကတော့ သီဆိုခဲ့တဲ့ သီချင်းတွေထဲက ငါက ဗိုလ်အောင်ဒင်၊ မိချော၊ ဓမ္မစကူးကျောင်းကို ပို့ကြပါ၊ မင်းကိုလည်းချစ်တယ် မိန်းမကိုလည်းကြောက်တယ် စတဲ့ သီချင်းတွေဟာ

ကလေးရော လူကြီးပါမကျန် ပါးစပ်ဖျားမှာ ရေးပန်စားတဲ့အထိ အောင်မြင်မှုအခိုင်အမာ ရရှိထားပါသေးတယ်။ ယနေ့မှာတော့ အဆိုတော်မနောရဲ့ မိဘများအပေါ်မှာ ပစ်မထားမိဖို့ ရည်ရွယ်သီဆိုထားတဲ့ “အကျည်းတန်ဘဝလေး အဖေနဲ့အမေ” ဆိုတဲ့ သီချင်းသစ်လေးက

ထွက်ရှိလာပြီလည်း ဖြစ်ပါတယ်။ မနောကတော့ သူ့ရဲ့ “အကျည်းတန်ဘဝလေး အဖေနဲ့အမေ” ဆိုတဲ့ သီချင်းကို “သီချင်းအသစ်လေးတင်ပြီနော် အကျည်းတန် ဘဝလေး အဖေနဲ့အမေ ဒီသီချင်းလေးထဲကလို မိဘများအပေါ်မှာ ပစ်မထားမိဖို့ နဲ့ အထီးကျန်နေသော

မိဘများအတွက် ရည်ရွယ်ပြီး ဆိုပေးလိုက်ပါတယ်ခင်ဗျာ တေးချစ်သူတို့၏မိဘများအပေါ် ဆောင်ရွက် မပေးနိုင်ခဲ့တာနှင့် ပြောစရာစကားလေးတွေရှိလျှင်ရင်ဖွင့်ခဲ့ပါဦး ကျွန်တော်ကတော့ ဖေဖေ့ကို ပြုစုလုပ်ကျွေးခွင့် နည်းခဲ့တယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်

စာမျက်နှာကနေ ဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ အဆိုတော်မနောရဲ့ မိဘများအပေါ်မှာ ပစ်မထား မိဖို့ နဲ့ အထီးကျန်နေသော မိဘများအတွက် ရည်ရွယ်ပြီး သီဆိုထားတဲ့ “အကျည်းတန်ဘဝလေး အဖေနဲ့အမေ ” ဆိုတဲ့ သီချင်းကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။