သားျဖစ္​သူမင္းသန႔္ေမာင္ေမာင္ရဲ႕ နာမည္နဲ႔ဓါတ္ပုံေတြကိုအသုံးျပဳၿပီး​ေတာ့ ႏိုင္ငံေရးနဲ႔ေၾကာ္ျငာမ်ားျပဳလုပ္ေနျခင္းတုိ႔ကို ကန႔္ကြက္ပါတယ္လုိ႔ဆိုလာတဲ့ စင္ေရာ္ေမာင္ေမာင္

ႏိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္ကေတာ့ အႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့ၿပီးေနာက္ အသက္အ႐ြယ္တစ္ခုေရာက္ရွိလာခ်ိန္မွာ သူ႔ရဲ႕ အႏုပညာအေမြေတြကို သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ထံ လက္ဆင့္ကမ္းေပးေနတာပဲ

ျဖစ္ပါတယ္။ မင္းသန႔္ေမာင္ေမာင္ကလည္း ဖခင္ရဲ႕ေျခရာကိုနင္းကာ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ဖို႔ အေမရိကားထိသြားၿပီး ႐ုပ္ရွင္ပညာကို သြားေရာက္သင္ယူထားသူ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ စင္ေရာက္ေမာင္ေမာင္က သူ႔ရဲ႕သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ရဲ႕ နာမည္နဲ႔ပုံရိပ္ကို

အသုံးျပဳၿပီး ႏိုင္ငံေရးနဲ႔ ေၾကာ္ျငာမ်ား ျပဳလုပ္ေနျခင္းကို ပရိသတ္ေတြအျမင္ရွင္းေစဖို႔ အခုလိုပဲ ေျပာလာပါတယ္။ “အထက္ေဖာ္ျပပါ pageသည္ ကြၽန္ေတာ္စင္ေရာ္ေမာင္ေမာင္နဲ႔ သား မင္းသန႔္ေမာင္ေမာင္တို႔မွ ျပဳလုပ္ထားေသာ pageမဟုတ္ပါခင္‌ဗ်ာ။ သို႔ျဖစ္ပါ၍ ၎pageေပၚတြင္

ႏိုင္ငံေရးပို႔စ္မ်ား အျခားေၾကာ္ျငာမ်ားတင္ကာ ေဆာင္႐ြက္ေနၾကျခင္းအေပၚတြင္လည္း ကြၽန္ေတာ္တို႔အေနနဲ႔ ကန႔္ကြက္ပါတယ္။ We Love Min Thant Mg Mg original pageကိုလည္း ကြၽန္ေတာ္တို႔ တစ္ပတ္အတြင္း ထူေထာင္မည္ျဖစ္ပါတယ္။page,နဲ႔ပတ္သက္ၿပီး လိုအပ္တဲ့

အႀကံဉာဏ္မ်ားကိုလည္း Blue Mark ရထားသည့္ Zin Yaw Mg Mg acc messanger တြင္ လာေရာက္ ေပးပို႔ႏိုင္ပါတယ္ခင္ဗ်ာ။” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အသိေပးထားပါတယ္။ စင္ေရာ္ေမာင္ေမာင္ကေတာ့ သားျဖစ္သူရဲ႕ နာမည္ကို အလြဲသုံးစားလုပ္ေနမႈေတြကို ေျဖရွင္း

လာသလို We Love Min Thant Mg Mg original page ကို တည္ေထာင္မယ့္အေၾကာင္းကို တစ္ခါတည္းေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

နိုင်ငံကျော် အကယ်ဒမီများရှင် ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီးနောက် အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ သူ့ရဲ့ အနုပညာအမွေတွေကို သားဖြစ်သူ မင်းသန့်မောင်မောင်ထံ လက်ဆင့်ကမ်းပေးနေတာပဲ

ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်ကလည်း ဖခင်ရဲ့ခြေရာကိုနင်းကာ ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ အမေရိကားထိသွားပြီး ရုပ်ရှင်ပညာကို သွားရောက်သင်ယူထားသူ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စင်ရောက်မောင်မောင်က သူ့ရဲ့သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ နာမည်နဲ့ပုံရိပ်ကို

အသုံးပြုပြီး နိုင်ငံရေးနဲ့ ကြော်ငြာများ ပြုလုပ်နေခြင်းကို ပရိသတ်တွေအမြင်ရှင်းစေဖို့ အခုလိုပဲ ပြောလာပါတယ်။ “အထက်ဖော်ပြပါ pageသည် ကျွန်တော်စင်ရော်မောင်မောင်နဲ့ သား မင်းသန့်မောင်မောင်တို့မှ ပြုလုပ်ထားသော pageမဟုတ်ပါခင်‌ဗျာ။ သို့ဖြစ်ပါ၍ ၎င်းpageပေါ်တွင်

နိုင်ငံရေးပို့စ်များ အခြားကြော်ငြာများတင်ကာ ဆောင်ရွက်နေကြခြင်းအပေါ်တွင်လည်း ကျွန်တော်တို့အနေနဲ့ ကန့်ကွက်ပါတယ်။ We Love Min Thant Mg Mg original pageကိုလည်း ကျွန်တော်တို့ တစ်ပတ်အတွင်း ထူထောင်မည်ဖြစ်ပါတယ်။page,နဲ့ပတ်သက်ပြီး လိုအပ်တဲ့

အကြံဉာဏ်များကိုလည်း Blue Mark ရထားသည့် Zin Yaw Mg Mg acc messanger တွင် လာရောက် ပေးပို့နိုင်ပါတယ်ခင်ဗျာ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးထားပါတယ်။ စင်ရော်မောင်မောင်ကတော့ သားဖြစ်သူရဲ့ နာမည်ကို အလွဲသုံးစားလုပ်နေမှုတွေကို ဖြေရှင်း

လာသလို We Love Min Thant Mg Mg original page ကို တည်ထောင်မယ့်အကြောင်းကို တစ်ခါတည်းပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။