ကိုဗစ်ကာလအတွင်းမှာ ဆွမ်းဆန်​ခံခြင်းမပြုလုပ်ရလို့ အခက်အခဲဖြစ်နေကြ​သော သီလရှင်ဆရာလေးတွေအတွက် လှူဒါန်းမှုတွေပြုလုပ်​ပေးဦးမယ့် ချစ်သုဝေ







ယူနီကုဒ်ဖြင့်ဖတ်ရန်

အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး ချစ်စရာသမီးလေးတွေနဲ့အတူ ကြည်နူးစရာမိသားစုဘဝလေး ပိုင်ဆိုင်ဖြတ်သန်း

နေတဲ့ မင်းသမီးချော ချစ်သူဝေကတော့ လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်နော်။ “ခေတ်သစ်ဖောင်ဒေးရှင်း” ကို တည်ထောင်ထားပြီး

၇ ရက်သားသမီး အလှူရှင်တွေနဲ့အတူ ကိုဗစ်ကာလအတွင်း လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ချစ်သုဝေ

တစ်ယောက် သူမတို့ရဲ့ “ခေတ်သစ်ဖောင်ဒေးရှင်း” ဟာ Clean Yangon နဲ့ ပူးပေါင်းပြီး ကိုဗစ်ကာလအတွင်း ခက်ခဲနေကြတဲ့ သီလရှင်ဆရာလေး

တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ဦးမှာပါနော်။ ကိုဗစ်ကာလအတွင်း ဆွမ်းဆန်ခံခြင်း မပြုလုပ်ရလို့ အခက်အခဲဖြစ်နေကြတဲ့ ရန်ကုန်မြို့အတွင်းရှိ

သီလရှင်စာသင်တိုက် ၂၅ တိုက်ကို ဆန်၊ ဆီ၊ ကြက်သွန်အဖြူ/အနီ၊ ပဲ၊ ကြက်ဥ အစရှိသည့် စားသောက်ကုန်များအား သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်နော်။