ခ်စ္ရ​ေသာသူ​ေလးကိုလြမ္းေပမယ့္လည္း PPE ဝတ္စုံဝတ္ကာ ပရဟိတအလုပ္ေတြကို မရပ္မနားလုပ္ေဆာင္ေနရတယ္လုိ႔ ရင္​ဖြင္​့​ေျပာျပလာခဲ့တဲ့ ေဝဠဳေက်ာ္

ပရဟိတမင္းသားႀကီးလို႔ တင္စားရမယ့္ ေဝဠဳေက်ာ္ကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသား ျဖစ္မယ္ထင္ပါတယ္။ ေဝဠဳေက်ာ္ကေတာ့ အက္ရွင္ဇာတ္ကားမ်ားနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိခဲ့သူတစ္ေယာက္ျဖစ္ၿပီး

ဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္သူ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္ေနာ္။ ေဝဠဳေက်ာ္ကေတာ့ အသက္ ၅၀ အ႐ြယ္နား နီးေနေပမယ့္လည္း လူပ်ိဳႀကီးဘဝနဲ႔ အႏုပညာအ လုပ္ေတြထက္ ပရဟိတအလုပ္ေတြကိုသာ ကိုယ္က်ိဳးမဖက္ဘဲ လုပ္ေဆာင္ေန

သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကို တည္ေထာင္ထားၿပီး လိုအပ္ေနတဲ့ေနရာေတြအတြက္ ကူညီလုပ္ေဆာင္ဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ PPE အဝတ္ေတြကိုဝတ္ဆင္ကာ အေရးေပၚလူနာသယ္ေဆာင္ေရးေတြမွာ ကိုယ္တိုင္ပါဝင္

လုပ္ေဆာင္ေနတာပါ။ ခ်စ္သူရွိေပမယ့္ ခ်မျပေသးဘဲ ပရိသတ္ေတြကို အရိပ္အႁမြတ္သာ ေျပာထားသူ ေဝဠဳေက်ာ္က စက္တင္ဘာလ ၂၅ ရက္ေန႔မွာေတာ့ “ခ်စ္သူနဲ႔သာ ေဝးေနရတာပါ။ ကိုဗစ္နဲ႔ကေတာ့ PPE တစ္ လႊာဘဲ ျခားေတာ့တယ္ WLK” ဆိုတဲ့ စာသား

ပါတဲ့ ပုံရိပ္ေလးနဲ႔အတူ “ခ်စ္သူေရ” ဆိုၿပီး သူ႔ရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္။ မေမာမပန္းႏိုင္ေအာင္ လုပ္ေဆာင္ ေနရေပမယ့္ ခ်စ္သူကို လြမ္းတဲ့အေၾကာင္းေတြနဲ႔အတူ ကိုဗစ္ အတြက္လည္း ေသခ်ာတာဝန္မေပးဘဲ တာဝန္သိျပည္သူ

တစ္ေယာက္ လုပ္ေဆာင္ေနသူ ေဝဠဳ ေက်ာ္ကို အားေပးခ်စ္ခင္ရင္ ပရိသတ္ႀကီးလည္း အားေပးရင္း မွတ္ခ်က္ေလးေတြ ေရးခဲ့ပါဦးေနာ္။ ဖတ္ရႈေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးလည္း ေပ်ာ္႐ႊင္သာယာတဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရဟိတမင်းသားကြီးလို့ တင်စားရမယ့် ဝေဠုကျော်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။ ဝေဠုကျော်ကတော့ အက်ရှင်ဇာတ်ကားများနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး

ဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်နော်။ ဝေဠုကျော်ကတော့ အသက် ၅၀ အရွယ်နား နီးနေပေမယ့်လည်း လူပျိုကြီးဘဝနဲ့ အနုပညာအ လုပ်တွေထက် ပရဟိတအလုပ်တွေကိုသာ ကိုယ်ကျိုးမဖက်ဘဲ လုပ်ဆောင်နေ

သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး လိုအပ်နေတဲ့နေရာတွေအတွက် ကူညီလုပ်ဆောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အခုချိန်မှာတော့ PPE အဝတ်တွေကိုဝတ်ဆင်ကာ အရေးပေါ်လူနာသယ်ဆောင်ရေးတွေမှာ ကိုယ်တိုင်ပါဝင်

လုပ်ဆောင်နေတာပါ။ ချစ်သူရှိပေမယ့် ချမပြသေးဘဲ ပရိသတ်တွေကို အရိပ်အမြွတ်သာ ပြောထားသူ ဝေဠုကျော်က စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ “ချစ်သူနဲ့သာ ဝေးနေရတာပါ။ ကိုဗစ်နဲ့ကတော့ PPE တစ် လွှာဘဲ ခြားတော့တယ် WLK” ဆိုတဲ့ စာသား

ပါတဲ့ ပုံရိပ်လေးနဲ့အတူ “ချစ်သူရေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ မမောမပန်းနိုင်အောင် လုပ်ဆောင် နေရပေမယ့် ချစ်သူကို လွမ်းတဲ့အကြောင်းတွေနဲ့အတူ ကိုဗစ် အတွက်လည်း သေချာတာဝန်မပေးဘဲ တာဝန်သိပြည်သူ

တစ်ယောက် လုပ်ဆောင်နေသူ ဝေဠု ကျော်ကို အားပေးချစ်ခင်ရင် ပရိသတ်ကြီးလည်း အားပေးရင်း မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်။ ဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။