ဇနီးျဖစ္​သူအား ကိုဗစ္ကူးစက္​ခံထားရတယ္​လုိ႔ လိမ္ညာ​ေျပာဆုိခဲ့ၿပီး အငယ္အေႏွာင္းေလးနဲ႔ သြားႏွပ္ေနခဲ့တဲ့ အမ်ိဳးသား

အိႏၵိယႏိုင္ငံက အမ်ိဳးသား တစ္ေယာက္ဟာ မိမိ မွာ ကိုဗစ္ျဖစ္ ေနတယ္လို႔ ဇနီးကို လိမ္ညာၿပီးမ ယားငယ္ အိမ္ကို သြားေရာက္ ေနထိုင္ခဲ့ပါတယ္။သူဟာ ကိုဗစ္ျဖစ္ၿပီလို႔ သတင္းလႊင့္ ၿပီးေနာက္ ၂ ၾကာသည္အထိ ဘယ္သူနဲ႔မွ အဆက္အသြယ္မရခဲ့ပါဘူး။ မသကၤာလို႔ စုံစမ္းမိခ်ိန္မွ

အဲဒီအမ်ိဳးသားမွာ တိတ္တိတ္ပုန္းခ်စ္သူရွိေၾကာင္း မယားႀကီးက သိခဲ့ရတာပါ။ အဆိုပါ အမ်ိဳးသားဟာ အသက္ ၂၈ ႏွစ္ျဖစ္ၿပီး သူ႔မွာကိုဗစ္ျဖစ္ေနလို႔ ဇနီးအေနနဲ႔ လိုက္မရွာဖို႔အေၾကာင္း၊ ဒီပိုးေၾကာင့္ သူကေတာ့ လူ႔ဘဝမွာေတာင္ ေနခ်င္စိတ္မရွိေတာ့ေၾကာင္း တျခားသူေတြကို

ပိုးကူးမွာစိုးလို႔ သတ္မွတ္ထားတဲ့ေနရာမွာ သီးျခားေနထိုင္ရမွာျဖစ္တဲ့အေၾကာင္း၊ ေရာဂါေပ်ာက္လို႔ အေျခအေနေကာင္းတာနဲ႔ ဘယ္ကိုဆက္သြယ္ရမယ္ဆိုတာေျပာမယ္လို႔ လွည့္စားခဲ့တာပါ။ အဲဒီအမ်ိဳးသားဟာ Navi Mumbai မွာ ေနထိုင္သူပါ။ သူဟာ ဇူ လိုင္ ၂၄ ရက္ကတည္းက

အဆက္အသြယ္ မရေတာ့ဘဲ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ဒီၾကားကာလမွာ မယားႀကီးျဖစ္သူက ခင္ပြန္းအေနနဲ႔ ေရာဂါေၾကာင့္စိတ္ညစ္ၿပီး တစ္ခုခု လုပ္သြားမွာကိုေတြ ပူခဲ့ရွာပါတယ္။ ဒါေပမယ့္ ဘသားေခ်ာက မယားငယ္လို႔ ေျပာလို႔ရတဲ့အိမ္မွာ စည္းစိမ္အျပည့္နဲ႔ ႏွပ္ေနခဲ့တာပါတဲ့။

ခင္ပြန္းျဖစ္သူဟာ ဇနီးထံကို ဇူလိုင္ ၂၄ ရက္က ေနာက္ဆုံးဖုန္းဆက္ခဲ့ၿပီး ဇနီးက မွာဖို႔ၾကားဖို႔ ဖုန္းျပန္ဆက္လိုက္တဲ့ အခ်ိန္မွာေတာ့ စက္ကိုပိတ္ထားလိုက္ၿပီလို႔ သိရပါတယ္။ ရက္အတန္ ၾကာတဲ့အခါမွာ အမ်ိဳးသမီးဟာ သူမရဲ႕ေမာင္ျဖစ္သူ အကူအညီနဲ႔ ခင္ပြန္းေပ်ာက္ဆုံးေၾကာင္း

ရဲစခန္းမွာ လူေပ်ာက္တိုင္ခဲ့ပါတယ္။ ရဲေတြကလည္း တရားဝင္ Q စင္တာေတြထံ လူေပ်ာက္တိုင္ခံရသူရဲ႕ ကိုယ္ေရးအခ်က္လက္ကို ပို႔ေပးၿပီး စုံစမ္းဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒီမွာတင္ပဲ မသကၤာစရာေတြ ဆက္တိုက္ေပၚလာခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြဟာ လူေပ်ာက္ တိုင္ခံရသူရဲ႕

ဆိုင္ကယ္၊ ဦးထုပ္၊ ဟဲလ္မတ္၊ ေဘးေဆာင္လြယ္အိတ္တို႔ကို Vashi ၿမိဳ႕က လမ္းအပိုင္ ၁၇ အနီးမွာ ရွာေဖြပုံစံနဲ႔ သိမ္းဆည္ႏိုင္ခဲ့ပါတယ္။ တကိုယ္ေရ လြတ္လမ္းရွာသြားတဲ့ပုံစံ ဖန္တီးထားတာဆိုေပမယ့္ လူကိုေတာ့ မေတြ႕ခဲ့ရပါဘူး။ ေနာက္ဆုံးေတာ့ ဇနီးရဲ႕အသိုင္းအဝိုင္းက

ဒီလူ႔မွာ မယားငယ္ရွိတယ္ ဆိုတာကအစ သိသြားပါေတာ့တယ္။ ဖုန္းေနာက္ဆုံးေျပာထားတဲ့ တည္ေနရာကေန တစ္လနီးပါးၾကာ ေျခရာခံလိုက္တဲ့အခါမွာေတာ့ အဲဒီအမ်ိဳးသားကို ရဲတပ္ဖြဲ႕ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ သူ႔ကို ေတြ႕ရတဲ့ေနရာက Navi Mumbaiၿမိဳ႕နဲ႔ မိုင္ ၃၆၀ အကြာက

Indore ၿမိဳ႕မွာ မယားငယ္အိမ္မွာ ျဖစ္ပါတယ္။ စက္တင္ဘာ ၁၅ ရက္မွာ အဲဒီအမ်ိဳးသားကို ဖမ္းဆီးခဲ့ၿပီး၊ ရဲက သူ႔ကို စည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္ အေရးယူမွာျဖစ္သလို၊ မယားႀကီးရဲ႕ မိသားစုကလည္း တရားစြဲဖို႔ ျပင္ဆင္ေနပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

အိန္ဒိယနိုင်ငံက အမျိုးသား တစ်ယောက်ဟာ မိမိ မှာ ကိုဗစ်ဖြစ် နေတယ်လို့ ဇနီးကို လိမ်ညာပြီးမ ယားငယ် အိမ်ကို သွားရောက် နေထိုင်ခဲ့ပါတယ်။သူဟာ ကိုဗစ်ဖြစ်ပြီလို့ သတင်းလွှင့် ပြီးနောက် ၂ ကြာသည်အထိ ဘယ်သူနဲ့မှ အဆက်အသွယ်မရခဲ့ပါဘူး။ မသင်္ကာလို့ စုံစမ်းမိချိန်မှ

အဲဒီအမျိုးသားမှာ တိတ်တိတ်ပုန်းချစ်သူရှိကြောင်း မယားကြီးက သိခဲ့ရတာပါ။ အဆိုပါ အမျိုးသားဟာ အသက် ၂၈ နှစ်ဖြစ်ပြီး သူ့မှာကိုဗစ်ဖြစ်နေလို့ ဇနီးအနေနဲ့ လိုက်မရှာဖို့အကြောင်း၊ ဒီပိုးကြောင့် သူကတော့ လူ့ဘဝမှာတောင် နေချင်စိတ်မရှိတော့ကြောင်း တခြားသူတွေကို

ပိုးကူးမှာစိုးလို့ သတ်မှတ်ထားတဲ့နေရာမှာ သီးခြားနေထိုင်ရမှာဖြစ်တဲ့အကြောင်း၊ ရောဂါပျောက်လို့ အခြေအနေကောင်းတာနဲ့ ဘယ်ကိုဆက်သွယ်ရမယ်ဆိုတာပြောမယ်လို့ လှည့်စားခဲ့တာပါ။ အဲဒီအမျိုးသားဟာ Navi Mumbai မှာ နေထိုင်သူပါ။ သူဟာ ဇူ လိုင် ၂၄ ရက်ကတည်းက

အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီကြားကာလမှာ မယားကြီးဖြစ်သူက ခင်ပွန်းအနေနဲ့ ရောဂါကြောင့်စိတ်ညစ်ပြီး တစ်ခုခု လုပ်သွားမှာကိုတွေ ပူခဲ့ရှာပါတယ်။ ဒါပေမယ့် ဘသားချောက မယားငယ်လို့ ပြောလို့ရတဲ့အိမ်မှာ စည်းစိမ်အပြည့်နဲ့ နှပ်နေခဲ့တာပါတဲ့။

ခင်ပွန်းဖြစ်သူဟာ ဇနီးထံကို ဇူလိုင် ၂၄ ရက်က နောက်ဆုံးဖုန်းဆက်ခဲ့ပြီး ဇနီးက မှာဖို့ကြားဖို့ ဖုန်းပြန်ဆက်လိုက်တဲ့ အချိန်မှာတော့ စက်ကိုပိတ်ထားလိုက်ပြီလို့ သိရပါတယ်။ ရက်အတန် ကြာတဲ့အခါမှာ အမျိုးသမီးဟာ သူမရဲ့မောင်ဖြစ်သူ အကူအညီနဲ့ ခင်ပွန်းပျောက်ဆုံးကြောင်း

ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပါတယ်။ ရဲတွေကလည်း တရားဝင် Q စင်တာတွေထံ လူပျောက်တိုင်ခံရသူရဲ့ ကိုယ်ရေးအချက်လက်ကို ပို့ပေးပြီး စုံစမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီမှာတင်ပဲ မသင်္ကာစရာတွေ ဆက်တိုက်ပေါ်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ လူပျောက် တိုင်ခံရသူရဲ့

ဆိုင်ကယ်၊ ဦးထုပ်၊ ဟဲလ်မတ်၊ ဘေးဆောင်လွယ်အိတ်တို့ကို Vashi မြို့က လမ်းအပိုင် ၁၇ အနီးမှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်နိုင်ခဲ့ပါတယ်။ တကိုယ်ရေ လွတ်လမ်းရှာသွားတဲ့ပုံစံ ဖန်တီးထားတာဆိုပေမယ့် လူကိုတော့ မတွေ့ခဲ့ရပါဘူး။ နောက်ဆုံးတော့ ဇနီးရဲ့အသိုင်းအဝိုင်းက

ဒီလူ့မှာ မယားငယ်ရှိတယ် ဆိုတာကအစ သိသွားပါတော့တယ်။ ဖုန်းနောက်ဆုံးပြောထားတဲ့ တည်နေရာကနေ တစ်လနီးပါးကြာ ခြေရာခံလိုက်တဲ့အခါမှာတော့ အဲဒီအမျိုးသားကို ရဲတပ်ဖွဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူ့ကို တွေ့ရတဲ့နေရာက Navi Mumbaiမြို့နဲ့ မိုင် ၃၆၀ အကွာက

Indore မြို့မှာ မယားငယ်အိမ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်မှာ အဲဒီအမျိုးသားကို ဖမ်းဆီးခဲ့ပြီး၊ ရဲက သူ့ကို စည်းမျဉ်းချိုးဖောက်မှုအတွက် အရေးယူမှာဖြစ်သလို၊ မယားကြီးရဲ့ မိသားစုကလည်း တရားစွဲဖို့ ပြင်ဆင်နေပါတယ်။