မႏၲေလးျမဳိ႕တြင္ Stay At Home သတ္မွတ္ထားေသာ ၿမိဳ့နယ္မ်ားရွိ လမ္းမအခ်ိဳ႕ကုိ အသြားအလာပိတ္မည္ျဖစ္ေၾကာင္း နယ္/လုံဝန္ႀကီးမွ အတည္ျပဳခဲ့

မႏၲေလးတြင္ Stay At Home သတ္မွတ္ထားေသာ ၿမိဳ့နယ္မ်ားရွိ လမ္းမအခ်ိဳ့ အသြားအလာပိတ္မည္ျဖစ္ေၾကာင္း နယ္/လုံဝန္ႀကီး အတည္ျပဳ။ မႏၲေလးခရိုင္အတြင္းရွိ Stay at Home (ေနအိမ္တြင္ ေနထိုင္ရန္) သတ္မွတ္ထားေသာ ၿမိဳ့နယ္မ်ားရွိ လမ္းအခ်ိဳ့ကို

အသြားအလာ ပိတ္ပင္မည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွူးႀကီး ေက်ာ္ေက်ာ္မင္းက Mandalay In-depth News အား အတည္ျပဳေျပာၾကားသည္။ အဓိက မိန္းလမ္းမမ်ားကို ဖြင့္ထားေပးမည္ျဖစ္ၿပီး အစီအစဥ္အေသးစိတ္ကို

မၾကာမီ ထုတ္ျပန္ေပးမည္ဟု မႏၲေလးတိုင္းေဒသႀကီး COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီတြင္လည္း ပါဝင္သူ ၎က ေျပာသည္။အကုန္လုံး ပိတ္ပစ္မွာ မဟုတ္ပါဘူး။ အစီအစဥ္ေတာ့ ရွိတယ္ ဝန္ႀကီးခ်ဳပ္အတည္ျပဳခ်က္

ေစာင့္ေနတာ ျဖစ္လိမ့္မယ္” ဟု ဗိုလ္မွူးႀကီး ေက်ာ္ေက်ာ္မင္းက ရွင္းျပသည္။ မႏၲေလးခရိုင္အတြင္းရွိ COVID-19 ေရာဂါ ကူးစက္မွု ျမင့္တက္ေနသည့္ ခ်မ္းေအးသာစံ၊ မဟာေအာင္ေျမႏွင့္ အမရပူရၿမိဳ့နယ္တို့ကို စက္တင္ဘာ (၂၆)ရက္မွ စ၍Stat at Home ေနထိုင္ရန္

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက အမိန႔္ထုတ္ျပန္ထားသည္။ ခ်မ္းေအးသာစံၿမိဳ့နယ္အတြင္း ျဖတ္သန္းသြားလာရန္အတြက္ ေတာင္ေျမာက္ျဖတ္လမ္းျဖစ္သည့္ ကမ္းနားလမ္း၊ ၈၄ လမ္း၊ လမ္း ၈၀၊ ၇၈ လမ္း၊ ၆၆ လမ္း၊ ၆၂ လမ္း၊ ျမိဳ့ပတ္လမ္း၊ အေရွ႕အေနာက္ ျဖတ္လမ္း ျဖစ္သည့္

၂၆ လမ္း၊ လမ္း ၃၀၊ ၃၅ လမ္းတို႔ကိုသာ ခြင့္ျပဳေပးမည္ျဖစ္ၿပီး က်န္လမ္းမမ်ားကို ျဖတ္သန္းသြားလာခြင့္ပိတ္ပင္မည္ျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။ လမ္းအခ်ိဳ့ ယာယီပိတ္မည့္အေျခအေနအေပၚ မႏၲေလးၿမိဳ့ေတာ္ စည္ပင္သာယာေရးေကာ္မတီက လုပ္ေဆာင္မည္မဟုတ္ဘဲ

တိုင္းအစိုးရအဖြဲ႕၏ အစီအမံသာ ျဖစ္ေၾကာင္း ယင္းစည္ပင္ တာဝန္ရွိသူတစ္ဦးက ေျပာသည္။ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ညႊန္ၾကားခ်က္အေပၚ မူတည္၍ ရဲတပ္ဖြဲ႕က လိုက္ပါေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ အႀကီးတန္းအရာရွိတစ္ဦးကလည္း

ေျပာဆိုသည္ မႏၲေလးတြင္ Stay At Home သတ္မွတ္ထားေသာ ၿမိဳ့နယ္မ်ားရွိ လမ္းမအခ်ိဳ့ အသြားအလာ အဝင္အထြက္ ပိတ္မည္ ျဖစ္ေၾကာင္း ရပ္ေက်း အုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ားကလည္း ေျပာၾကားၿပီး တရားဝင္အမိန႔္စာ အေနျဖင့္မူ မေရာက္ေသးဟုဆိုသည္။

မႏၲေလးတိုင္းေဒသႀကီး ေအာင္ေျမသာစံ၊ ခ်မ္းေအးသာစံ၊ မဟာေအာင္ေျမ၊ ခ်မ္းျမသာစည္၊ ျပည္ႀကီးတံခြန္၊ ပုသိမ္ႀကီး၊ ျမင္းၿခံ၊ ႏြားထိုးႀကီး၊ သာစည္၊ မိတၳီလာ၊ ေပ်ာ္ဘြယ္၊ ေက်ာက္ပန္းေတာင္၊ ငါန္းဇြန္၊ ေတာင္သာ၊ ဝမ္းတြင္း၊ ရမည္းသင္း၊ သပိတ္က်င္း၊ မတၱရာ၊ ေက်ာက္ဆည္

ျပင္ဦးလြင္၊ ေညာင္ဦးစသည့္ ၿမိဳ့နယ္ (၂၀)ေက်ာ္တြင္ COVID-19 ေရာဂါ အတည္ျပဳလူနာမ်ား ေတြ႕ရွိခဲ့ၿပီး စုစုေပါင္း အတည္ျပဳလူနာ (၂၀၀)ေက်ာ္ရွိကာ ေသဆုံးသူ တစ္ဦးရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားတြင္ ေဖာ္ျပထားသည္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မန္တလေးတွင် Stay At Home သတ်မှတ်ထားသော မြို့နယ်များရှိ လမ်းမအချို့ အသွားအလာပိတ်မည်ဖြစ်ကြောင်း နယ်/လုံဝန်ကြီး အတည်ပြု။ မန္တလေးခရိုင်အတွင်းရှိ Stay at Home (နေအိမ်တွင် နေထိုင်ရန်) သတ်မှတ်ထားသော မြို့နယ်များရှိ လမ်းအချို့ကို

အသွားအလာ ပိတ်ပင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက Mandalay In-depth News အား အတည်ပြုပြောကြားသည်။ အဓိက မိန်းလမ်းမများကို ဖွင့်ထားပေးမည်ဖြစ်ပြီး အစီအစဉ်အသေးစိတ်ကို

မကြာမီ ထုတ်ပြန်ပေးမည်ဟု မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတွင်လည်း ပါဝင်သူ ၎င်းက ပြောသည်။အကုန်လုံး ပိတ်ပစ်မှာ မဟုတ်ပါဘူး။ အစီအစဉ်တော့ ရှိတယ် ဝန်ကြီးချုပ်အတည်ပြုချက်

စောင့်နေတာ ဖြစ်လိမ့်မယ်” ဟု ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ရှင်းပြသည်။ မန္တလေးခရိုင်အတွင်းရှိ COVID-19 ရောဂါ ကူးစက်မှု မြင့်တက်နေသည့် ချမ်းအေးသာစံ၊ မဟာအောင်မြေနှင့် အမရပူရမြို့နယ်တို့ကို စက်တင်ဘာ (၂၆)ရက်မှ စ၍Stat at Home နေထိုင်ရန်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။ ချမ်းအေးသာစံမြို့နယ်အတွင်း ဖြတ်သန်းသွားလာရန်အတွက် တောင်မြောက်ဖြတ်လမ်းဖြစ်သည့် ကမ်းနားလမ်း၊ ၈၄ လမ်း၊ လမ်း ၈၀၊ ၇၈ လမ်း၊ ၆၆ လမ်း၊ ၆၂ လမ်း၊ မြို့ပတ်လမ်း၊ အရှေ့အနောက် ဖြတ်လမ်း ဖြစ်သည့်

၂၆ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်းတို့ကိုသာ ခွင့်ပြုပေးမည်ဖြစ်ပြီး ကျန်လမ်းမများကို ဖြတ်သန်းသွားလာခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ လမ်းအချို့ ယာယီပိတ်မည့်အခြေအနေအပေါ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်မည်မဟုတ်ဘဲ

တိုင်းအစိုးရအဖွဲ့၏ အစီအမံသာ ဖြစ်ကြောင်း ယင်းစည်ပင် တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အပေါ် မူတည်၍ ရဲတပ်ဖွဲ့က လိုက်ပါဆောင်ရွက်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးကလည်း

ပြောဆိုသည် မန္တလေးတွင် Stay At Home သတ်မှတ်ထားသော မြို့နယ်များရှိ လမ်းမအချို့ အသွားအလာ အဝင်အထွက် ပိတ်မည် ဖြစ်ကြောင်း ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကလည်း ပြောကြားပြီး တရားဝင်အမိန့်စာ အနေဖြင့်မူ မရောက်သေးဟုဆိုသည်။

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ မြင်းခြံ၊ နွားထိုးကြီး၊ သာစည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်၊ ငါန်းဇွန်၊ တောင်သာ၊ ဝမ်းတွင်း၊ ရမည်းသင်း၊ သပိတ်ကျင်း၊ မတ္တရာ၊ ကျောက်ဆည်

ပြင်ဦးလွင်၊ ညောင်ဦးစသည့် မြို့နယ် (၂၀)ကျော်တွင် COVID-19 ရောဂါ အတည်ပြုလူနာများ တွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ (၂၀၀)ကျော်ရှိကာ သေဆုံးသူ တစ်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ခရက်ဒစ်