မ်က္လုံးတစ္ဖက္ ခ်ိဳ႕ယြင္းေနသူေလးကို မ်က္လုံးအတုလႉဒါန္​းကာ ကြက္လပ္ေလးျဖည့္ေပးခဲ့​ေသာ ပီတိေလးကို မွ်ေဝေပးလာခဲ့တဲ့ နန္းစႏၵာလွထြန္း (႐ုပ္​သံ)

ခ်စ္စရာေကာင္းတဲ့ အမူအယာေလးေတြနဲ႔ ပရိသတ္ေတြရဲ႕ အသည္းႏွလုံးကို ဖမ္းစားထားတဲ့ ရွမ္းမေလး နန္းစႏၵာလွထြန္းက ဇာတ္လမ္းတြဲေတြနဲ႔ ေအာင္ျမင္လာသူ တစ္ဦးပါ။ နန္းစႏၵာလွထြန္းကို အားေပးၾကတဲ့ ပရိသတ္ေတြကလည္း အသက္အ႐ြယ္မ်ိဳးစုံနဲ႔

အနယ္နယ္ အရပ္ရပ္မွာ အမ်ားအျပား ရွိေနတာပဲ ျဖစ္ပါတယ္။ နန္းစႏၵာလွထြန္းက လက္ရွိမွာလည္း သူမ ခ်စ္တဲ့ အႏုပညာလုပ္ငန္းေတြကို ဆက္လက္ လုပ္ကိုင္ေနရင္း ျပည္သူခ်စ္မင္းသမီးေလးအျဖစ္ ရပ္တည္ေနတာကို ေတြ႕ရပါတယ္။ ဒီကေန႔မွာေတာ့

နန္းစႏၵာလွထြန္းက လြန္ခဲ့တဲ့လေတြက မ်က္လုံးတစ္ဖက္ ခ်ိဳ႕ယြင္းေနသူေလးကို မ်က္လုံးအတုတပ္ကာ ကြက္လပ္ေလးျဖည့္ေပးခဲ့တဲ့ အမွတ္တရ ဗီဒီယိုေလးကို မွ်ေဝေပးလာပါတယ္။ နန္းစႏၵာလွထြန္းက “ညီမေလးတစ္ေယာက္ရဲ႕ ကြက္လပ္ကို ကိုယ္တိုင္သြားေရာက္

ျဖည့္ခြင့္ရခဲ့တယ္။ ကိုယ္ျဖည့္ေပးခဲ့တဲ့ ကြက္လပ္ရဲ႕ နာမည္က မခ်စ္ေခ်ာတဲ့။ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕နယ္ ကတို႔ဆိပ္ေက်း႐ြာက ၇တန္းေက်ာင္းသူေလးေပါ့။ ညီမေလးခ်စ္ေခ်ာ ကြက္လပ္ကေလးျပည့္လို႔ လူေတြကို ရဲရဲဝံ့ဝံံ့ ေခါင္းေမာ့ျပပါေလ။ ပိတိတဲ့ ဘာနဲ႔မွ

လဲလို႔မရႏိုင္တာမ်ိဳး” ဆိုျပီး သူမရဲ့ ဗီဒီယိုေလးကို အခုလိုပဲ ပရိသတ္ေတြအတြက္ ေဖာ္ျပလာပါတယ္။ နန္းစႏၵာလွထြန္းကေတာ့ သူမရဲ့ အကူအညီေလးတစ္ခုေၾကာင့္ ကြက္လပ္လည္း ျပည့္သြားခဲ့တဲ့ ညီမေလးကိုၾကည့္ျပီး ေတာ္ေတာ္ေလး ပီတိျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။

ပရိသတ္ၾကီးလည္း ဒီဗီဒီယိုေလးကိုၾကည့္ျပီး နန္းစႏၵာလွထြန္းနဲ့ ထပ္တူ ပီတိျဖစ္ဝမ္းသာၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတဲ့ ရှမ်းမလေး နန်းစန္ဒာလှထွန်းက ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာသူ တစ်ဦးပါ။ နန်းစန္ဒာလှထွန်းကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အသက်အရွယ်မျိုးစုံနဲ့

အနယ်နယ် အရပ်ရပ်မှာ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက လက်ရှိမှာလည်း သူမ ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေရင်း ပြည်သူချစ်မင်းသမီးလေးအဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ ဒီကနေ့မှာတော့

နန်းစန္ဒာလှထွန်းက လွန်ခဲ့တဲ့လတွေက မျက်လုံးတစ်ဖက် ချို့ယွင်းနေသူလေးကို မျက်လုံးအတုတပ်ကာ ကွက်လပ်လေးဖြည့်ပေးခဲ့တဲ့ အမှတ်တရ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ နန်းစန္ဒာလှထွန်းက “ညီမလေးတစ်ယောက်ရဲ့ ကွက်လပ်ကို ကိုယ်တိုင်သွားရောက်

ဖြည့်ခွင့်ရခဲ့တယ်။ ကိုယ်ဖြည့်ပေးခဲ့တဲ့ ကွက်လပ်ရဲ့ နာမည်က မချစ်ချောတဲ့။ နေပြည်တော် ပျဉ်းမနားမြို့နယ် ကတို့ဆိပ်ကျေးရွာက ၇တန်းကျောင်းသူလေးပေါ့။ ညီမလေးချစ်ချော ကွက်လပ်ကလေးပြည့်လို့ လူတွေကို ရဲရဲဝံ့ဝံံ့ ခေါင်းမော့ပြပါလေ။ ပိတိတဲ့ ဘာနဲ့မှ

လဲလို့မရနိုင်တာမျိုး” ဆိုပြီး သူမရဲ့ ဗီဒီယိုလေးကို အခုလိုပဲ ပရိသတ်တွေအတွက် ဖော်ပြလာပါတယ်။ နန်းစန္ဒာလှထွန်းကတော့ သူမရဲ့ အကူအညီလေးတစ်ခုကြောင့် ကွက်လပ်လည်း ပြည့်သွားခဲ့တဲ့ ညီမလေးကိုကြည့်ပြီး တော်တော်လေး ပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး နန်းစန္ဒာလှထွန်းနဲ့ ထပ်တူ ပီတိဖြစ်ဝမ်းသာကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။