ကိုဗစ်ရောဂါ ကာကွယ်ကုသတိုက်ဖျက်​​ရေးအတွက် ဧရာဝတီ Q စင်တာမှာ​ငွေသိန်းဆယ်​ချီပြီး လှူဒါန်းပေးခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့နှစ်ဦးကတော့ ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ကာ ပညာထူးချွန်ပေမယ့် ငွေကြေးမတတ်နိုင်သူ ကျောင်းသား၊ကျောင်းသူများကို နှစ်စဉ်လှူဒါန်းပေးလျက်ရှိသူတွေပါ။
ဒီတစ်ခေါက်မှာလည်း လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေအတွက် လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ ကိုဗစ်ရောဂါကာကွယ်ကုသရေးစင်တာတစ်ခုဖြစ်တဲ့ ဧရာဝတီစင်တာမှာ ပြေတီဦး+အိန္ဒြာကျော်ဇင် မိသားစုမှ
အလှူငွေသိန်း(၂၀) အပြင် ပြေတီဦးပညာရေးဖောင်ဒေးရှင်းမှ အလှူငွေ(၁၀)သိန်း စုစုပေါင်းသိန်း(၃၀) တိတိ လှူဒါန်းပေးခဲ့ပါတယ်။ ပြေတီဦးကတော့ ဒီအလှူလေးကိုမျှဝေဖော်ပြရင်း ကျန်းမာရေးဝန်ထမ်းများနဲ့တကွ ရောဂါခံစားနေရသူများ၊
(၇) ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းရှင်ပြီး ရောဂါကပ်ဆိုးကြီးကို အောင်မြင်စွာကျော်လွှားနိုင်ကြစေဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။ အခုလို တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးကို မြန်မာနိုင်ငံအနေနဲ့လည်း ကာကွယ်ကုသရေးလုပ်နေချိန်မှာ
အစိုးရထောက်ပံ့မှုတွေသာမက ပြည်သူချစ်အနုပညာရှင်တွေကိုယ်တိုင် ရှေ့ကဦးဆောင်လှူဒါန်းပေးနေတာကတော့ တကယ်ကို စိတ်ချမ်းသာစရာပဲမဟုတ်လား ပရိသတ်ကြီးရေ။ ခရက်ဒစ်