သူ့​ကိုဂရုမစိုက်ပဲပစ်​ထားတဲ့အတွက်​ သခင်​ဖြစ်​သူရဲ့ ၇ ရက်ကြာအချိန်ယူပြီးဆက်ထားရ​သော Doraemon အရုပ်ကိုဖျက်ဆီးပစ်ခဲ့​တဲ့ ကြောင်လေးရဲ့အဆုံးသတ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
သခင်က ဂရုမစိုက်လို့ဆိုပြီး၊ သခင့်ရဲ့ 7ရက်အချိန်ယူပြီးဆက်ထားရတဲ့ Doraemon အရုပ်ကိုဖျက်ဆီးပစ်ခဲ့တဲ့ ကြောင်လေးအဆုံးသတ်။ ကြောင်မွေးဖူးသူတိုင်းသိကြတဲ့အချက်ကတော့
ကြောင်လေးတွေဟာ သူတို့ကိုဂရုတစိုက် အာရုံစိုက်ကြတာမျိုး လိုချင်ကြတာပါ၊ ဒါကြောင့် သခင်ဖြစ်သူတွေရဲ့ အာရုံစိုက်မှုကိုရအောင် နည်းအမျိုးမျိုးနဲ့ကြိုးစားပြလေ့ရှိပါတယ် ဒီတစ်ခေါက်ဖော်ပြမဲ့
အကြောင်းလေးကလည်း သခင်ဖြစ်သူရဲ့အာရုံစိုက်မှုကိုရအောင် ကြီးမှားတဲ့ပြစ်မှုတစ်ခုလုပ်မိလိုက်တာပါပဲ။ အကြောင်းကတော့ ထိုင်းနိုင်ငံကအမျိုးသားတစ်ယောက်ဟာ အပိုင်းအစပေါင်း
2,432 ခုပါရှိတဲ့ Doraemon အရုပ်ကို အချိန်တစ်ပတ်ပေးပြီး ဆက်ထားခဲ့ရတာပါ သို့ပေမဲ့လည်း ကြောင်လေးက သခင်သူ့ကိုအာရုံမစိုက်ပဲ ပစ်ထားလို့ဆိုပြီး သခင့်ရဲ့ Doraemon အရုပ်ကို
ဖျက်ဆီးပစ်လိုက်ပြီးနောက် နောင်တရပုံလည်းမပေါ်ဘဲ သခင့်အနား အတင်းတိုးဝှေ့နေခဲ့ပါတော့တယ် အဆိုပါအဖြစ်အပျက်ကို သခင်ဖြစ်သူက ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပြီးနောက်မှာတော့
လူအတော်အများက ကြောင်ဆိုးလေးရဲ့ အပြုအမူကို ချစ်မဝနိုင်အောင်ဖြစ်ခဲ့ကြပြီး အဆိုပါပို့စ်ကို ကြိုက်နှစ်သက်သူပေါင်းများစွာရှိခဲ့ပြီး၊ ပြန်လည်ဝေမျှသူလည်း အများအပြားရှိခဲ့ပါတယ်။ ခရက်ဒစ်