ယခုအချိန်​မှာ ဆွမ်းကွမ်းအခက်အခဲဖြစ်နေ​သော စာသင်သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းအစုစုနှင့် ကုသိုလ်ပြုလှူဒါန်းခဲ့တဲ့ လွင်မိုးတို့ဇနီးမောင်နှံ
ယူနီကုဒ်ဖြင့် ဖတ်ရန်
မင်းသားကြီးလွင်မိုးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူ့ရဲ့ အသက် (၅၀) ပြည့်အရွယ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီနေ့ဒီအချိန်ထိတိုင် ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးနေရဆဲ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် လွင်မိုးကတော့ လက်ရှိ ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်းသာ လုပ်ကိုင်နေပြီး နေအိမ်မှာသာ မိသားစုတွေနဲ့အတူတူ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ကိုဗစ်ကာလမှာ လက်လှမ်းမှီသလောက် အလှူအတန်းတွေ ပြုလုပ်နေတဲ့ လွင်မိုးတို့ မိသားစုက ဒီကနေ့မှာလည်း Covid ကာလမှာ ဆွမ်းစားကြွဖို့ အခက်အခဲဖြစ်နေတဲ့ စာသင်တိုက်အတွက် ဆီ၊ ငါးပိနဲ့ ငါးခြောက်များ လှူဒါန်းခဲ့ပါတယ်။
လွင်မိုးက နှစ်စဉ်အလှုလုပ်နေကျ ကမ္ဘာအေး မဟာဂန္ဓာရုံ စာသင်တိုက်အတွက် ဆီ (၅၀) ပိသာ၊ ငါးပိ (၅) ပိသာ၊ ငါးရံ့ခြောက် ဖုတ်ပြီးသား (၂) ပိသာ လှူဒါန်းဖြစ်ပါတယ်” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို မျှဝေပေးလာခဲ့ပါတယ်။ လွင်မိုးတို့ မိသားစုကတော့
လိုအပ်နေတဲ့ နေရာတွေကို အလှူအတန်းတွေ ပြုလုပ်ရင်း အေးအေးဆေးဆေး ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မင်းသားကြီးလွင်မိုးတို့ မိသားစုရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်