ကြပ်တည်းနေချိန် ယခုလိုကိုဗစ်ကာလကြီးမှာ အလုပ်မရှိသောသူတွေကို အလုပ်ပေးတဲ့အနေနဲ့ ဆောက်ခိုင်းခဲ့တဲ့အိမ်လေး ပြီးစီးသွားခဲ့ပြီလို့ဆိုလာတဲ့ သိင်္ဂီထွန်း
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သိင်္ဂီထွန်းကတော့ ကျရာဇာတ်ရုပ်ကို အပိုအလိုမရှိ သရုပ်ဆောင်နိုင်ပေမယ့် ကံမကောင်းစွာနဲ့ အကယ်ဒမီဆုတွေနဲ့ လွဲချော်နေဆဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက
အနုပညာကို ရူးသွပ်စွာနဲ့ လုပ်ကိုင်ခဲ့ပြီး ယနေ့ထက်တိုင် နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့တဲ့ သိင်္ဂီထွန်းက ယခုအချိန်ထိတိုင် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
သိင်္ဂီထွန်းကလည်း အသက်အရွယ်အရ လိုက်ဖက်ညီတဲ့ ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ရင်း အနုပညာလောကထဲမှာ ဖြတ်သန်းကျင်လည်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သိင်္ဂီထွန်းက ကိုဗစ်ကာလမှာ
အလုပ်မရှိတဲ့သူတွေကို အလုပ်ပေးတဲ့အနေနဲ့ ဆောက်ခဲ့တဲ့ အိမ်လေး ပြီးစီးသွားခဲ့ပြီဆိုတဲ့အကြောင်းကို ပြောလာပါတယ်။ သိင်္ဂီထွန်းက “ပထမ ကိုဗစ်ကာလမှာ အလုပ်မရှိထိုင်နေရတဲ့သူတွေကို အလုပ်ပေးတဲ့
အနေနဲ့ ဆောက်လိုက်တဲ့ ဒီအိမ်လေး ခုတော့ပြီးပြီ” ဆိုပြီး သူမရဲ့ အိမ်အသစ်လေးကို ပြသထားပါတယ်။ သိင်္ဂီထွန်းကတော့ ကိုဗစ်ကာလမှာ အလုပ်မရှိလို့ ဝမ်းရေးခက်ခဲနေတဲ့ ပန်းရံဆရာတွေ၊ လက်သမားဆရာတွေကို
အလုပ်ပေးတဲ့အနေနဲ့ သူမရဲ့ အိမ်အသစ်ကြီးကို ဆောက်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။