အရေးကြုံလာပြီဆိုရင်​ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီတတ်ကြ​သော စိတ်​နှလုံးလှပကြတဲ့ မြန်မာနိုင်ငံသားများ






ယူနီကုဒ်ဖြင့်ဖတ်ရန်

မနေ့က လမ်းထဲက အမတစ်ယောက် အခန့်မသင့် ရောဂါကူးစက်ခံရတယ် လို့ သိရပါတယ်။ “အခန့်မသင့်” လို့သုံးရတာ အကြောင်းရှိပါတယ်။

နောက်မှ ရှင်းပြပါ့မယ်။ သူမက P ထိပြီဆိုတော့ သူ့မိသားစုက အိမ်မှာနေရပြီ။ အပြင်ကို ဈေးထွက်ဝယ်မလို့ အခက်အခဲဖြစ်နေချိန်မှာ

တစ်လမ်းထဲ ညီမတစ်ဦးက ဝိုင်းဝန်းကူညီပါတယ်။ ဒီနေ့ ကျန်မိသားစုကို FQ အတွက် လာခေါ်မယ်လို့ သိရတဲ့အချိန်မှာ ကျနော်တို့

လမ်းသူလမ်းသားတွေက ထွက် နှုတ်ဆက်အားပေးဖို့ မတတ်သာလို့ အောက်ကပုံတွေအတိုင်း အားပေးနှစ်သိမ့်ကြောင်း ဝမ်းသာစွာသိရလို့

သူတို့မိသားစုကိုယ်စား လမ်းသူလမ်းသားတွေကို ကျေးဇူးတင်ရပါတယ်။ ကမ္ဘာ့ကပ်ရောဂါကို လူသားအချင်းချင်း ဝိုင်းဝန်းယိုင်းပင်းခြင်းဖြင့် အနိုင်ယူကြပါစို့။