ကိုဗစ်​ရောဂါပိုးတွေ့ရှိခဲ့သည့် သံဃာတော်နှင့် သီလရှင်များအတွက်ကို အရှင်ဆေကိန္ဒ နှင့် မဇ္ဈိမဂုဏ်ရည် ဆရာတော်တို့မှ ကျပ်သိန်း ၁၀၀ စီ လှူဒါန်းခဲ့






ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည့် သံဃာတော်များ၊ သီလရှင်များအားလုံးနှင့် လူပုဂ္ဂိုလ်များအတွက် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့် အင်းစိန်ရွာမ ပရိယတ္တိကျောင်းတိုက်မှ သံဃာတော်များ အပါအဝင် သီလရှင်များအားလုံးနှင့် လူပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပြီး

ဆေးဝါးများ၊ ဓာတ်စာများ၊ ကော်ဖီ၊ အအေးနှင့် သောက်ရေသန့်များ စီစဉ်လှူဒါန်းရန်အတွက် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အလားတူ မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာအရှင် ကောဝိဒကလည်း ကျပ်သိန်း ၁၀၀ လှူဒါန်းပြီး ကိုဗစ် P အဖြေထွက်ခဲ့သော သံဃာတော်များ လူပုဂ္ဂိုလ်များအတွက် အထူးရည်ရွယ်ပြီး

ဆေးဝါးများ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကာ ပါရမီဖြည့်ဘက် ဒါယကာ ဒါယိကာမများအနေနဲ့ လှူဒါန်းလိုက ပေါင်းစပ်လှူဒါန်းဖို့ အသိပေး အကြောင်းကြားအပ်ပါတယ်။