Q စင်တာထဲမှာတောင် စာကြည့်မပျက် အိနြေ္ဒမမဲ့ကြ​သော ကြည်ညိုဖွယ်ရာ ဗုဒ္ဓရဲ့သားတော်များ




ယူနီကုဒ်ဖြင့်ဖတ်ရန်

ကြည်ညိုလိုက်တာ မြတ်ဗုဒ္ဓရဲ့တပည့်သား ပီသလွန်းပါတယ်။ ရောဂါဝေဒနာနဲ့ နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်နေရတာတောင်မှ စာကျက်မပျက်ကြပေဘူး။ ဆရာကောင်းတပည့် ပီသပါပေတယ်။

ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ဆရာ့မျက်မှောက်နဲ့မျက်ကွယ် အတူတူပဲ လိုက်နာခံယူနေကြပါတယ်။ ဖုဿဋ္ဌလောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ ဆိုတဲ့မင်္ဂလာတရားနဲ့အညီ “လောကဓံကြုံ မဖြုံတမ်းပေါ့”

အရှင်ဘုရားများ ဘုရားတန်ခိုး တရားတန်ခိုး သံဃာတော်တို့၏တန်းခိုးတော်တို့ကြောင့် ရောဂါဝေဒနာတွေ အမြန်ကင်းစင်လွင့်ပျောက် ချမ်းသာခြင်းသို့ ရောက်ကြပါစေဘုရား။ ခရက်ဒစ် – အရှင်ရေဝတ(မဟာချူလာတက္ကသိုလ်) 25-9-2020.