အနုပညာသက်​တမ်း နှစ်​​ပေါင်း ၂၀ နီးပါးဖြတ်​သန်းခဲ့ပြီးချိန်​မှ ပရိသတ်တစ်ယောက်​ဆီက ပထမဦးဆုံး​သော ပုံတူတက်တူးထိုးပြီး ​​​လေးစားဂုဏ်​ပြုခြင်းခံခဲ့ရလို့ ​ပြောမပြတက်​​အောင်​ ဝမ်းသာပီတိဖြစ်နေတဲ့ ရဲလေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
နိုင်ငံကျော် သရုပ်ဆောင်နှင့် အဆိုတော် ရဲလေးဟာ သီချင်းဆိုကောင်းပြီး သရုပ်ဆောင်တဲ့နေရာမှာပါ ထူးချွန်တာကြောင့် ပရိသတ်တွေအားပေးမှုကို ရရှိထားသူတစ်ဦးပါ။ အသံကောင်းသလို ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ရဲလေးက
မိန်းကလေးပရိသတ်တွေ အတော်များများရဲ့ အားပေးခြင်းကို ခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အဲ့ဒါကြောင့်လည်း ရဲလေးက အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်စွာ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ရဲလေးက အနုပညာသက်တမ်း(၁၈) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရိသတ်တစ်ယောက်ဆီက မမျှော်လင့်တာကို တွေ့ခဲ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်နေတာဘဲဖြစ်ပါတယ်။
ပရိသတ်တစ်ယောက်က ရဲလေးကို လေးစားချစ်ခင်ရတဲ့အကြောင်းကို ရဲလေးရဲ့ပုံတူတက်တူးထိုးပြီး “Respectဆိုတာ သူ့အလိုလို ရင်ထဲကနေ ဖြစ်တည်လာတဲ့ အရာတစ်ခုပါ”ဆိုတဲ့စာသားလေးနဲ့အတူ
၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလာခဲ့တာပါ။ ရဲလေးကလည်း ၎င်းတင်ထားတဲ့ ပို့စ်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြန်ရှယ်ပြီးတော့ ကျေးဇူးတင်မိတဲ့အကြောင်း၊ လေးစားမိတဲ့အကြောင်းကို အခုလိုဘဲ ပြောပြလာခဲ့ပါတယ်
“အနုပညာသက်တမ်း (၁၈)နှစ်အတွင်းမှာ ဒီနေ့မှာတော့ပထမဆုံးအကြိမ် တွေ့ရတာပါပဲ။ တွေ့တွေ့ချင်းမှာ ဆွံ့အသွားပါတယ်၊ ညီလေးရေ အစ်ကိုယ့်အတွက် တစ်ကယ်ကို ပထမဆုံးပါကွာ ကျေးဇူးပင်လယ်ပါ
ညီလေး TineAung (respect)လေးစားတယ် မင်းကို မိုက်ရူးရဲ ဆန်တယ်လို့ဝိုင်းပြောကောင်းပြောကြလိမ့်မယ်။ ကိုရဲလေး `ရကောက်´ ပုံကို Tattoo ထိုးခဲ့တဲ့အတွက် ညီလေးဂုဏ်ယူနေရတဲ့ Artists တစ်ယောက်အမြဲဖြစ်အောင်
ပိုကြိုးစားပြီး ပို run ပေးပါ့မယ် ညီလေး။ Tattoo Artist Bro ကိုလည်း ကျေးဇူးပင်လယ်ပါခင်ဗျာ၊ ကျေနပ်တယ်။ ဒါပါပဲ”။ ၎င်းပရိသတ်ကလည်း ရဲလေးရှယ်ထားတဲ့ ပို့စ်ရဲ့ကွန်းမန့်မှာ “ဘာပဲဖြစ်ဖြစ် ကျွန်တော်ကလည်းကျေနပ်နေပါတယ်ကိုကြီးရေ
အသားနာတာထက် စိတ်ထဲကပါ‌တာကို မလွန်ဆန်နိုင်ခဲ့တာ” ဆိုပြီးတော့ ပြန်လည်ရေးသားထားတာဘဲဖစ်ပါတယ်။ Idol နဲ့ fanကြားက ချစ်ခြင်းမေတ္တာကတော့ တကယ့်ကို ကြည်နူးစရာပါဘဲနော်။ ခရက်ဒစ်