ရန္ကုန္ၿမိဳ႕မွာရွိ​ေသာ ၿမိဳ႔နယ္အခ်ိဳ႕မွ ကေမာၻဇဘဏ္ခြဲ​ေပါင္​း ၅၀ ​ေက်ာ္​ကို ​ေခတၱရပ္ဆိုင္းလုိက္​ၿပီ

ကိုဗစ္ေရာဂါကူးစက္မႈ ျပင္းထန္ေနသည့္ ကာလအတြင္း ကေမာၻဇဘဏ္အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဘဏ္ခြဲ ၅၁ ဘဏ္၏ ဝန္ေဆာင္မႈမ်ားကို စက္တင္ဘာလ ၂၉ ရက္မွစတင္၍ ေခတၱယာယီ ရပ္ဆိုင္းသြားမည္ျဖစ္ေၾကာင္း ယင္းဘဏ္က ထုတ္ျပန္ထားသည္။

ဝန္ေဆာင္မႈမ်ား ယာယီရပ္နားထားမည့္ ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ ကေမာၻဇဘဏ္ခြဲမ်ားမွာ ဗဟန္း၊ ဗဟိုစည္၊ ဦးဝိဇာရလမ္း၊ ကုန္သည္လမ္း၊ ဘုရင့္ေနာင္(၄)၊ လမ္းမေတာ္(၈)၊ ပန္းဆိုးတန္း၊ ေ႐ႊျပည္သာ၊ ေဝဇယႏၲာ၊ ျပည္သူ႔ရင္ျပင္၊ ဗိုလ္ခ်ဳပ္လမ္း၊ ေ႐ႊေတာင္တန္း၊

စမ္းေခ်ာင္းဗဟိုလမ္း၊ ကမ္းနားလမ္း၊ ေ႐ႊျပည္သာ ၂၊ လႈိင္သာယာ ၃၊ တကၠသိုလ္ရိပ္သာလမ္းသစ္ ၂၊ ၾကည့္ျမင္တိုင္ ပန္းပင္ႀကီးလမ္း၊ ေ႐ႊသရဖီရိပ္မြန္၊ ဒဂုံစင္တာ စသည့္ဘဏ္ခြဲမ်ား ပါဝင္သည္။ သို႔ရာတြင္ customer မ်ား၏ ေန႔စဥ္ ဘဏ္လုပ္ငန္း ေဆာင္တာမ်ား အဆင္ေျပမႈ

ရွိေစေရးအတြက္ ဘဏ္ခြဲစုစုေပါင္း ၉၂ ဘဏ္ကို ပုံမွန္ဘဏ္လုပ္ငန္းခ်ိန္ျဖစ္ေသာ နံနက္ (၉:၃၀) နာရီမွ ေန႔လည္ ၃ နာရီအထိ ဆက္လက္ဖြင့္လွစ္ထားၿပီး ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈမ်ား ေပးအပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ အဆိုပါဖြင့္လွစ္ထားေသာ ဘဏ္ခြဲမ်ားမွာလည္း

လက္ရွိ ယာယီရပ္ဆိုင္းထားမည့္ ဘဏ္မ်ားႏွင့္ နီးစပ္ရာ အကြာအေဝးအတြင္းမွာသာ တည္ရွိၿပီး ဝန္ထမ္းမ်ားကိုလည္း အလည့္က်စနစ္ျဖင့္ တာဝန္ခ်ိန္ခြဲ၍ အလုပ္လုပ္ေစေသာေၾကာင့္ customer မ်ားအေနျဖင့္ ဘဏ္လုပ္ငန္းမ်ားကို လုံၿခဳံစိတ္ခ်စြာ ရယူႏိုင္မည္ျဖစ္ေၾကာင္း

သိရသည္။ ျမန္မာႏိုင္ငံတြင္းရွိ အျခား ကေမာၻဇဘဏ္ခြဲမ်ား အားလုံးတြင္ ပုံမွန္ဘဏ္လုပ္ငန္း အခ်ိန္အတိုင္း ဆက္လက္ဝန္ေဆာင္မႈ ေပးသြားမည္ျဖစ္ၿပီး Customerမ်ားအေနျဖင့္ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈမ်ားအတြက္ ATM မ်ား၊ KBZPay mobile wallet၊ KBZ iBanking

နဲ႔ mBanking အစရွိေသာ လူတစ္ဦးႏွင့္တစ္ဦး ထိေတြ႕ဆက္ဆံရန္မလိုအပ္ေသာ ဒစ္ဂ်စ္တယ္ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈမ်ားကို အသုံးျပဳျခင္းျဖင့္ ဘဏ္ခြဲမ်ားသို႔ လာေရာက္ရန္မလိုအပ္ပဲ ဘ႑ာေရးစီမံခန႔္ခြဲမႈမ်ား ျပဳလုပ္ႏိုင္ေၾကာင္း အသိေပးေၾကညာထားသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုဗစ်ရောဂါကူးစက်မှု ပြင်းထန်နေသည့် ကာလအတွင်း ကမ္ဘောဇဘဏ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘဏ်ခွဲ ၅၁ ဘဏ်၏ ဝန်ဆောင်မှုများကို စက်တင်ဘာလ ၂၉ ရက်မှစတင်၍ ခေတ္တယာယီ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ယင်းဘဏ်က ထုတ်ပြန်ထားသည်။

ဝန်ဆောင်မှုများ ယာယီရပ်နားထားမည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကမ္ဘောဇဘဏ်ခွဲများမှာ ဗဟန်း၊ ဗဟိုစည်၊ ဦးဝိဇာရလမ်း၊ ကုန်သည်လမ်း၊ ဘုရင့်နောင်(၄)၊ လမ်းမတော်(၈)၊ ပန်းဆိုးတန်း၊ ရွှေပြည်သာ၊ ဝေဇယန္တာ၊ ပြည်သူ့ရင်ပြင်၊ ဗိုလ်ချုပ်လမ်း၊ ရွှေတောင်တန်း၊

စမ်းချောင်းဗဟိုလမ်း၊ ကမ်းနားလမ်း၊ ရွှေပြည်သာ ၂၊ လှိုင်သာယာ ၃၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ၂၊ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း၊ ရွှေသရဖီရိပ်မွန်၊ ဒဂုံစင်တာ စသည့်ဘဏ်ခွဲများ ပါဝင်သည်။ သို့ရာတွင် customer များ၏ နေ့စဉ် ဘဏ်လုပ်ငန်း ဆောင်တာများ အဆင်ပြေမှု

ရှိစေရေးအတွက် ဘဏ်ခွဲစုစုပေါင်း ၉၂ ဘဏ်ကို ပုံမှန်ဘဏ်လုပ်ငန်းချိန်ဖြစ်သော နံနက် (၉:၃၀) နာရီမှ နေ့လည် ၃ နာရီအထိ ဆက်လက်ဖွင့်လှစ်ထားပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဖွင့်လှစ်ထားသော ဘဏ်ခွဲများမှာလည်း

လက်ရှိ ယာယီရပ်ဆိုင်းထားမည့် ဘဏ်များနှင့် နီးစပ်ရာ အကွာအဝေးအတွင်းမှာသာ တည်ရှိပြီး ဝန်ထမ်းများကိုလည်း အလည့်ကျစနစ်ဖြင့် တာဝန်ချိန်ခွဲ၍ အလုပ်လုပ်စေသောကြောင့် customer များအနေဖြင့် ဘဏ်လုပ်ငန်းများကို လုံခြုံစိတ်ချစွာ ရယူနိုင်မည်ဖြစ်ကြောင်း

သိရသည်။ မြန်မာနိုင်ငံတွင်းရှိ အခြား ကမ္ဘောဇဘဏ်ခွဲများ အားလုံးတွင် ပုံမှန်ဘဏ်လုပ်ငန်း အချိန်အတိုင်း ဆက်လက်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး Customerများအနေဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအတွက် ATM များ၊ KBZPay mobile wallet၊ KBZ iBanking

နဲ့ mBanking အစရှိသော လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံရန်မလိုအပ်သော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဘဏ်ခွဲများသို့ လာရောက်ရန်မလိုအပ်ပဲ ဘဏ္ဍာရေးစီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ကြောင်း အသိပေးကြေညာထားသည်။