​ေက်ာင္​းကုိ​ေရာက္​လာခ်ိန္​ ၁၀ မိနစ္ေနာက္က်သြားခဲ့လို႔ စာေမးပြဲေျဖဆိုခြင့္ ျငင္းပယ္ခံခဲ့ရ​ေသာ ေက်ာင္းသားေလး

စာေမးပြဲစစ္ရင္ ဘယ္သူမဆို ေစာေစာလာရမွာကေတာ့ ထံုးစံပါပဲ။ ဒါေပမယ့္ အေဝးၾကီးကေန ေတာက္ေလွ်ာက္ ခရီးႏွင္ရျပီး စာေမးပြဲလာေျဖတဲ့ ေက်ာင္းသားေက်ာင္းသူေတြ အခ်ိန္နည္းနည္းေလာက္ ေနာက္က်သြားရင္ေတာင္ စာေမးပြဲေျဖဆိုခြင့္ ေပးသင့္ပါတယ္။

ျပီးေတာ့ စာေမးပြဲမစေသးရင္ေတာင္ ပိုလို႔ ေျဖဆိုခိုင္းသင့္ပါတယ္။ အခုလည္း ခရီးေဝးႏွင္လာရျပီး သတ္မွတ္ထားတဲ့ အခ်ိန္ထက္ ၁၀ မိနစ္ေနာက္က်ခဲ့တဲ့ ေက်ာင္းသားတစ္ေယာက္ကို စာေမးပြဲေပးမေျဖပဲ ျပန္ႏွင္လႊတ္ခဲ့ေၾကာင္း Storypick သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုေက်ာင္းသားေလးကေတာ့ အိႏၵိယႏိုင္ငံ၊ Bihar ျပည္နယ္ရွိ Darbhanga ျမိဳ႕မွာ ေနထိုင္တဲ့ Santosh Kumar Yadav လို႔ အမည္ရတဲ့ အသက္ ၁၉ ႏွစ္အရြယ္ ေက်ာင္းသားေလးပဲ ျဖစ္ပါတယ္။ Santosh ဟာ အခု ၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁၃ ရက္ေန႔၊

Kolkata ျမိဳ႕မွာ က်င္းပမယ့္ NEET(National Eligibility cum Entrance Test) စာေမးပြဲကို ေျဖဆိုဖို႔ စာရင္းသြင္းခဲ့တာပဲ ျဖစ္ပါတယ္။ စာေမးပြဲေျဖဆိုခ်ိန္က ေန႔လည္ ၂ နာရီမွ စမွာျဖစ္ျပီး စာေမးပြဲအခန္းထဲကို ၁နာရီနဲ႔ မိနစ္ ၃၀ တိတိမွာ ေနာက္ဆံုးထားျပီး ေရာက္ရွိရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ Santosh ဟာ ေက်ာင္းေပါက္ဝကို ၁ နာရီနဲ႔ မိနစ္ ၄၀ တိတိမွာ ေရာက္ရွိခဲ့ျပီး ၁၀ မိနစ္တိတိ ေနာက္က်ခဲ့တာပါ။ ဒါကို တာဝန္ရွိသူေတြက ေက်ာင္းေပါက္ဝကေနေစာင့္ျပီး စာေမးပြဲေပးမေျဖခိုင္းပဲ ျပန္လႊတ္ခဲ့ေၾကာင္း သိရပါတယ္။

“ကၽြန္ေတာ္ စေနေန႔(၁၂.၉.၂၀၂၀)မနက္ ၈ နာရီကတည္းက Darbhanga ျပည္နယ္ကေန ဘက္စ္ကားစီးျပီး ထြက္လာခဲ့ရတာပါ။ လမ္းမွာ ကား သံုးခါခ်ိန္းစီးရပါတယ္။ Kolkata ျမိဳ႕ကို ေရာက္ဖို႔ ေနာက္ဆံုး Patna ျမိဳ႕ကေန ကားစီးတဲ့အခ်ိန္

လာတဲ့လမ္းမွာ ကားေတြ အရမ္းပိတ္ခဲ့လို႔ ၆ နာရီေလာက္ ေနာက္က်ခဲ့ရပါတယ္။ Kolkata ျမိဳ႕က Sealdah ဂိတ္ကို ေရာက္ေတာ့ ၁ နာရီနဲ႔ ၆ မိနစ္ရွိေနပါျပီ။ ကားဆိုက္ဆိုက္ခ်င္း တကၠစီငွားျပီး စာေမးပြဲေျဖဖို႔ ထြက္လာခဲ့ရတာပါ။

သတ္မွတ္ထာတဲ့ အခ်ိန္ထက္ ၁၀ မိနစ္ပံေနာက္က်ခဲ့တာပါ။ အခုေတာ့ တစ္ႏွစ္အခ်ိန္ပုပ္သြားတာပါပဲ”လို႕ Santosh က ေျပာၾကားခဲ့ပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

စာမေးပွဲစစ်ရင် ဘယ်သူမဆို စောစောလာရမှာကတော့ ထုံးစံပါပဲ။ ဒါပေမယ့် အဝေးကြီးကနေ တောက်လျှောက် ခရီးနှင်ရပြီး စာမေးပွဲလာဖြေတဲ့ ကျောင်းသားကျောင်းသူတွေ အချိန်နည်းနည်းလောက် နောက်ကျသွားရင်တောင် စာမေးပွဲဖြေဆိုခွင့် ပေးသင့်ပါတယ်။

ပြီးတော့ စာမေးပွဲမစသေးရင်တောင် ပိုလို့ ဖြေဆိုခိုင်းသင့်ပါတယ်။ အခုလည်း ခရီးဝေးနှင်လာရပြီး သတ်မှတ်ထားတဲ့ အချိန်ထက် ၁၀ မိနစ်နောက်ကျခဲ့တဲ့ ကျောင်းသားတစ်ယောက်ကို စာမေးပွဲပေးမဖြေပဲ ပြန်နှင်လွှတ်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုကျောင်းသားလေးကတော့ အိန္ဒိယနိုင်ငံ၊ Bihar ပြည်နယ်ရှိ Darbhanga မြို့မှာ နေထိုင်တဲ့ Santosh Kumar Yadav လို့ အမည်ရတဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသားလေးပဲ ဖြစ်ပါတယ်။ Santosh ဟာ အခု ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊

Kolkata မြို့မှာ ကျင်းပမယ့် NEET(National Eligibility cum Entrance Test) စာမေးပွဲကို ဖြေဆိုဖို့ စာရင်းသွင်းခဲ့တာပဲ ဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုချိန်က နေ့လည် ၂ နာရီမှ စမှာဖြစ်ပြီး စာမေးပွဲအခန်းထဲကို ၁နာရီနဲ့ မိနစ် ၃၀ တိတိမှာ နောက်ဆုံးထားပြီး ရောက်ရှိရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Santosh ဟာ ကျောင်းပေါက်ဝကို ၁ နာရီနဲ့ မိနစ် ၄၀ တိတိမှာ ရောက်ရှိခဲ့ပြီး ၁၀ မိနစ်တိတိ နောက်ကျခဲ့တာပါ။ ဒါကို တာဝန်ရှိသူတွေက ကျောင်းပေါက်ဝကနေစောင့်ပြီး စာမေးပွဲပေးမဖြေခိုင်းပဲ ပြန်လွှတ်ခဲ့ကြောင်း သိရပါတယ်။

“ကျွန်တော် စနေနေ့(၁၂.၉.၂၀၂၀)မနက် ၈ နာရီကတည်းက Darbhanga ပြည်နယ်ကနေ ဘက်စ်ကားစီးပြီး ထွက်လာခဲ့ရတာပါ။ လမ်းမှာ ကား သုံးခါချိန်းစီးရပါတယ်။ Kolkata မြို့ကို ရောက်ဖို့ နောက်ဆုံး Patna မြို့ကနေ ကားစီးတဲ့အချိန်

လာတဲ့လမ်းမှာ ကားတွေ အရမ်းပိတ်ခဲ့လို့ ၆ နာရီလောက် နောက်ကျခဲ့ရပါတယ်။ Kolkata မြို့က Sealdah ဂိတ်ကို ရောက်တော့ ၁ နာရီနဲ့ ၆ မိနစ်ရှိနေပါပြီ။ ကားဆိုက်ဆိုက်ချင်း တက္ကစီငှားပြီး စာမေးပွဲဖြေဖို့ ထွက်လာခဲ့ရတာပါ။

သတ်မှတ်ထာတဲ့ အချိန်ထက် ၁၀ မိနစ်ပံနောက်ကျခဲ့တာပါ။ အခုတော့ တစ်နှစ်အချိန်ပုပ်သွားတာပါပဲ”လို့ Santosh က ပြောကြားခဲ့ပါတယ်။ ခရက်ဒစ်