အသက္​အရြယ္​​ေၾကာင္​့ပဲျဖစ္​ျဖစ္​ မွတ္​ဉာဏ္​​ေၾကာင္​့ပဲျဖစ္​ျဖစ္​ ​ခဏ ခဏသတိ​ေမ့တက္​ေသာ သူေတြအတြက္ နည္းလမ္းေကာင္းမ်ား

ခဏခဏေမ့တက္တဲ့သူေတြကို ႀကဳံဖူးၾကမယ္ ထင္ပါတယ္။ စကာေျပာေနရင္းနဲ႔ ဘာေျပာရမလဲဆိုတာကို ေမ့သြားတာ၊ ဆိုင္ကယ္ေသာ့ အိမ္ေသာ့ထားတဲ့ေနရာေတြ ေမ့သြားတာ စသျဖင့္ ေမ့တက္တဲ့သူေတြရွိပါတယ္။

အသက္ႀကီးသြားလို႔ မွတ္ဉာဏ္မေကာင္းေတာ့ျခင္းကလည္းေကာင္းတဲ့ အရာ မဟုတ္ပါဘူး။ ဒီေန႔ ​ေမ့တက္တဲ့သူေတြအတြက္ နည္းလမ္းေကာင္းေလးေတြအေၾကာင္းေျပာျပေပးသြားမွာပါ။

၁။ ဦးေႏွာက္က်န္းမာေရးအတြက္ ေထာက္အကူျပဳတဲ့ အစားအစာေတြစားေပးပါ ဘလူးဘယ္ရီသီးဟာဆိုရင္ ဦးေႏွာက္လုပ္ေဆာင္ခ်က္၊ မွတ္ဉာဏ္ အလုပ္လုပ္ႏိုင္စြမ္း၊ ဦးေႏွာက္ကိုေသြးေရာက္ရွိမႈနဲ႔ ဉာဏ္စြမ္းအသုံးခ်ေနခ်ိန္ ဦးေႏွာက္ရဲ႕လႈပ္ရွားမႈတို႔ကို ေကာင္းေစပါတယ္။

ဒီလိုပဲ သစ္ၾကားသီးဟာလည္း မွတ္ဉာဏ္၊ အာ႐ုံစူးစိုက္ႏိုင္စြမ္းနဲ႔ အခ်က္အလက္တုံ႔ျပန္အသုံးခ်ႏိုင္တဲ့ျမန္ႏႈန္းတို႔မွာ တိုးတက္ေကာင္းမြန္ေစပါတယ္။ ေထာပတ္သီး၊ ေခ်ာကလက္၊ ကဖင္း စတာေတြလည္း စားလို႔ရပါတယ္။

ဒါေပမယ့္ ျပဳျပင္စီမံထားတာေတြ၊ ျပည့္ဝဆီ၊ အသြင္ေျပာင္းဆီေတြနဲ႔ အခ်ိဳမ်ားတာေတြကို ေရွာင္ပါ။ အက်ိဳးျပဳအဆီဓာတ္ Omega-3 fatty acid ပါတဲ့အစားအေသာက္ေတြက ဦးေႏွာက္နဲ႔မွတ္ဉာဏ္ကို အားျဖည့္ေပးပါတယ္။

၂။ အိပ္ေရးဝဝအိပ္ပါ အ႐ြယ္ေရာက္ၿပီးလူတစ္ေယာက္ဟာ တစ္ညကို အိပ္ခ်ိန္ (၇) နာရီကေန (၉) နာရီအတြင္းရွိဖို႔ လိုအပ္ပါတယ္။ အိပ္စက္ျခင္းက ကာလတိုမွတ္ဉာဏ္နဲ႔ ကာလရွည္မွတ္ဉာဏ္တို႔ကို စုစည္းခိုင္မာေစဖို႔ အကူအညီေပးပါတယ္။

အိပ္စက္ၿပီးတဲ့ေနာက္ အခ်က္အလက္ေတြကို ေနရာခ်ထား သိမ္းဆည္းတာနဲ႔ မွတ္ဉာဏ္ လုပ္ေဆာင္ခ်က္ေတြ မွာ ပိုမိုေကာင္းမြန္လာပါတယ္။

၃။ လႈပ္ရွားမႈရွိေနပါေစ ကိုယ္လက္လႈပ္ရွားမႈေၾကာင့္ ဦးေႏွာက္ ထဲမွာ ေအာက္ဆီဂ်င္ပမာဏကို တိုးေစၿပီး စိတ္ဖိစီးမႈေဟာ္မုန္းေတြကိုေလ်ာ့က်ေစတယ္၊ ဦးေႏွာက္တြင္း

အက်ိဳးျပဳဓာတုပစၥည္းေတြရဲ႕သက္ေရာက္မႈအစြမ္းကို တိုးျမင့္ေစပါတယ္။ လႈပ္ရွားမႈအတြင္း ေဟာ္မုန္းတခ်ိဳ႕ထြက္ရွိမႈ ျမင့္တက္လာၿပီး မွတ္ဉာဏ္ကို ေကာင္းမြန္ေစပါတယ္။

၄။ စိတ္ေျဖေလွ်ာ့ပါ ကာလတာရွည္ေနတဲ့ စိတ္ဖိစီးမႈက ဦးေႏွာက္ကို ေကာင္းက်ိဳး မေပးပါဘူး။ အခ်ိန္ၾကာလာတာနဲ႔အမွ် ဦးေႏွာက္ဆဲလ္ေတြကို ပ်က္စီးေစၿပီး မွတ္ဉာဏ္ဆုတ္ယုတ္ေစႏိုင္တယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈကိုအရင္ေျဖရွင္းတာက

မွတ္ဉာဏ္ျပန္ေကာင္းေစဖို႔ နည္းလမ္းေကာင္း တစ္ခုျဖစ္ပါတယ္။ တရားထိုင္တာ၊ သီခ်င္း နားေထာင္တာေတြက စိတ္ဖိစီးမႈကို သက္သာေစတဲ့ နည္းလမ္းေတြပါ။ ဒါမွမဟုတ္ စိတ္ေျပလက္ေပ်ာက္ ကိုယ္ဝါသနာပါရာတစ္ခုခုကို လုပ္လို႔လည္း ရပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ခဏခဏမေ့တက်တဲ့သူတွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ စကာပြောနေရင်းနဲ့ ဘာပြောရမလဲဆိုတာကို မေ့သွားတာ၊ ဆိုင်ကယ်သော့ အိမ်သော့ထားတဲ့နေရာတွေ မေ့သွားတာ စသဖြင့် မေ့တက်တဲ့သူတွေရှိပါတယ်။

အသက်ကြီးသွားလို့ မှတ်ဉာဏ်မကောင်းတော့ခြင်းကလည်းကောင်းတဲ့ အရာ မဟုတ်ပါဘူး။ ဒီနေ့ မေ့တက်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေအကြောင်းပြောပြပေးသွားမှာပါ။

၁။ ဦးနှောက်ကျန်းမာရေးအတွက် ထောက်အကူပြုတဲ့ အစားအစာတွေစားပေးပါ ဘလူးဘယ်ရီသီးဟာဆိုရင် ဦးနှောက်လုပ်ဆောင်ချက်၊ မှတ်ဉာဏ် အလုပ်လုပ်နိုင်စွမ်း၊ ဦးနှောက်ကိုသွေးရောက်ရှိမှုနဲ့ ဉာဏ်စွမ်းအသုံးချနေချိန် ဦးနှောက်ရဲ့လှုပ်ရှားမှုတို့ကို ကောင်းစေပါတယ်။

ဒီလိုပဲ သစ်ကြားသီးဟာလည်း မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ အချက်အလက်တုံ့ပြန်အသုံးချနိုင်တဲ့မြန်နှုန်းတို့မှာ တိုးတက်ကောင်းမွန်စေပါတယ်။ ထောပတ်သီး၊ ချောကလက်၊ ကဖင်း စတာတွေလည်း စားလို့ရပါတယ်။

ဒါပေမယ့် ပြုပြင်စီမံထားတာတွေ၊ ပြည့်ဝဆီ၊ အသွင်ပြောင်းဆီတွေနဲ့ အချိုများတာတွေကို ရှောင်ပါ။ အကျိုးပြုအဆီဓာတ် Omega-3 fatty acid ပါတဲ့အစားအသောက်တွေက ဦးနှောက်နဲ့မှတ်ဉာဏ်ကို အားဖြည့်ပေးပါတယ်။

၂။ အိပ်ရေးဝဝအိပ်ပါ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ တစ်ညကို အိပ်ချိန် (၇) နာရီကနေ (၉) နာရီအတွင်းရှိဖို့ လိုအပ်ပါတယ်။ အိပ်စက်ခြင်းက ကာလတိုမှတ်ဉာဏ်နဲ့ ကာလရှည်မှတ်ဉာဏ်တို့ကို စုစည်းခိုင်မာစေဖို့ အကူအညီပေးပါတယ်။

အိပ်စက်ပြီးတဲ့နောက် အချက်အလက်တွေကို နေရာချထား သိမ်းဆည်းတာနဲ့ မှတ်ဉာဏ် လုပ်ဆောင်ချက်တွေ မှာ ပိုမိုကောင်းမွန်လာပါတယ်။

၃။ လှုပ်ရှားမှုရှိနေပါစေ ကိုယ်လက်လှုပ်ရှားမှုကြောင့် ဦးနှောက် ထဲမှာ အောက်ဆီဂျင်ပမာဏကို တိုးစေပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကိုလျော့ကျစေတယ်၊ ဦးနှောက်တွင်း

အကျိုးပြုဓာတုပစ္စည်းတွေရဲ့သက်ရောက်မှုအစွမ်းကို တိုးမြင့်စေပါတယ်။ လှုပ်ရှားမှုအတွင်း ဟော်မုန်းတချို့ထွက်ရှိမှု မြင့်တက်လာပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။

၄။ စိတ်ဖြေလျှော့ပါ ကာလတာရှည်နေတဲ့ စိတ်ဖိစီးမှုက ဦးနှောက်ကို ကောင်းကျိုး မပေးပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပြီး မှတ်ဉာဏ်ဆုတ်ယုတ်စေနိုင်တယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုအရင်ဖြေရှင်းတာက

မှတ်ဉာဏ်ပြန်ကောင်းစေဖို့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ တရားထိုင်တာ၊ သီချင်း နားထောင်တာတွေက စိတ်ဖိစီးမှုကို သက်သာစေတဲ့ နည်းလမ်းတွေပါ။ ဒါမှမဟုတ် စိတ်ပြေလက်ပျောက် ကိုယ်ဝါသနာပါရာတစ်ခုခုကို လုပ်လို့လည်း ရပါတယ်။ ခရက်ဒစ်