ယခုလက်​ရှိ ကျွန်​​တော်​တို့နိုင်​ငံကြီးမှာ နိမိတ်ဆိုးတစ်ခု ​ခေတ်စားနေပြန်ပြီ








အခုလိုရောဂါကပ်ဘေးကြီးဆိုက်နေချိန်မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းကုသိုလ်အား ကံအားတွေ ကောင်းဖို့ အရေးကြီးလိုအပ်နေပါတယ် ပြုလုပ်သင့်ဆုံးက ”ဗုဒ္ဓဘုရားရှင်အပြုံးက ၃၁ ဘုံမှာ အသပ်ပါယ်ဆုံး”လို့

ဗုဒ္ဓဘုရားရှင်ပုံတော်နဲ့ ပိုစ့်တင်ကုသိုလ်ပွားခဲ့ရင် ကုသိုလ်၏ တူသောအကျိုးပေးစွမ်းကြောင့် လှလှပပ ပြုံးပျော်နိုင်တဲ့ဘဝမျိုးကိုယ်ဆီရရှိနိုင်ကြောင်း တွေမိပါတယ်။ အားလုံးအမြန်ပြုပြင်နိုင်ကြပါစေ။ ခရက်ဒစ် အရှင်ဇဝနဉာဏ

ယူနီကုဒ်ဖြင့် ဖတ်ရန်

နိမိတ်ဆိုးတစ်ခုခေတ်စားနေပြန်ပြီ။ ငါ့အပြုံးက ၃၁ ဘုံမှာ အလှဆုံးတဲ့။ အခုရက်ပိုင်း ဖေ့စ်ဘွတ်ပေါ်မှာ ပေါ်ပေါက်လာတဲ့ ဝေါဟာရ တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်မပြောမဖြစ်မို့ ပြောပါရစေ မကြိုက်လို့

မုန်းမယ်ဆိုလဲ မုန်းကြပါတော့ ထိုဝေါဟာရအသုံးနှုန်းတစ်ခုဟာ အခုလို မြန်မာပြည်ကြီး ကိုဗစ်ကပ်မုန်းတိုင်းထန်နေချိန်မျိုးမှာ မိမိကိုယ်ကို အဆိပ်ခပ်လိုက်တဲ့အသုံးနှုန်းမျိုးဆိုတာ လူအချို့မသိကြဘူး အဲ့ဒီ့အသုံးနှုန်းပေါ်

သာယာနေကြတယ် ”တစ်ချက်ထဲ ဘုန်းနဲ့ကံကိုရိုက်ချလိုက်သလိုမျိုးအဖြစ်ကို တွေးမိရင်းစိတ်မကောင်းဖြစ်မိပါတယ်။ လောကမှာ မနှိုင်းယှဉ်အပ်တဲ့အရာတွေ မသုံးနှုန်းအပ်တဲ့အရာတွေ မတောင်းတအပ်တဲ့အရာတွေရှိကြပါတယ်

ရာဇဝင်မှာဘုန်းကံအလွန်းကြီးတဲ့ ပုဂံပြည်ရှင်အလောင်းစည်သူမင်းကြီးဟာ ”ဘေးတော်၊ ဘိုးတော်တို့ကား ငါကဲ့သို့ဘုန်းမကြီးလေ”ဟူသောမနှိုင်းယှဉ်မသုံးနှုန်းအပ်သောစကားကို နှိုင်းယှဉ်သုံးနှုန်းခဲ့မိလို့ မျက်စီနှစ်ကွင်း

အလင်းကွယ်တော်မူခဲ့ရရှာတယ်၊ အလောင်းစည်သူမင်းကြီး နှိုင်းယှဉ် သုံးနှုန်းလိုက်တာ ”လူမင်း မင်းခြင်း ” လောက်သာသုံးနှုန်းခဲ့တဲ့ အမှားနော် ‘ငါ့အပြုံးက ၃၁ ဘုံမှာ အလှဆုံး”ဆိုတဲ့အသုံးနှုန်းမျိုးကို သေချာနဖူးပေါ်လက်တင်

စဉ်းစားကြည့်ပါ ဗုဒ္ဓဘာသာဝင်တွေအတွက် ၃၁ဘုံမှာ အမြတ်ဆုံး အသပ်ပါယ်ဆုံးကမည်သူနည်း။ ကိုယ်ရဲ့အသုံးနှုန်းက ဘယ်လိုပုဂ္ဂိုလ်မျိုးနဲ့သွားနှိုင်းယှဉ်မိသွားသလဲ။ ဒီအသုံးနှုန်းပေါ် အမှန်ထင်နေသ၍ ကျေနပ်နှစ်သက်နေသ၍

ကြီးလေးသော အကုသိုလ်ကံထိုက်၍ သမာဒေဝနတ်ကောင်းနတ်မြတ်တို့စွန့်ပယ်ခြင်း ဝိဇ္ဇာ သူတော်စဉ်တို့၏ စွန့်ပစ်ခြင်းကို ခံရတော့မည်။ ”အမှားကို ပြင်ကြ ဘုရားရှင်ထံ ရှစ်ခိုးတောင်းပန်ကန်တော့ လိုက်ကြပါ”

အခုလိုရောဂါကပ်ဘေးကြီးဆိုက်နေချိန်မြန်မာနိူင်ငံသူ နိူင်ငံသားအပေါင်းကုသိုလ်အား ကံအားတွေ ကောင်းဖို့ အရေးကြီးလိုအပ်နေပါတယ် ပြုလုပ်သင့်ဆုံးက ”ဗုဒ္ဓဘုရားရှင်အပြုံးက ၃၁ ဘုံမှာ အသပ်ပါယ်ဆုံး”လို့

ဗုဒ္ဓဘုရားရှင်ပုံတော်နဲ့ ပိုစ့်တင်ကုသိုလ်ပွားခဲ့ရင် ကုသိုလ်၏ တူသောအကျိုးပေးစွမ်းကြောင့် လှလှပပ ပြုံးပျော်နိူင်တဲ့ဘဝမျိုးကိုယ်ဆီရရှိနိူင်ကြောင်း တွေမိပါတယ်။ အားလုံးအမြန်ပြုပြင်နိူင်ကြပါစေ။ ခရက်ဒစ် အရှင်ဇဝနဉာဏ