သင္အခ်စ္​ရဆုံး​ေသာ ခ်စ္သူဆီမွာ ေနာက္ထပ္​တစ္ေယာက္ရွိေနေၾကာင္းကုိ ဒီအခ်က္ေတြၾကည့္​ရင္ သိနိုင္ပါၿပီ

သင့္ခ်စ္သူမွာ ေနာက္တစ္ေယာက္ရွိေနေၾကာင္း ဒီအခ်က္ေတြျကည့္ရင္ သိနိုင္ပါတယ္။ အခ်စ္စစ္ဆိုတာကို မဆုံေတြ႕သေ႐ြ႕ သင့္အခ်စ္ေရးက မေခ်ာေမြ႕တတ္ပါဘူး။ ခ်စ္သူ ရွိထားေပမယ့္လည္း အခ်စ္ေရး ကံမေကာင္းသူေတြ ရွိေနပါတယ္။

ကိုယ္နဲ႔ ခ်စ္သူျဖစ္ေနရက္နဲ႔ ကိုယ့္ခ်စ္သူက ေနာက္တစ္ေယာက္ကို ခ်စ္သြားတာမ်ိဳး ႀကဳံရတတ္သလို ေနာက္တစ္ေယာက္ကို စိတ္ကစားတာမ်ိဳးလည္း ႀကဳံရတတ္ပါေသးတယ္။ ဒီလို အေျခအေန ရွိမရွိကို ဒီလို အခ်က္ေတြကေန အကဲခတ္သိနိုင္ပါတယ္ေနာ္။

(၁) မူပ်က္ေနတယ္။ ။ ပုံမွန္ ကိုယ္နဲ႕ ေျပာစရာရွိတာေျပာ၊ သြားစရာရွိတာ အတူသြား၊ တိုင္ပင္စရာရွိတာ တိုင္ပင္၊ ကိုယ့္ ဒီေန႔သြားစရာ လုပ္စရာေတြကို ေျပာတတ္ေနတဲ့ အေျခအေနကေန ႐ုတ္တရက္ ဘာမွမေျပာေတာ့တာမ်ိဳးက ၾကာေနၿပီ။

အဆင္မေျပတာ ရွိလား ေမးရင္လည္း ရွိသလို မရွိသလို ေရေရရာရာမရွိျဖစ္ေနတတ္ပါတယ္ တစ္ျခားသူေတြနဲ႔က် ပုံမွန္အတိုင္းျဖစ္ေနၿပီး ကိုယ္နဲ႔မွ မူပ်က္ေနတာက အသစ္ေတြ႕ေနလို႔ ျဖစ္နိုင္ပါတယ္။ (၂) ေရွာင္လာတယ္။ ။ ျပႆနာလည္း မရွိပါဘဲ သူ႕ဘက္က မအားလပ္တာလည္း

မဟုတ္ဘဲနဲ႔ သင့္ကို အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ေရွာင္ေနတာမ်ိဳးက သင့္ထက္ တျခား စိတ္ဝင္စားစရာ ေတြ႕ေနတာေၾကာင့္ ျဖစ္ပါတယ္။ ကိစၥေတြရွိလို႔ ေရွာင္တတ္တာမ်ိဳး ျဖစ္နိုင္ေပမယ့္ တကယ္တမ္း အဲ့လို မရွိပါဘဲ တမင္အေၾကာင္းျပတာမ်ိဳး ဆိုရင္ေတာ့ ေသခ်ာသေလာက္ ရွိပါတယ္ေနာ္။

(၃) အျပစ္တင္စရာ မဟုတ္တာကို တင္လာတယ္။ ။ တကယ္က ကိုယ့္ဘက္က သူ ပုံမမွန္ျဖစ္ေနလို႔၊ မူပ်က္ေနလို႔ေမးရင္ စိတ္ညစ္ေနလို႔ စိတ္ရႈပ္စရာရွိလို႔ ေျပာၿပီး ကိုယ့္ကို တစ္ေယာက္တည္းလႊတ္ထားေပးပါ ဘာညာေျပာၿပီး ကိုယ္မဟုတ္တဲ့ တစ္ျခားသူ အကုန္လုံးနဲ႔က်

ဘာမွမျဖစ္သလို ေပ်ာ္ပါးေနတာမ်ိဳး ေတြ႕ရမွာပါ။ ဒီလိုဆိုၿပီး ကိုယ္က သူ႔ကို ေမးျမန္းစစ္ေဆးလာရင္ မင္းက နားလည္မေပးတတ္ဘူး မင္းအတြက္ပဲသိတယ္ စတဲ့ အျပစ္တင္မႈေတြ ႀကဳံလာတတ္ပါတယ္။ ဒါက ေနာက္တစ္ေယာက္ေတြ႕ေနလို႔ သင့္အေပၚ

အျမင္မၾကည္ျဖစ္ေနတာ ျဖစ္ေနနိုင္ပါတယ္။ (၄) အခ်ိန္မေပးေတာ့ဘူး။ ။ နဂိုဆို မုန့္တူတူစားတာနဲ႕ ညဘက္ စကားေျပာတတ္တာေတြရွိေပမယ့္ အခုဆို ကိုယ့္ကို အေၾကာင္းေတြျပၿပီး ေရွာင္တတ္လာမွာပါ။ အခ်ိန္မေပးလို႔ ေျပာမိရင္လည္း အၿမဲ အခ်ိန္ကေပးေနရမွာလား

ဒီေလာက္ေတာင္ နားမလည္တတ္ဘူးလား စသျဖင့္ အျပစ္ျမင္ေနတတ္ပါတယ္။ (၅) ဖုန္းေပးမကိုင္ေတာ့ဘူး။ ။ Privacy ဆိုတာကို အေလးထားၾကေပမယ့္ တစ္ေယာက္အေၾကာင္း တစ္ေယာက္ သိေနတဲ့စုံတြဲေတြမွာ တစ္ခါတစ္ေလ ဖုန္းယူကိုင္တာမ်ိဳးက

ထူးျခားတဲ့အရာေတြ မဟုတ္ပါဘူး။ ဒါေပမယ့္ ႐ုတ္တရက္ ဖုန္းေတြ အကိုင္မခံေတာ့ဘူး။ ဖုန္းကို အရိပ္တၾကည့္ၾကည့္ ျဖစ္ေနမယ္။ ကိုယ္ေရွ႕မွာ ဖုန္းမသုံးေတာ့ဘူးဆိုရင္ေတာ့ သူ အသစ္ေတြ႕ေနတာကို သင္ ဖမ္းမိမွာ စိုးရိမ္လို႔ ျဖစ္နိုင္ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

သင့်ချစ်သူမှာ နောက်တစ်ယောက်ရှိနေကြောင်း ဒီအချက်တွေကြည့်ရင် သိနိုင်ပါတယ်။ အချစ်စစ်ဆိုတာကို မဆုံတွေ့သရွေ့ သင့်အချစ်ရေးက မချောမွေ့တတ်ပါဘူး။ ချစ်သူ ရှိထားပေမယ့်လည်း အချစ်ရေး ကံမကောင်းသူတွေ ရှိနေပါတယ်။

ကိုယ်နဲ့ ချစ်သူဖြစ်နေရက်နဲ့ ကိုယ့်ချစ်သူက နောက်တစ်ယောက်ကို ချစ်သွားတာမျိုး ကြုံရတတ်သလို နောက်တစ်ယောက်ကို စိတ်ကစားတာမျိုးလည်း ကြုံရတတ်ပါသေးတယ်။ ဒီလို အခြေအနေ ရှိမရှိကို ဒီလို အချက်တွေကနေ အကဲခတ်သိနိုင်ပါတယ်နော်။

(၁) မူပျက်နေတယ်။ ။ ပုံမှန် ကိုယ်နဲ့ ပြောစရာရှိတာပြော၊ သွားစရာရှိတာ အတူသွား၊ တိုင်ပင်စရာရှိတာ တိုင်ပင်၊ ကိုယ့် ဒီနေ့သွားစရာ လုပ်စရာတွေကို ပြောတတ်နေတဲ့ အခြေအနေကနေ ရုတ်တရက် ဘာမှမပြောတော့တာမျိုးက ကြာနေပြီ။

အဆင်မပြေတာ ရှိလား မေးရင်လည်း ရှိသလို မရှိသလို ရေရေရာရာမရှိဖြစ်နေတတ်ပါတယ် တစ်ခြားသူတွေနဲ့ကျ ပုံမှန်အတိုင်းဖြစ်နေပြီး ကိုယ်နဲ့မှ မူပျက်နေတာက အသစ်တွေ့နေလို့ ဖြစ်နိုင်ပါတယ်။ (၂) ရှောင်လာတယ်။ ။ ပြဿနာလည်း မရှိပါဘဲ သူ့ဘက်က မအားလပ်တာလည်း

မဟုတ်ဘဲနဲ့ သင့်ကို အကြောင်းအမျိုးမျိုးပြပြီး ရှောင်နေတာမျိုးက သင့်ထက် တခြား စိတ်ဝင်စားစရာ တွေ့နေတာကြောင့် ဖြစ်ပါတယ်။ ကိစ္စတွေရှိလို့ ရှောင်တတ်တာမျိုး ဖြစ်နိုင်ပေမယ့် တကယ်တမ်း အဲ့လို မရှိပါဘဲ တမင်အကြောင်းပြတာမျိုး ဆိုရင်တော့ သေချာသလောက် ရှိပါတယ်နော်။

(၃) အပြစ်တင်စရာ မဟုတ်တာကို တင်လာတယ်။ ။ တကယ်က ကိုယ့်ဘက်က သူ ပုံမမှန်ဖြစ်နေလို့၊ မူပျက်နေလို့မေးရင် စိတ်ညစ်နေလို့ စိတ်ရှုပ်စရာရှိလို့ ပြောပြီး ကိုယ့်ကို တစ်ယောက်တည်းလွှတ်ထားပေးပါ ဘာညာပြောပြီး ကိုယ်မဟုတ်တဲ့ တစ်ခြားသူ အကုန်လုံးနဲ့ကျ

ဘာမှမဖြစ်သလို ပျော်ပါးနေတာမျိုး တွေ့ရမှာပါ။ ဒီလိုဆိုပြီး ကိုယ်က သူ့ကို မေးမြန်းစစ်ဆေးလာရင် မင်းက နားလည်မပေးတတ်ဘူး မင်းအတွက်ပဲသိတယ် စတဲ့ အပြစ်တင်မှုတွေ ကြုံလာတတ်ပါတယ်။ ဒါက နောက်တစ်ယောက်တွေ့နေလို့ သင့်အပေါ်

အမြင်မကြည်ဖြစ်နေတာ ဖြစ်နေနိုင်ပါတယ်။ (၄) အချိန်မပေးတော့ဘူး။ ။ နဂိုဆို မုန့်တူတူစားတာနဲ့ ညဘက် စကားပြောတတ်တာတွေရှိပေမယ့် အခုဆို ကိုယ့်ကို အကြောင်းတွေပြပြီး ရှောင်တတ်လာမှာပါ။ အချိန်မပေးလို့ ပြောမိရင်လည်း အမြဲ အချိန်ကပေးနေရမှာလား

ဒီလောက်တောင် နားမလည်တတ်ဘူးလား စသဖြင့် အပြစ်မြင်နေတတ်ပါတယ်။ (၅) ဖုန်းပေးမကိုင်တော့ဘူး။ ။ Privacy ဆိုတာကို အလေးထားကြပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် သိနေတဲ့စုံတွဲတွေမှာ တစ်ခါတစ်လေ ဖုန်းယူကိုင်တာမျိုး

ထူးခြားတဲ့အရာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ရုတ်တရက် ဖုန်းတွေ အကိုင်မခံတော့ဘူး။ ဖုန်းကို အရိပ်တကြည့်ကြည့် ဖြစ်နေမယ်။ ကိုယ်ရှေ့မှာ ဖုန်းမသုံးတော့ဘူးဆိုရင်တော့ သူ အသစ်တွေ့နေတာကို သင် ဖမ်းမိမှာ စိုးရိမ်လို့ ဖြစ်နိုင်ပါတယ်။ ခရက်ဒစ်