နိုင္ငံေတာ္က​ေပး​ေသာ ​ေထာက္ပံ့ေၾကး​ေငြကုိ တခါမွမရဖူး​ေသးတဲ့ မုန႔္ဖက္ထုပ္သည္ မမိုးမိုးေထြး

နိုင္ငံေတာ္ေထာက္ပံ့ေၾကး လုံးဝမရေသးတဲ့ မုန႔္ဖက္ထုပ္သည္ မမိုးမိုးေထြး။ သတင္းေတာ့ထူးပါၿပီ မေန႔ကဒီပုံေလးေတြနဲ႔က်ေနာ္ပိုစ့္တင္လိုက္တာ ဒီေန႔ မိတ္ေဆြတစ္ဦးမွ သတင္းေပးကြန္မန႔္ေရးလာပါတယ္။ ဖုန္းနံပါတ္ပါ ပါတဲ့အတြက္ က်ေနာ္အခုဘဲ

ဖုန္းဆက္ေမးၾကည့္လိုက္ေတာ့ သူမ ေျဖသြားတဲ့အတိုင္း ျပန္လည္တင္ျပေပးပါမယ္။ သူမအမည္က မမိုးမိုးေထြးပါ။ သူမနဲ႔အတူပါလာတဲ့ကေလးက သူမသားပါ။ သားေလးနာမည္က သူရိန္ေထြးလို႔ေခၚပါသတဲ့။ အသက္ ၅ ႏွစ္ေက်ာ္ဘဲရွိပါေသးတယ္။

ေက်ာင္းမေနရေသးပါ။ ကိုဗစ္ၿပီးလို႔ေက်ာင္းေတြျပန္ဖြင့္ရင္ KG တက္လို႔ရပါၿပီ။ သူမ တို႔ေနရပ္လိပ္စာက ၾကည့္ျမင္တိုင္တစ္ဖက္ကမ္း ေအာက္႐ုံရက္ကြက္၊ ေဇယ် သုခလမ္းမွာေနတယ္ေျပာပါတယ္။ အိမ္နံပါတ္မရွိ။ အဲ့ဒိကေန မုန႔္ဖက္ထုပ္သယ္ၿပီး ရန္ကုန္ဘက္မွာ

သားေလးနဲ႔အတူလိုက္ေရာင္းပါတယ္။ ယခု သူမတို႔ကိုေရာင္းခြင့္ပိတ္ထားတယ္လို႔သိရပါတယ္။ ထပ္ၿပီးသိရတာက သူမက Single Mother တစ္ဦးလို႔ဆို ရပါမယ္။ သူမ သားေလးကိုယ္ဝန္ ၆ လမွာ သူ႔အမ်ိဳးသားက စြန႔္ပစ္ထားခဲ့တာ အခုခ်ိန္ထိေပါ့။

ဒါေၾကာင့္ မိသားစုအေနနဲ႔ သူတို႔သားအမိသာရွိပါသတဲ့။ သူတို႔သားအမိဘဲ လုပ္ကိုင္စားေနတဲ့သေဘာေပါ့ဗ်ာ။ ေနာက္ဆုံးတစ္ခ်က္သိရတာ အေတာ္စိတ္မေကာင္းစရာဘဲ။ နိုင္ငံေတာ္အစိုးရမွေထာက္ပံ့ေနေသာ အေျခခံလူတန္းစားေတြအတြက္ ေထာက္ပံ့ေငြကို

သူမ တစ္ျပားမွမရဘူးပါတဲ့။ က်ေနာ္ေသေသခ်ာခ်ာ အႀကိမ္ႀကိမ္ေမးတယ္ သူမ မရေၾကာင္းေျပာပါတယ္။ အသံလဲဖမ္းထားပါတယ္။ သူတို႔ရက္ကြက္အုပ္ခ်ဳပ္ေရးမွုးနဲ႔စကားေျပာခ်ိန္ သက္ေသရေအာင္ပါ။ ဆန္ ၅ ျပည္တစ္ခါ ၃ ျပည္တစ္ခါ ေပါင္း ၈ ျပည္ေတာ့

ရဖူးေၾကာင္းနဲ႔ ေထာက္ပံ့ေငြတစ္ျပားမွမရဘူးေၾကာင္းသူမထံမွ ေသေသခ်ာခ်ာ အတည္ျပဳခ်က္ က်ေနာ္ယူထားပါတယ္၊ အမွန္ေတာ့ နိုင္ငံေတာ္ အစိုးရအေနနဲ႔ အေျခခံလူတန္းစားမ်ားဆိုတဲ့ သတ္မွတ္ခ်က္က ဒီလိုလူတန္းစားေတြကိုရည္ညႊန္းတာ မဟုတ္ဘူးလား။

အားကိုးရမဲ့လင္သားလဲမရွိ လူမမယ္သားေလးကို လက္ဆြဲၿပီး ဝမ္းစာရွာေနရတဲ့ သားအမိက အေျခခံလူတန္းစား မဟုတ္ဘူးလား၊ ဒီသတင္းက်ေနာ္တို႔ဆက္စုံစမ္းလို႔ မွန္ကန္ခဲ့ရင္ အဲ့ဒီ ေအာက္႐ုံရက္ကြက္အုပ္မႉးနဲ႔ စကားေျပာရပါလိမ့္မယ္။

အထက္ပါအေၾကာင္းကိစၥေတြကေတာ့ မုန႔္ဖက္ထုပ္သားအမိနဲ႔ အခုဘဲ က်ေနာ္ဖုန္းေျပာရင္း သိခဲ့ရတဲ့ကိစၥေတြပါ၊ ဆိုေတာ့ မိတ္ေဆြတို႔အေနနဲ႔ သူမ နဲ႔ဆက္သြယ္ၿပီး တိုက္ရိုတ္ကူညီၾကမွာလား။ သို႔မဟုတ္ က်ေနာ္မွတဆင့္ သူမတို႔သားအမိအတြက္

အေျခခံစားကုန္မ်ားကို ဝယ္ျခမ္းပို႔ေပးေစခ်င္သလား ဆႏၵရွိသလို ဆုံးျဖတ္ပါ။ ပုံ ၃ ကေတာ့ သူမ၏ ဖုန္းနံပါတ္နဲ႔တကြ သတင္းေပးလာေသာ ကြန္မန႔္ကို ss တင္ထားတာပါ။ ကိုယ္တိုင္ဆက္သြယ္ေမးျမန္းၾကည့္ေပါ့။ အခုဘဲ မမိုးမိုးေထြး၏ အိမ္ေဘးမွ ထပ္မံေျပာျပခ်က္အရ

မမိုးမိုးေထြးက စာမတတ္ပါ၊ ပထမတစ္ခါ နိုင္ငံေတာ္မွဆန္ေဝေတာ့ သူက စာရင္းသြားေပးပါတယ္ သူ႔အိမ္ေထာင္စုဇယား မွတ္ပုံတင္နဲ႔ေပါ့၊ အဲဒီတုန္းက ဆန္ရခဲ့သတဲ့။ ေနာက္ထပ္ နိုင္ငံေတာ္က ေထာက္ပံ့ေငြေပးေတာ့ သူတို႔လူႀကီးက ဒါ နင့္ေယာကၤ်ားနံမည္နဲ႔

နင္နဲ႔နင့္ေယာကၤ်ားကကြဲေနတာဆိုေတာ့ ေထာက္ပံ့ေငြေပးလို႔မရဆိုၿပီး မေပးေတာ့ဘူးဗ်ာ။ ကဲ ၾကည့္စမ္း ယုတ္မာတာ။ အခု ၂၀၀၀၀ သုံးခါရွိၿပီ။ တစ္ျပားမွမရဘူးတဲ့။ က်ေနာ္ ရက္ကြက္လူႀကီးဖုန္းနံပါတ္ေတာင္းခိုင္းထားပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

နိုင်ငံတော်ထောက်ပံ့ကြေး လုံးဝမရသေးတဲ့ မုန့်ဖက်ထုပ်သည် မမိုးမိုးထွေး။ သတင်းတော့ထူးပါပြီ မနေ့ကဒီပုံလေးတွေနဲ့ကျနော်ပိုစ့်တင်လိုက်တာ ဒီနေ့ မိတ်ဆွေတစ်ဦးမှ သတင်းပေးကွန်မန့်ရေးလာပါတယ်။ ဖုန်းနံပါတ်ပါ ပါတဲ့အတွက် ကျနော်အခုဘဲ

ဖုန်းဆက်မေးကြည့်လိုက်တော့ သူမ ဖြေသွားတဲ့အတိုင်း ပြန်လည်တင်ပြပေးပါမယ်။ သူမအမည်က မမိုးမိုးထွေးပါ။ သူမနဲ့အတူပါလာတဲ့ကလေးက သူမသားပါ။ သားလေးနာမည်က သူရိန်ထွေးလို့ခေါ်ပါသတဲ့။ အသက် ၅ နှစ်ကျော်ဘဲရှိပါသေးတယ်။

ကျောင်းမနေရသေးပါ။ ကိုဗစ်ပြီးလို့ကျောင်းတွေပြန်ဖွင့်ရင် KG တက်လို့ရပါပြီ။ သူမ တို့နေရပ်လိပ်စာက ကြည့်မြင်တိုင်တစ်ဖက်ကမ်း အောက်ရုံရက်ကွက်၊ ဇေယျ သုခလမ်းမှာနေတယ်ပြောပါတယ်။ အိမ်နံပါတ်မရှိ။ အဲ့ဒိကနေ မုန့်ဖက်ထုပ်သယ်ပြီး ရန်ကုန်ဘက်မှာ

သားလေးနဲ့အတူလိုက်ရောင်းပါတယ်။ ယခု သူမတို့ကိုရောင်းခွင့်ပိတ်ထားတယ်လို့သိရပါတယ်။ ထပ်ပြီးသိရတာက သူမက Single Mother တစ်ဦးလို့ဆို ရပါမယ်။ သူမ သားလေးကိုယ်ဝန် ၆ လမှာ သူ့အမျိုးသားက စွန့်ပစ်ထားခဲ့တာ အခုချိန်ထိပေါ့။

ဒါကြောင့် မိသားစုအနေနဲ့ သူတို့သားအမိသာရှိပါသတဲ့။ သူတို့သားအမိဘဲ လုပ်ကိုင်စားနေတဲ့သဘောပေါ့ဗျာ။ နောက်ဆုံးတစ်ချက်သိရတာ အတော်စိတ်မကောင်းစရာဘဲ။ နိုင်ငံတော်အစိုးရမှထောက်ပံ့နေသော အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ငွေကို

သူမ တစ်ပြားမှမရဘူးပါတဲ့။ ကျနော်သေသေချာချာ အကြိမ်ကြိမ်မေးတယ် သူမ မရကြောင်းပြောပါတယ်။ အသံလဲဖမ်းထားပါတယ်။ သူတို့ရက်ကွက်အုပ်ချုပ်ရေးမှုးနဲ့စကားပြောချိန် သက်သေရအောင်ပါ။ ဆန် ၅ ပြည်တစ်ခါ ၃ ပြည်တစ်ခါ ပေါင်း ၈ ပြည်တော့

ရဖူးကြောင်းနဲ့ ထောက်ပံ့ငွေတစ်ပြားမှမရဘူးကြောင်းသူမထံမှ သေသေချာချာ အတည်ပြုချက် ကျနော်ယူထားပါတယ်၊ အမှန်တော့ နိုင်ငံတော် အစိုးရအနေနဲ့ အခြေခံလူတန်းစားများဆိုတဲ့ သတ်မှတ်ချက်က ဒီလိုလူတန်းစားတွေကိုရည်ညွှန်းတာ မဟုတ်ဘူးလား။

အားကိုးရမဲ့လင်သားလဲမရှိ လူမမယ်သားလေးကို လက်ဆွဲပြီး ဝမ်းစာရှာနေရတဲ့ သားအမိက အခြေခံလူတန်းစား မဟုတ်ဘူးလား၊ ဒီသတင်းကျနော်တို့ဆက်စုံစမ်းလို့ မှန်ကန်ခဲ့ရင် အဲ့ဒီ အောက်ရုံရက်ကွက်အုပ်မှူးနဲ့ စကားပြောရပါလိမ့်မယ်။

အထက်ပါအကြောင်းကိစ္စတွေကတော့ မုန့်ဖက်ထုပ်သားအမိနဲ့ အခုဘဲ ကျနော်ဖုန်းပြောရင်း သိခဲ့ရတဲ့ကိစ္စတွေပါ၊ ဆိုတော့ မိတ်ဆွေတို့အနေနဲ့ သူမ နဲ့ဆက်သွယ်ပြီး တိုက်ရိုတ်ကူညီကြမှာလား။ သို့မဟုတ် ကျနော်မှတဆင့် သူမတို့သားအမိအတွက်

အခြေခံစားကုန်များကို ဝယ်ခြမ်းပို့ပေးစေချင်သလား ဆန္ဒရှိသလို ဆုံးဖြတ်ပါ။ ပုံ ၃ ကတော့ သူမ၏ ဖုန်းနံပါတ်နဲ့တကွ သတင်းပေးလာသော ကွန်မန့်ကို ss တင်ထားတာပါ။ ကိုယ်တိုင်ဆက်သွယ်မေးမြန်းကြည့်ပေါ့။ အခုဘဲ မမိုးမိုးထွေး၏ အိမ်ဘေးမှ ထပ်မံပြောပြချက်အရ

မမိုးမိုးထွေးက စာမတတ်ပါ၊ ပထမတစ်ခါ နိုင်ငံတော်မှဆန်ဝေတော့ သူက စာရင်းသွားပေးပါတယ် သူ့အိမ်ထောင်စုဇယား မှတ်ပုံတင်နဲ့ပေါ့၊ အဲဒီတုန်းက ဆန်ရခဲ့သတဲ့။ နောက်ထပ် နိုင်ငံတော်က ထောက်ပံ့ငွေပေးတော့ သူတို့လူကြီးက ဒါ နင့်ယောင်္ကျားနံမည်နဲ့

နင်နဲ့နင့်ယောင်္ကျားကကွဲနေတာဆိုတော့ ထောက်ပံ့ငွေပေးလို့မရဆိုပြီး မပေးတော့ဘူးဗျာ။ ကဲ ကြည့်စမ်း ယုတ်မာတာ။ အခု ၂၀၀၀၀ သုံးခါရှိပြီ။ တစ်ပြားမှမရဘူးတဲ့။ ကျနော် ရက်ကွက်လူကြီးဖုန်းနံပါတ်တောင်းခိုင်းထားပါတယ်။ ခရက်ဒစ်