၁၀၁ ႏွစ္ရွိေနၿပီျဖစ္​ေသာအစ္ကိုျဖစ္သူအား မုန႔္ဖိုးေပး​ေနရင္း ဝမ္းနည္းမ်က္ရည္​ေတြက်ေနခဲ့ရွာတဲ့ ၉၆ ႏွစ္အ႐ြယ္ အဘြားအို (႐ုပ္သံ)

ေမာင္ႏွမေတြဆိုတာက မတည့္အတူေနဆိုသလို အခ်င္းခ်င္းရန္ျဖစ္စကားမ်ားက်ရင္လည္း ခဏအၾကာမွာေတာ့ ျပန္ၿပီးတည့္ေနၾကပါၿပီ။ ကိုယ့္ရဲ႕ဘဝတစ္ေလွ်ာက္လုံးမွာ အၿမဲအတူရွိေနၾကတဲ့သူေတြက ေမာင္ႏွမေတြပါပဲ၊ ဒါေၾကာင့္ ေမာင္ႏွမ၊ မိသားစု ဆိုတဲ့အရာကို ျမတ္ႏိုးတန္ဖိုး

ထားၾကရမွာပါ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံမွာေရပန္းစားေနခဲ့တဲ့ video တစ္ခုမွာဆိုရင္ အသက္ 96 ႏွစ္အ႐ြယ္ အဘြားအို ႏွင့္ 101 ႏွစ္အ႐ြယ္အဘိုးအိုတို႔အၾကာ ေမာင္ႏွမသံေယာဇဥ္ဘယ္ေလာက္ထိခိုင္မာေနလဲဆိုတာကို ေတြ႕ရွိရမွာပါ။ အဆိုပါ မူဘီေလးကိုေတာ့ ေပါက္ေဖာ္

ႀကီးတို႔ႏိုင္ငံ၊ Jiangxi ျပည္နယ္မွာ ႐ိုက္ယူထားခဲ့တာပါ။ Video ထဲမွာေတြ႕ျမင္ရတဲ့အတိုင္း အဘြားအိုဟာအစ္ကိုျဖစ္သူကို ေတြ႕ေတြ႕ခ်င္း ပိုက္ဆံ 200 ယြမ္းကိုခ်က္ခ်င္းထုတ္ၿပီး အစ္ကိုျဖစ္သူကိုေပးခဲ့ပါတယ္။ အစ္ကိုျဖစ္သူက ပိုက္ဆံမယူဘူးဆိုၿပီး သူမရဲ႕လက္ကိုလႈပ္ယမ္းလိုက္ခ်ိန္မွာ

ေတာ့ အဘြားအိုမ်က္ရည္ဝဲသြားခဲ့ပါတယ္။ ထို႔ေနာက္ အဘြားက အစ္ကိုျဖစ္သူရဲ႕ပုခုံးကို လွမ္းပုတ္ခဲ့ပါေတာ့တယ္။ မၾကာခင္မွာဘဲ အဘြားအိုဟာဝမ္းနည္းမ်က္ရည္က်သြားခဲ့ၿပီး သူမရဲ႕မ်က္ရည္ကိုသုတ္ပစ္ခဲ့ရပါတယ္။ သတင္းအရ အဘိုးအိုဟာၿပီးခဲ့တဲ့ စက္တင္ဘာလက တင္ပါးမွ

ာဒဏ္ရာရရွိခဲ့လို႔ ညီမျဖစ္သူကအေတာ္ေလးစိုးရိမ္ေနခဲ့ရတာပါ။ ညီမျဖစ္သူက အစ္ကိုထံသြားလည္ခ်င္ေပမဲ့လည္း သူမရဲ႕အဖ်ားေရာဂါေၾကာင့္ မသြားႏိုင္လို႔၊ အစ္ကိုျဖစ္သူက သူမထံလာေရာက္လည္ပတ္ခဲ့ရတာျဖစ္ပါတယ္။ အစ္ကိုျဖစ္သူကို စေတြ႕ခ်င္မွာပဲ သူမက ‘အစ္ကို ဘယ္နားမွာ

လဲက်ခဲ့တာလဲ‘ ဆိုၿပီးေမးျမန္းခဲ့ပါတယ္။ ထို႔ေနာက္ အစ္ကိုျဖစ္သူကို အစားအေသာက္ေတြဝယ္စားဖို႔ သူမရဲ႕ ယြမ္ 200 ကို ထုတ္ေပးခဲ့ပါေတာ့တယ္။ အဆိုပါျမင္ကြင္းေၾကာင့္ ကားေပၚမွာလိုက္ပါလာခဲ့ၾကတဲ့ အဘိုးအိုရဲ႕သားသမီးေတြ ဝမ္းနည္းမ်က္ရည္က်ခဲ့ရေၾကာင္း သိရွိရပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

မောင်နှမတွေဆိုတာက မတည့်အတူနေဆိုသလို အချင်းချင်းရန်ဖြစ်စကားများကျရင်လည်း ခဏအကြာမှာတော့ ပြန်ပြီးတည့်နေကြပါပြီ။ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာ အမြဲအတူရှိနေကြတဲ့သူတွေက မောင်နှမတွေပါပဲ၊ ဒါကြောင့် မောင်နှမ၊ မိသားစု ဆိုတဲ့အရာကို မြတ်နိုးတန်ဖိုး

ထားကြရမှာပါ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံမှာရေပန်းစားနေခဲ့တဲ့ video တစ်ခုမှာဆိုရင် အသက် 96 နှစ်အရွယ် အဘွားအို နှင့် 101 နှစ်အရွယ်အဘိုးအိုတို့အကြာ မောင်နှမသံယောဇဉ်ဘယ်လောက်ထိခိုင်မာနေလဲဆိုတာကို တွေ့ရှိရမှာပါ။ အဆိုပါ မူဘီလေးကိုတော့ ပေါက်ဖော်

ကြီးတို့နိုင်ငံ၊ Jiangxi ပြည်နယ်မှာ ရိုက်ယူထားခဲ့တာပါ။ Video ထဲမှာတွေ့မြင်ရတဲ့အတိုင်း အဘွားအိုဟာအစ်ကိုဖြစ်သူကို တွေ့တွေ့ချင်း ပိုက်ဆံ 200 ယွမ်းကိုချက်ချင်းထုတ်ပြီး အစ်ကိုဖြစ်သူကိုပေးခဲ့ပါတယ်။ အစ်ကိုဖြစ်သူက ပိုက်ဆံမယူဘူးဆိုပြီး သူမရဲ့လက်ကိုလှုပ်ယမ်းလိုက်ချိန်မှာ

တော့ အဘွားအိုမျက်ရည်ဝဲသွားခဲ့ပါတယ်။ ထို့နောက် အဘွားက အစ်ကိုဖြစ်သူရဲ့ပုခုံးကို လှမ်းပုတ်ခဲ့ပါတော့တယ်။ မကြာခင်မှာဘဲ အဘွားအိုဟာဝမ်းနည်းမျက်ရည်ကျသွားခဲ့ပြီး သူမရဲ့မျက်ရည်ကိုသုတ်ပစ်ခဲ့ရပါတယ်။ သတင်းအရ အဘိုးအိုဟာပြီးခဲ့တဲ့ စက်တင်ဘာလက တင်ပါးမှ

ာဒဏ်ရာရရှိခဲ့လို့ ညီမဖြစ်သူကအတော်လေးစိုးရိမ်နေခဲ့ရတာပါ။ ညီမဖြစ်သူက အစ်ကိုထံသွားလည်ချင်ပေမဲ့လည်း သူမရဲ့အဖျားရောဂါကြောင့် မသွားနိုင်လို့၊ အစ်ကိုဖြစ်သူက သူမထံလာရောက်လည်ပတ်ခဲ့ရတာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကို စတွေ့ချင်မှာပဲ သူမက ‘အစ်ကို ဘယ်နားမှာ

လဲကျခဲ့တာလဲ‘ ဆိုပြီးမေးမြန်းခဲ့ပါတယ်။ ထို့နောက် အစ်ကိုဖြစ်သူကို အစားအသောက်တွေဝယ်စားဖို့ သူမရဲ့ ယွမ် 200 ကို ထုတ်ပေးခဲ့ပါတော့တယ်။ အဆိုပါမြင်ကွင်းကြောင့် ကားပေါ်မှာလိုက်ပါလာခဲ့ကြတဲ့ အဘိုးအိုရဲ့သားသမီးတွေ ဝမ်းနည်းမျက်ရည်ကျခဲ့ရကြောင်း သိရှိရပါတယ်။