ရန္ကုန္ၿမိဳ႕တြင္ အိမ္ျပင္မထြက္ရ​ေသာ အေျခအေနအတြက္ အေျခခံစား​ေသာက္​ကုန္မ်ား ျဖန႔္ျဖဴးေပးႏိုင္ရန္ စီစဥ္ေနၿပီ

ကိုဗစ္ပထမလႈိင္းကာလတြင္ ရိကၡာျဖန႔္ေဝမႈကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး လက္ရွိ ရန္ကုန္တိုင္းေဒသႀကီးတြင္ ကိုဗစ္ေရာဂါျပန႔္ပြားမႈ မ်ားျပားေနျခင္း၊ လုပ္အားေပးခက္ခဲမႈမ်ား ျဖစ္ေပၚေနျခင္းေၾကာင့္ လူအမ်ား စိုးရိမ္ေၾကာင့္ၾကမႈမ်ား ျဖစ္ေပၚေနေၾကာင္း စီးပြားေရးႏွင့္

ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာသည္။ ထို႔ေၾကာင့္ လိုအပ္၍ ရန္ကုန္တြင္ ျပည္သူမ်ားအား မိမိေနအိမ္တြင္သာ ေနထိုင္ေစမည့္အမိန႔္ ထပ္မံထုတ္ျပန္ရမည္ဆိုပါက မိသားစုမ်ားအတြက္ ႏွစ္ပတ္စာခန႔္ စားေသာက္ႏိုင္သည့္

ရိကၡာျဖန႔္ျဖဴး ေပးႏိုင္ေရး စီစဥ္ ေဆာင္႐ြက္ထားရန္ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္တိုင္းေဒသႀကီးအတြင္း Ration စနစ္ ျဖင့္ အေျခခံစားကုန္မ်ား ျဖန႔္ျဖဴးေပးႏိုင္ေရး စီမံေဆာင္႐ြက္ထားရန္ စက္တင္ဘာလ ၂၃ ရက္က Zoom Application ျဖင့္ က်င္းပျပဳလုပ္ေသာ

အစည္းအေဝးတြင္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က လုပ္ငန္းရွင္အသင္းအဖြဲ႕မ်ားကို တိုက္တြန္းေျပာဆိုသည္။ ကိုဗစ္ကူးစက္ေရာဂါ ျပန႔္ပြားမႈေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ရိကၡာျဖန႔္ေဝရန္လိုအပ္ပါက

ျဖန႔္ေဝေပးရန္ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ၫႊန္ၾကားခ်က္ရွိ၍လည္းေကာင္း၊ ကိုဗစ္ဒုတိယလႈိင္းသည္ ရန္ကုန္တိုင္း ေဒသႀကီးတြင္ ပိုမိုႀကံဳေတြ႕ခံစားေနရ၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက လိုအပ္သည့္ကန႔္သတ္မႈမ်ား

ျပဳလုပ္ေန၍လည္းေကာင္း၊ တိုင္းေဒသႀကီးရွိ ျပည္သူမ်ားသို႔ ရိကၡာျဖန႔္ေဝႏိုင္ေရးအတြက္ ရိကၡာဝယ္ယူစုေဆာင္းေရးႏွင့္ ျဖန႔္ျဖဴးမည့္အစီအစဥ္မ်ားကို ညႇိႏႈိင္းေဆြးေႏြးၾကရန္ ၎ကေျပာဆိုသည္။ ထိုသို႔ လုပ္ေဆာင္ရာတြင္လည္း ျဖန႔္ေဝမည့္ရိကၡာမ်ား အလြယ္တကူရရွိေရးႏွင့္

ရိကၡာျဖန႔္ေဝမႈေၾကာင့္ လူစုလူေဝးမျဖစ္ေစရန္ လုပ္ေဆာင္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနအေနျဖင့္ အေရးေပၚရိကၡာစုေဆာင္းမႈကို အတိုင္းအတာတစ္ခုအထိ စုေဆာင္းၿပီးျဖစ္ရာ ထပ္မံစုေဆာင္းရန္ လိုအပ္သည္မ်ား

ျဖန႔္ျဖဴးေပးေရး အစီအစဥ္မ်ားကို ဝိုင္းဝန္း အႀကံျပဳ ေဆြးေႏြးေပးၾကရန္ ၎ကေျပာဆိုသည္။အဆိုပါ အစည္းအေဝးတြင္ ကိုဗစ္ဒုတိယလႈိင္းသည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ပိုမိုကူးစက္ျပန႔္ပြားေနျခင္းေၾကာင့္ ႏွစ္ပတ္ၾကာခန႔္ ရိကၡာမ်ား ေထာက္ပံ့ေပးႏိုင္ေရး၊

ျပည္သူမ်ားသို႔ စားနပ္ရိကၡာမ်ား ျဖန႔္ျဖဴးႏိုင္ေရးအတြက္ ရိကၡာ ဝယ္ယူစုေဆာင္းေရး၊ ထုတ္ပိုးေရး၊ ျဖန႔္ျဖဴးႏိုင္ေရး၊ ျဖန႔္ေဝမည့္ရိကၡာ အစိုအေျခာက္မ်ား အလြယ္တကူ ဝယ္ယူရရွိႏိုင္ေရးႏွင့္ ျဖန႔္ေဝမႈေၾကာင့္ လူစုလူေဝး မျဖစ္ေပၚေစေရးတို႔ကို ေဆြးေႏြးခဲ့ၾကသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုဗစ်ပထမလှိုင်းကာလတွင် ရိက္ခာဖြန့်ဝေမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ရောဂါပြန့်ပွားမှု များပြားနေခြင်း၊ လုပ်အားပေးခက်ခဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူအများ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့်

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။ ထို့ကြောင့် လိုအပ်၍ ရန်ကုန်တွင် ပြည်သူများအား မိမိနေအိမ်တွင်သာ နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက မိသားစုများအတွက် နှစ်ပတ်စာခန့် စားသောက်နိုင်သည့်

ရိက္ခာဖြန့်ဖြူး ပေးနိုင်ရေး စီစဉ် ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ် ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရန် စက်တင်ဘာလ ၂၃ ရက်က Zoom Application ဖြင့် ကျင်းပပြုလုပ်သော

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လုပ်ငန်းရှင်အသင်းအဖွဲ့များကို တိုက်တွန်းပြောဆိုသည်။ ကိုဗစ်ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိက္ခာဖြန့်ဝေရန်လိုအပ်ပါက

ဖြန့်ဝေပေးရန် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားချက်ရှိ၍လည်းကောင်း၊ ကိုဗစ်ဒုတိယလှိုင်းသည် ရန်ကုန်တိုင်း ဒေသကြီးတွင် ပိုမိုကြုံတွေ့ခံစားနေရ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်သည့်ကန့်သတ်မှုများ

ပြုလုပ်နေ၍လည်းကောင်း၊ တိုင်းဒေသကြီးရှိ ပြည်သူများသို့ ရိက္ခာဖြန့်ဝေနိုင်ရေးအတွက် ရိက္ခာဝယ်ယူစုဆောင်းရေးနှင့် ဖြန့်ဖြူးမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြရန် ၎င်းကပြောဆိုသည်။ ထိုသို့ လုပ်ဆောင်ရာတွင်လည်း ဖြန့်ဝေမည့်ရိက္ခာများ အလွယ်တကူရရှိရေးနှင့်

ရိက္ခာဖြန့်ဝေမှုကြောင့် လူစုလူဝေးမဖြစ်စေရန် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရိက္ခာစုဆောင်းမှုကို အတိုင်းအတာတစ်ခုအထိ စုဆောင်းပြီးဖြစ်ရာ ထပ်မံစုဆောင်းရန် လိုအပ်သည်များ

ဖြန့်ဖြူးပေးရေး အစီအစဉ်များကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးကြရန် ၎င်းကပြောဆိုသည်။အဆိုပါ အစည်းအဝေးတွင် ကိုဗစ်ဒုတိယလှိုင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုမိုကူးစက်ပြန့်ပွားနေခြင်းကြောင့် နှစ်ပတ်ကြာခန့် ရိက္ခာများ ထောက်ပံ့ပေးနိုင်ရေး၊

ပြည်သူများသို့ စားနပ်ရိက္ခာများ ဖြန့်ဖြူးနိုင်ရေးအတွက် ရိက္ခာ ဝယ်ယူစုဆောင်းရေး၊ ထုတ်ပိုးရေး၊ ဖြန့်ဖြူးနိုင်ရေး၊ ဖြန့်ဝေမည့်ရိက္ခာ အစိုအခြောက်များ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးနှင့် ဖြန့်ဝေမှုကြောင့် လူစုလူဝေး မဖြစ်ပေါ်စေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။