ဟိုတယ်မှာ Q ဝင်​နေရင်း နှလုံးရောဂါပါရတော့မယ့် သူမရဲ့အဖြစ်ကို ရင်​ဖွင့်​လာခဲ့တဲ့ ရီရီပွင့်ဖြူ
ယူနီကုဒ်ဖြင့်ဖတ်ရန်
သရုပ်ဆောင် ရီရီပွင့်ဖြူကတော့ တစ်ချိန်က ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေများစွာမှာ နေရာယူနိုင် ခဲ့ပြီး အောင်မြင်ခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ရီရီပွင့်ဖြူက လွန်ခဲ့တဲ့ နှစ်တွေကတည်းက အနုပညာ
လောကကနေ အနားယူခဲ့ပြီး သာမာန်လူတစ်ယောက်အဖြစ်သာ နေထိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရီရီပွင့်ဖြူနဲ့ သရုပ်ဆောင် မောင်တို့ရဲ့ အချစ်ရေးလေးကြောင့် ပရိသတ်တွေ စိတ်ဝင်စားမှုကို
အပြည့်အဝရရှိနေတာပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ (၂၃) ရက်နေ့မှာတော့ ရီရီပွင့်ဖြူက မောင့်ရဲ့ တူလေး၊ တူမလေးတွေနဲ့ အတူတူ ဟိုတယ် Q ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရီရီပွင့်ဖြူက ဟိုတယ် Q ဝင်ရင်း
“Reception က ဖုန်းလာရင်း ရင်တုန်ရတာနဲ့ နှလုံးရောဂါရတော့မယ်” ဆိုပြီး သူမရဲ့ ဆေး စစ်ချက်အဖြေတွေကိုများ ပြောလာမလားဆိုပြီး ရင်ခုန်နေရကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ
ပြောလာပါတယ်။ ရီရီပွင့်ဖြူကတော့ လက်ရှိမှာ ဟိုတယ် Q မှာ နေထိုင်ရင်း သူမရဲ့ ဆေးစစ်ချက်အဖြေ ကို စောင့်ဆိုင်းနေတာပဲ ဖြစ်ပါတယ်။ ရီရီပွင့်ဖြူရဲ့ချစ်သူမောင်ကတော့ Positive ဖြစ်ခဲ့တာကြောင့်
ဆေးရုံမှာဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆု တော င်းပေးလိုက်ပါတယ်။