အျပင္မွာကိုယ့္ကိုျမင္တာနဲ႔ ေၾကာက္သြားၾကတာမ်ိဴး​ေတြ ႀကဳံခဲ့ဖူးတယ္လုိ႔ဆိုလာတဲ့ ႏိုင္လူ

ႏိုင္လူကေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ ဘဝတုန္းက ႀကဳံေတြ႕ခဲ့ရတဲ့ အမွတ္တရေတြကို အခုလို ေျပာျပလာပါတယ္။ လူၾကမ္းသ႐ုပ္ေဆာင္အျဖစ္ ပရိသတ္ေတြ သိခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ ႏိုင္လူကေတာ့ သူ႔ရဲ႕ လူၾကမ္းဘဝ ျဖတ္သန္းခဲ့ရတဲ့

အေၾကာင္းေတြကို အခုလို ေျပာျပခဲ့ပါတယ္။ ပရိသတ္ေတြကလည္း အျပင္မွာေတြ႕ရင္ ေရွာင္ဖယ္ ေရွာင္ဖယ္ လုပ္ၾကတယ္လို႔ ေျပာလာပါတယ္။ “ အရင္တုန္းကဆိုရင္ ကိုယ့္ကို လူနဲ႔ နာမည္နဲ႔ တြဲၿပီး မသိၾကဘူး။ ေနာက္က်ေတာ့မွ

လူနဲ႔႐ုပ္ကို တြဲသိလာၾကၿပီးေတာ့ ႐ုပ္ရွင္ထဲမွာပါတဲ့ လူဆိုၿပီးေတာ့ လူေတြက သိလာၾကတာ။ အျပင္သြားရင္ေတာင္ ေကာင္မေလးေတြက ကိုယ့္ဘက္ျခမ္းကေန ေလွ်ာက္ေနရင္းက ကိုယ့္ကိုျမင္ေတာ့ ဟိုဘက္လမ္းကူးသြားတာတို႔၊

ထီးနဲ႔ကြယ္ၿပီးေတာ့ သြားတာတို႔၊ ခရီးသြားရင္ေတာင္ ကိုယ္နဲ႔ခုံအတူတူထိုင္မိတဲ့ မိန္းကေလးတစ္ေယာက္က ကိုယ့္ကိုၾကည့္ၿပီး မ်က္စိမ်က္ႏွာေတြ ပ်က္ၿပီး ေၾကာက္ေနတာမ်ိဳးေတြ ႀကဳံခဲ့ဖူးတယ္။ ကိုယ့္ကိုျမင္တာနဲ႔ ေၾကာက္သြားတဲ့

လူေတြ ႀကဳံခဲ့ရတယ္” လို႔ သူက ဆိုပါတယ္။ သ႐ုပ္ေဆာင္ႏိုင္လူကိုေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ ၂၀ ေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ ခ်စ္ရတဲ့ ဇနီး၊ ခ်စ္ရတဲ့ သမီးေလး နဲ႔ အတူ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝကို တည္ေထာင္ေနတာျဖစ္ပါတယ္။ လက္ရွိမွာလည္း ႏိုင္လူက အႏုပညာအလုပ္ေတြ လုပ္တာ သိပ္မေတြ႕ရေတာ့ပါဘူး။

ယူနီကုဒ္ျဖင့္ဖတ္ရန္

နိုင်လူကတော့ လူကြမ်းသရုပ်ဆောင် ဘဝတုန်းက ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။ လူကြမ်းသရုပ်ဆောင်အဖြစ် ပရိသတ်တွေ သိခဲ့ကြတဲ့ သရုပ်ဆောင် နိုင်လူကတော့ သူ့ရဲ့ လူကြမ်းဘဝ ဖြတ်သန်းခဲ့ရတဲ့

အကြောင်းတွေကို အခုလို ပြောပြခဲ့ပါတယ်။ ပရိသတ်တွေကလည်း အပြင်မှာတွေ့ရင် ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြတယ်လို့ ပြောလာပါတယ်။ “ အရင်တုန်းကဆိုရင် ကိုယ့်ကို လူနဲ့ နာမည်နဲ့ တွဲပြီး မသိကြဘူး။ နောက်ကျတော့မှ

လူနဲ့ရုပ်ကို တွဲသိလာကြပြီးတော့ ရုပ်ရှင်ထဲမှာပါတဲ့ လူဆိုပြီးတော့ လူတွေက သိလာကြတာ။ အပြင်သွားရင်တောင် ကောင်မလေးတွေက ကိုယ့်ဘက်ခြမ်းကနေ လျှောက်နေရင်းက ကိုယ့်ကိုမြင်တော့ ဟိုဘက်လမ်းကူးသွားတာတို့၊

ထီးနဲ့ကွယ်ပြီးတော့ သွားတာတို့၊ ခရီးသွားရင်တောင် ကိုယ်နဲ့ခုံအတူတူထိုင်မိတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ကိုကြည့်ပြီး မျက်စိမျက်နှာတွေ ပျက်ပြီး ကြောက်နေတာမျိုးတွေ ကြုံခဲ့ဖူးတယ်။ ကိုယ့်ကိုမြင်တာနဲ့ ကြောက်သွားတဲ့

လူတွေ ကြုံခဲ့ရတယ်” လို့ သူက ဆိုပါတယ်။ သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။

အခုဆိုရင်တော့ ချစ်ရတဲ့ ဇနီး၊ ချစ်ရတဲ့ သမီးလေး နဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို တည်ထောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။