သမီးဦးေလးကို ေအာင္ျမင္စြာနဲ႔ ေမြးဖြားႏိုင္ခဲ့ျပီျဖစ္​​ေသာ အဆုိ​ေတာ္​မ​ေလး ဆန္းသစ္လ

အဆိုေတာ္ ဆန္းသစ္လကေတာ့ ပထမဦးဆုံးရင္ေသြးေလးကို ေမြးဖြားခဲ့ၿပီလို႔ သိရပါတယ္။ အဆိုေတာ္ ဆန္းသစ္လ ကေတာ့ သမီးဦးေလးကို ေအာင္ေအာင္ျမင္ျမင္ ေမြးဖြားလိုက္ႏိုင္ၿပီျဖစ္ပါတယ္။ ခင္ပြန္းနဲ႔ေန႔နံတူတဲ့ သမီးေလးကို ေမြးဖြားခဲ့တာေၾကာင့္

ဆန္းသစ္လရဲ႕ ခင္ပြန္း ကိုဝင္းျမတ္ကလည္း ဝမ္းသာမဆုံး ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ”ဦးေလးေတြ အန္တီေတြကနာမည္ဝိုင္းစဥ္းစားေပးတယ္ သမီးကေတာ့မရဘူးထြက္ခ်င္ၿပီဆိုၿပီး ဗုဒၶဟူးေန႔ထြက္လာတယ္။ ဘယ္လိုခ်စ္လို႔ ခ်စ္မွန္းမသိဘူး။ ရင္ထဲအသည္းထဲက

လႈိက္ေနေအာင္ခ်စ္တယ္ဆိုတာ သမီးနဲ႔မွပိုသိသလိုပဲ။ မနက္ 6နာရီ44မိနစ္ 23 ရက္ September မွာ၈ ေပါင္နဲ႔ ၂ ေအာင္စ ရွိတဲ့ ဖေအတူ ဗုဒၶဟူးသမီးေလး ေမြးပါၿပီ။ ခ်စ္စရာအရမ္းေကာင္းတဲ့သမီးေလးအတြက္ေက်းဇူးပါ မိန္းမေရ…ပင္ပန္းသြားၿပီ။

မိန္းမကိုေရာ သမီးေလးကိုေရာ ပိုပိုၿပီးခ်စ္ပါ့မယ္” ဆိုၿပီးေတာ့ ကိုဝင္းျမတ္ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ စက္တင္ဘာလ ၂၃ ရက္ေန႔က တင္ခဲ့တာကို ေတြ႕ရပါတယ္။ ဆန္းသစ္လ ကိုယ္တိုင္ကလည္း ကိုယ္ဝန္ရၿပီလို႔ သိရခ်ိန္ကတည္းက သူမရဲ႕ ပထမဆုံးရင္ေသြးေလးကို

သမီးေလး လိုခ်င္ခဲ့တာလို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ သမီးေလးကို ပညာေရးမွာလည္း ထူးခြၽန္ေစခ်င္တာေၾကာင့္ ေက်ာင္းေတြကိုလည္း ေ႐ြးခ်ယ္ စုံစမ္းထားၿပီးသားလို႔ ျဖစ္သလို သမီးေလးနဲ႔ပတ္သက္ၿပီး သူမ စိတ္ကူးထားတာေတြ အမ်ားႀကီးရွိတယ္

လို႔လည္း ေျပာျပခဲ့ပါေသးတယ္။ ဆန္းသစ္လကို ဝါရင့္အဆိုေတာ္ သ႐ုပ္ေဆာင္ ေမ႐ြက္ဝါရဲ႕ သမီးတစ္ေယာက္အျဖစ္ အႏုပညာအသိုင္း အဝိုင္း ကေရာ၊ ပရိသတ္ေတြကပါ သိရွိခဲ့ပါတယ္။ သူမဟာ ဝါရင့္ သ႐ုပ္ေဆာင္ႀကီး ဝါးခယ္မ ရဲေမာင္ ရဲ႕ ေျမးမေလး

တစ္ဦးလည္း ျဖစ္ပါတယ္။ ဆန္းသစ္လက အႏုပညာနဲ႔ ပတ္သက္ၿပီး သီခ်င္းေတြ ဆိုျဖစ္ေနသလို ဓာတ္ပုံေတြလည္း ႐ိုက္ျဖစ္ေနတယ္လို႔ သိရပါတယ္။ သူမဟာ ခင္ပြန္းျဖစ္သူနဲ႔ ခ်စ္သူသက္တမ္း ၃ ႏွစ္မွာ အိမ္ေထာင္ျပဳခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ မဂၤလာပြဲကိုေတာ့

၂၀၁၉ ခုႏွစ္ မတ္လ ၁ ရက္ေန႔က မင္းကြန္း တိပိဋေက က်ာင္း တိုက္မွာရွိတဲ့ ေ႐ႊရတုမဂၤလာခန္းမမွာ မဂၤလာ ဆြမ္းေကြၽးျပဳလုပ္ခဲ့ၿပီး မတ္လ ၃ ရက္ေန႔မွာေတာ့ ျပည္သူ႔ရင္ျပင္အတြင္းက Western Park Ruby မွာ မဂၤလာပြဲျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

အဆိုတော် ဆန်းသစ်လကတော့ ပထမဦးဆုံးရင်သွေးလေးကို မွေးဖွားခဲ့ပြီလို့ သိရပါတယ်။ အဆိုတော် ဆန်းသစ်လ ကတော့ သမီးဦးလေးကို အောင်အောင်မြင်မြင် မွေးဖွားလိုက်နိုင်ပြီဖြစ်ပါတယ်။ ခင်ပွန်းနဲ့နေ့နံတူတဲ့ သမီးလေးကို မွေးဖွားခဲ့တာကြောင့်

ဆန်းသစ်လရဲ့ ခင်ပွန်း ကိုဝင်းမြတ်ကလည်း ဝမ်းသာမဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ”ဦးလေးတွေ အန်တီတွေကနာမည်ဝိုင်းစဉ်းစားပေးတယ် သမီးကတော့မရဘူးထွက်ချင်ပြီဆိုပြီး ဗုဒ္ဓဟူးနေ့ထွက်လာတယ်။ ဘယ်လိုချစ်လို့ ချစ်မှန်းမသိဘူး။ ရင်ထဲအသည်းထဲက

လှိုက်နေအောင်ချစ်တယ်ဆိုတာ သမီးနဲ့မှပိုသိသလိုပဲ။ မနက် 6နာရီ44မိနစ် 23 ရက် September မှာ၈ ပေါင်နဲ့ ၂ အောင်စ ရှိတဲ့ ဖအေတူ ဗုဒ္ဓဟူးသမီးလေး မွေးပါပြီ။ ချစ်စရာအရမ်းကောင်းတဲ့သမီးလေးအတွက်ကျေးဇူးပါ မိန်းမရေ…ပင်ပန်းသွားပြီ။

မိန်းမကိုရော သမီးလေးကိုရော ပိုပိုပြီးချစ်ပါ့မယ်” ဆိုပြီးတော့ ကိုဝင်းမြတ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာလ ၂၃ ရက်နေ့က တင်ခဲ့တာကို တွေ့ရပါတယ်။ ဆန်းသစ်လ ကိုယ်တိုင်ကလည်း ကိုယ်ဝန်ရပြီလို့ သိရချိန်ကတည်းက သူမရဲ့ ပထမဆုံးရင်သွေးလေးကို

သမီးလေး လိုချင်ခဲ့တာလို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သမီးလေးကို ပညာရေးမှာလည်း ထူးချွန်စေချင်တာကြောင့် ကျောင်းတွေကိုလည်း ရွေးချယ် စုံစမ်းထားပြီးသားလို့ ဖြစ်သလို သမီးလေးနဲ့ပတ်သက်ပြီး သူမ စိတ်ကူးထားတာတွေ အများကြီးရှိတယ်

လို့လည်း ပြောပြခဲ့ပါသေးတယ်။ ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီးတစ်ယောက်အဖြစ် အနုပညာအသိုင်း အဝိုင်း ကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး

တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့

၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာ ဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။