အိမ်ပြန်ချိန်ဆိုတာဟာ ဘယ်ဆီ​နေမှန်း​တောင်​ မသိတော့ပါဘူးလို့ ဆိုလာခဲ့တဲ့ ပရဟိတသမားကြီး လူရွှင်​​တော်​ အောင်သော်







ယူနီကုဒ်ဖြင့်ဖတ်ရန်

ယခုလို ကိုဗစ်ကာလအတွင်းမှာ ရောဂါပိုး ကူးစက်မှုနှုန်းဟာလည်း မြင့်တက်လာသလိုပဲ Volunteer အနေနဲ့ လုပ်ဆောင်ပေးကြသူတွေဟာလည်း အများအပြားရှိလို့နေတာပါ။ ဖောင်ဒေးရှင်းများမှ လူအင်အားများနဲ့ အလှူရှင်များရဲ့အလှူတွေ

အထမြောက်စေဖို့ စေတနာဝန်ထမ်းအဖြစ်နဲ့ ထမ်းဆောင်ပေးကြတဲ့ လူတွေအနေနဲ့ကလည်း သူတို့အတွက် အိမ်ပြန်ချိန်ဆိုတာ ဘာမှန်းမသိအောင် ဖြစ်နေကြချိန်လို့ ဆိုရမှာပါ။ ဒီနေ့စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့

GMW Emergency Free Ambulances လူမှုကယ်ဆယ်ရေးအသင်းမှာ အဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေသူ လူရွှင်တော် အောင်သော်ကတော့ “အိမ်ပြန်ချိန် ဘယ်ဆီမှန်းမသိတော့တာ ငါတစ်ယောက်ထဲလား” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်

စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ ပိုးတွေ့လူနာ၊ သံသယရှိလူနာများကို သွားရောက်ခေါ်ဆောင်ပြီး Q ဝင်ဖို့ လုပ်ဆောင်ပေးကြရတဲ့ အောင်သော်ကတော့ တစ်နေ့ထက်တစ်နေ့ များလာတဲ့ ပိုးတွေ့လူဦးရေကြောင့်

မနားနိုင်အောင်ဖြစ်ကာ အိမ်ပြန်ချိန်တွေတောင် မရှိတော့တဲ့ အဖြစ်လေးကို ရေးတင်လာခဲ့တာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း အောင်သော်တို့လို စေတနာ့စိတ်အရင်းခံနဲ့ လူအား၊ စိတ်အားအားလုံးကို နှစ်ကာ ကူညီလုပ်ဆောင်

ပေးနေသူတွေအတွက် အားပေးစကားလေးတွေကို မှတ်ချက်လေးတွေမှာ ရေးခဲ့ပါဦးနော်။ ဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။