ငှါး​ပေးလိုက်​​သော ကားထဲသို့ဘိလပ်​​မြေများ ​ဖျော်​ထည့်​ထားခဲ့တဲ့ သူငယ်ချင်းဖြစ်​သူရဲ့လုပ်​ရပ်​​ကြောင့်​ အံ့သြဆွံ့အခဲ့ရပြီး ဘာ​​ပြောရမှန်းကို မသိတော့တဲ့ကားပိုင်ရှင်ရဲ့အဖြစ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကားထဲကို ဘိလပ်မြေဖျော်ထည့်ဖို့ ငှါးသွားခဲ့တဲ့ သူငယ်ချင်းကြောင့် ဘာပြောလို့ပြောရမှန်း မသိတော့တဲ့ကားပိုင်ရှင်အဖြစ်။ တစ်ခါတစ်လေ ဘယ်လောက်ပဲရင်းနှီးကြတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေဖြစ်နေပါစေ
ကိုယ့်အပေါ် ဆိုးဆိုးရွားရွားအပြုအမှုမျိုးလုပ်ခဲ့ရင်တော့ သူငယ်ချင်းအဖြစ်ဆက်မပေါင်းသင့်ပါဘူး။ ဒီတစ်ခေါက်မှာလည်း အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ပထမဆုံးအလုပ်ဆင်းရမဲ့နေရာကို ကိုယ်ပိုင်ကားနဲ့သွားရောက်ဖို့ပြင်ဆင်ခဲ့ပါတယ်
ထိုအချိန်မှာ ကားနောက်ဖက်ဘော်ဒီထဲ ဘိလပ်မြေတွေအပြည့်ထည့်လျက်သားနဲ့ သူ၏ကားကိုတွေ့ရှိခဲ့ရပါတယ်။ ထို့ကြောင့် ကားငှါးသွားခဲ့တဲ့ သူငယ်ချင်းရဲ့လုပ်ရပ်ကြီးကြောင့် ကားပိုင်ရှင်မှာ အသက်မရှိတော့လောက်အောင်ကို
အံ့သြပြီးစိတ်ဆိုးခဲ့ရကြောင်း အဖြစ်အပျက်တွေကို ဓာတ်ပုံနှင့်တကွ ဆိုရှယ်မီဒီယာပေါ်ဝေမျှခဲ့ပါတယ်။ ထို့အပြင် ကျွန်တော့်ကိုအကြံပေးကြပါအုံး၊ ဒီလူကို ကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး ပို့စ်ကိုဝေမျှထားတာဖြစ်ပါတယ်။
ဓာတ်ပုံထဲမှာတော့ အဆိုပါ အမျိုးသားရဲ့အလုပ်သမားက ဘိလပ်မြေ၊ မဆလာရည်တွေကို ပြန်သယ်ထုတ်နေခဲ့တာပါ။ ကိုယ်သာ ကားပိုင်ရှင်နဲ့နေရာမှာဆိုရင်လည်း အတော်လေးဒေါသထွက်မိမှာပါ၊ အလုပ်က လုပ်နေပေမဲ့လည်း စဉ်းစားဉာဏ်မရှိဘူးဆိုရင်
အလုပ်ထက် ပြန်ပြင်ရမဲ့အမှားကပိုများနေပြီး အချိန်ကုန်လူပင်ပန်းသာဖြစ်ကြမှာပါ။ သူငယ်ချင်းဆိုပေမဲ့လည်း လိုသာထက်ပိုအသုံးချပြီး ခင်မင်ဟန်ဆောင်တဲ့လူတွေရဲ့လုပ်ရပ်က စက်ဆုပ်ရွံရှာဖို့ကောင်းလွန်းလှပါတယ်။ ခရက်ဒစ်