၇ ရက္သားသမီးမ်ားနဲ႔ အတူတကြစုေပါင္းကာ သံဃာေတာ္ ၂၀၈ ပါးအတြက္ ေခတ္သစ္ေဖာင္ေဒးရွင္းမွ ေန႔ဆြမ္း​ကပ္လႉပူေဇာ္ခဲ့ပါတယ္ ဆိုတဲ့ ခ်စ္သုေဝ

ဆရာဝန္အဆိုေတာ္သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ခ်စ္သုေဝကို ပရိသတ္ေတြက ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။ ခ်စ္သုေဝကေတာ့ အဆိုေတာ္လင္းလင္းနဲ႔ သမီးႏွစ္ေယာက္တို႔နဲ႔အတူ သာယာတဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာပါပဲေနာ္။ သူမတို႔ဇနီးေမာင္ႏွံ

ကေတာ့ ေခြၽးႏွဲစာနဲ႔ေခတ္သစ္ေဖာင္းေဒးရွင္းကို တည္ေထာင္ကာ လိုအပ္ေနတဲ့သူေတြအတြက္ တတ္ႏိုင္သေလာက္ေလးေတြကို ကိုယ္တိုင္သြားေရာက္လႉဒါန္းေပးေလ့ရွိပါတယ္။ ေခတ္သစ္ေဖာင္းေဒးရွင္းကို လာေရာက္လႉဒါန္းေပးေလ့ရွိတဲ့ အလႉရွင္ေတြရဲ႕ပုံရိပ္ေလးေတြနဲ႔

ဗီဒီယိုေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဒီေန႔မွာေတာ့ ခ်စ္သုေဝက”COVID-19 ကာလမွာ ဆြမ္းေလာင္းအသင္းမ်ားရပ္နားထားသလို ဆြမ္းခံထြက္ျခင္းမ်ားမျပဳလုပ္ၾကတဲ့ သံဃာေတာ္မ်ားအတြက္ ဆြမ္းအခက္အခဲျဖစ္ေပၚေနခဲ့ပါတယ္။

ဒီအခက္အခဲအတြက္ ေခတ္သစ္ေဖာင္ေဒးရွင္းမွ (၇) ရက္သားသမီးမ်ားႏွင့္စုေပါင္း၍ ဒဂုံၿမိဳ႕နယ္၊ အိမ္ေတာ္ရာတိုက္၊ ဘုန္းေတာ္ႀကီးေက်ာင္း (၂၄) ေက်ာင္းရွိ သံဃာေတာ္ (၂၀၈) ပါးအတြက္ ေန႔ဆြမ္းလႉျဖစ္ခဲ့တယ္။ျပဳခဲ့ရေသာ ကုသိုလ္အစုစုကို ၇ ရက္သားသမီးမ်ား

ထပ္တူရရွိၾကပါေစ။ ေရာဂါကပ္ဆိုးႀကီးကိုလည္း အျမန္ဆုံးေက်ာ္လႊားႏိုင္ပါေစ”လို႔ဆိုၿပီး သံဃာေတာ္မ်ားအတြက္ ေန႔ဆြမ္းကပ္လႉပူေဇာ္ခဲ့တဲ့ပုံရိပ္ေလးေတြကိုလူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးလာခဲ့တာပဲျဖစ္ပါတယ္။ သူမတို႔ေခတ္သစ္ေဖာင္းေဒးရွင္းက ၇ ရက္

သားသမီးမ်ားႏွင့္ စုေပါင္းထားတဲ့ အလႉဒါန ေျမာက္ေအာင္လို႔ ပရိသတ္ေတြကလည္း နတ္လူသာဓု ေခၚဆိုေပးခဲ့ၾကပါအုံးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ေတြအားလုံးသာယာေပ်ာ္႐ႊင္တဲ့ေန႔ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆရာဝန်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ချစ်သုဝေကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ချစ်သုဝေကတော့ အဆိုတော်လင်းလင်းနဲ့ သမီးနှစ်ယောက်တို့နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါပဲနော်။ သူမတို့ဇနီးမောင်နှံ

ကတော့ ချွေးနှဲစာနဲ့ခေတ်သစ်ဖောင်းဒေးရှင်းကို တည်ထောင်ကာ လိုအပ်နေတဲ့သူတွေအတွက် တတ်နိုင်သလောက်လေးတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးလေ့ရှိပါတယ်။ ခေတ်သစ်ဖောင်းဒေးရှင်းကို လာရောက်လှူဒါန်းပေးလေ့ရှိတဲ့ အလှူရှင်တွေရဲ့ပုံရိပ်လေးတွေနဲ့

ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ချစ်သုဝေက”COVID-19 ကာလမှာ ဆွမ်းလောင်းအသင်းများရပ်နားထားသလို ဆွမ်းခံထွက်ခြင်းများမပြုလုပ်ကြတဲ့ သံဃာတော်များအတွက် ဆွမ်းအခက်အခဲဖြစ်ပေါ်နေခဲ့ပါတယ်။

ဒီအခက်အခဲအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ (၇) ရက်သားသမီးများနှင့်စုပေါင်း၍ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ ဘုန်းတော်ကြီးကျောင်း (၂၄) ကျောင်းရှိ သံဃာတော် (၂၀၈) ပါးအတွက် နေ့ဆွမ်းလှူဖြစ်ခဲ့တယ်။ပြုခဲ့ရသော ကုသိုလ်အစုစုကို ၇ ရက်သားသမီးများ

ထပ်တူရရှိကြပါစေ။ ရောဂါကပ်ဆိုးကြီးကိုလည်း အမြန်ဆုံးကျော်လွှားနိုင်ပါစေ”လို့ဆိုပြီး သံဃာတော်များအတွက် နေ့ဆွမ်းကပ်လှူပူဇော်ခဲ့တဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ သူမတို့ခေတ်သစ်ဖောင်းဒေးရှင်းက ၇ ရက်

သားသမီးများနှင့် စုပေါင်းထားတဲ့ အလှူဒါန မြောက်အောင်လို့ ပရိသတ်တွေကလည်း နတ်လူသာဓု ခေါ်ဆိုပေးခဲ့ကြပါအုံးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။